မွန်ဘာဆာမြက်နှင့် အပင်ကြီး ပဲနွယ်ပင်များ ရောနှောစိုက်ပျိုးခြင်း

Image
grass

ယနေ့ခေတ်ကမ္ဘာ့တွင် လူဦးရေသန်း ၇၀၀၀ ရှိလာခဲ့ပြီးဖြစ်ရာ ယခုတိုးပွားနေသည့်အတိုင်း ဆက်လက်တိုးပွားနေပါက အစားအစာများပိုမိုထုတ် လုပ်ရန်မှာ အဓိကလိုအပ်ချက်တစ်ခုဖြစ်ပါသည်။ အကယ်၍ ထိုသို့ပြုလုပ်နိုင်ခြင်းမရှိပါက အစားအစာရှားပါးမှုပြဿနာ ကြုံတွေ့လာရနိုင်ပါသည်။ ထိုကြောင့် နိုင်ငံတကာသည် အစားအစာတိုးမြှင့်ထုတ်လုပ်ရန်အတွက် တွန်းအားပေးလာကြပါသည်။ Food security ဟုခေါ်သော အစားအစာလုံလောက်မှုရှိစေရန်မှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းတွင်ပါဝင်ပတ်သက်နေသူများ၏ အဓိကတာဝန် ဖြစ်ပါသည်။ 

သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကိုထိန်းသိမ်းဖို့ အပင်နှင့်တိရစ္ဆာန် တွဲဖက်စိုက်ပျိုးမွေးမြူကြပါစို့

Image
farm

ကျွန်ုပ်တို့နေထိုင်ရာကမ္ဘာကြီး၌ သက်ရှိသက်မဲ့အရာအားလုံးသည် တစ်ဦးနှင့်တစ်ဦး အပြန် အလှန်အကျိုးပြုရင်း မှီတင်းနေထိုင်လျက်ရှိကြပါသည်။ ယခုအခါတွင် လူသားတို့၏ နေထိုင်မှုစနစ် များကြောင့် သဘာဝဂေဟစနစ်များအပေါ် အကျိုးသက်ရောက်မှုများရှိ၍ တစ်စတစ်စ ချို့ယွင်းလာရသည်ကို တွေ့ရှိရပါသည်။ သဘာဝဂေဟစနစ်ချို့ယွင်းလာမှုသည် လူသားတို့အပေါ်တွင်သာမက သက်ရှိသက်မဲ့အရာအားလုံးကိုပါ ထိခိုက်နစ်နာစေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လုပ်ဆောင်ရ မည့်ကဏ္ဍအလိုက် သဘာဝဂေဟစနစ်ကို ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်လျက်ရှိပါသည်။ 

ယခုနှစ် ဗီယက်နမ်မှ တရုတ် အုန်းသီးတင်ပို့မှု အမေရိကန် ဒေါ်လာ တစ်ဘီလီယံအထိ ရောက်ရှိနိုင်

ယခုလအစောပိုင်းတွင် တရုတ်နိုင်ငံသို့ အေးခဲထားသော ဒူးရင်းသီး၊ လတ်ဆတ်သော အုန်းသီးများနှင့် မိကျောင်းထွက်ကုန်ပစ္စည်းများကို တရားဝင် တင်ပို့ရန် ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့သည် သဘောတူစာချုပ် ၃ ခုကို အပြီးသတ်ချုပ်ဆိုခဲ့သည်။ အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုမှ လယ်ယာထွက်ကုန်များ၏ တင်ပို့မှုပမာဏကို တိုးလာစေရန် မျှော်မှန်းထားသည်။တရုတ်နိုင်ငံတွင် လူဦး ရေ ၁ ဒသမ ၄ ဘီလီယံအထက်ရှိပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းမှ ထွက်ရှိသော အုန်းသီးပမာဏသည် တရုတ်နိုင်ငံအုန်းသီးဝယ်လိုအား၏ ၁၀ ရာ ခိုင်နှုန်းခန့်သာ ဖြည့်ဆည်းပေးနိုင်သည့်အတွက်လတ်ဆတ်သော အုန်းသီးများ တင်ပို့မှု သဘောတူညီချက်သည် ဗီယက်နမ်နိုင်ငံ၏ အုန

ငါးလတာကာလအတွင်း အီရန်မှလယ်ယာထွက်ကုန်တင်ပို့မှု သိသိသာသာ မြင့်တက်လာကြောင်း ဖော်ပြ

စနေနေ့က ထုတ်ပြန်သည့် IRICA ကိန်းဂဏန်းများအရ အီရန်နိုင်ငံသည် ဩဂုတ်လ ၂၁ ရက်အထိ ငါးလတာကာလအတွင်း စိုက်ပျိုးရေးထွက်ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၅၃ ဘီလီယံ ဖိုးခန့် တင်ပို့နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလထက် ၃၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။

ဧပြီလမှ သြဂုတ်လအတွင်း သင်္ဘောဖြင့် ကုန်ပစ္စည်းပမာဏအား ဖြင့် မက်ထရစ်တန် ၂ ဒသမ ၆၅၇ သန်းကျော် တင်ပို့ခဲ့ပြီး ၂၂ ရာခိုင်နှုန်း တိုးလာကြောင်း ကိန်းဂဏန်းများအရ သိရပါသည်။