အာဖရိကဖွံ့ဖြိုးမှုအနည်းဆုံးနိုင်၆ နိုင်ငံအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ကို တရုတ်စတင်

တရုတ်နိုင်ငံမှ အာဖရိကရှိ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ၆ နိုင်ငံအတွက် အကောက်ခွန် ကင်း လွတ်ခွင့်ပြုခြင်းသည်  ၂၅-၁၂-၂၀၂၃ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ကြောင်းနှင့် အဆိုပါ လုပ် ဆောင်ချက်သည် တရုတ်နှင့် အာဖရိကတို့အကြား ကုန်သွယ်မှုကို ပိုမိုအားကောင်းစေမည်ဟု ကျွမ်း ကျင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက မှတ်ချက်ပြုထားကြောင်း ecns.cn သတင်း၌ ဖော်ပြ ထားသည်။

Angola၊ Gambia၊ Congo ၊ Madagascar၊ Mali နှင့် Mauritania တို့မှ ကုန်ပစ္စည်း (၉၈) % ကို ၂၅-၁၂-၂၀၂၃ ရက်နေ့မှစတင်၍ သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပေးမည်ဟု နိုင်ငံတော်ကောင်စီ၏ အကောက်ခွန်ကော်မရှင်က ဒီဇင်ဘာ ၂၆ တွင် ကြေညာခဲ့ကြောင်း သိရှိရသည်။

၂၀၂၄ တွင် သွင်းကုန်၊ ပို့ကုန်များအပေါ် စည်းကြပ်ခွန်များ တရုတ်ချိန်ညှိမည်

တရုတ်နိုင်ငံသည် သွင်းကုန်နှင့် ပို့ကုန်များအပေါ် ကောက်ခံသည့်အခွန်နှုန်းထားများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ စတင်၍ ချိန်ညှိမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၏ အကောက်ခွန်ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရှိရသည်။

ကော်မရှင်က ထုတ်ပြန်သည့် ကြေညာချက်အရ တရုတ်နိုင်ငံသည် ကုန်စည် (၁၀၁၀)မျိုး အပေါ်တွင် Most-Favored Nation Rates (MFN) ထက်နည်းသော သွင်းကုန်ခွန်များကို ကောက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

ဥရုဂွေးနိုင်ငံမှ အမဲသားတင်သွင်းမှု တရုတ်ခွင့်ပြု

တောင်အမေရိကနိုင်ငံနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာစေရန် ကြိုးပမ်း သည့်အနေဖြင့် တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Admini- stration of Customs of China-GACC) သည် ဥရုဂွေးနိုင်ငံမှ အမဲသား ထုတ်ကုန်များ တင်သွင်းရန်အတွက် ခွင့်ပြုချက်ကို ဒီဇင်ဘာ၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။