ယခုနှစ်တွင် အရန်ရိက္ခာသိုလှောင်မှုအနေဖြင့် ကြက်သွန်နီတန်ချိန် ငါးသိန်း ၀ယ်ယူရန် အိန္ဒိယအစိုးရစီစဉ်
အိန္ဒိယအစိုးရက ကြက်သွန်နီဈေးနှုန်းမြင့်တက်လာပါက ဈေးကွက်အတွင်း ဝင်ရောက်ထိန်း ကြောင်းနိုင်စေရန်အတွက် ယခုနှစ်တွင် ကြက်သွန်နီ တန်ချိန် ၅ သိန်း ၀ယ်ယူရန် စီစဉ်နေ ကြောင်း၊ အိန္ဒိယအမျိုးသားစားသုံးသူရေးရာသမဝါယမအဖွဲ့ချုပ် (NCFF) နှင့် အိန္ဒိယအမျိုးသား သမဝါယမနှင့် ဈေးကွက်ရှာဖွေရေးအဖွဲ့ချုပ်(NAFED) ကဲ့သို့သော အေဂျင်စီများသည် အစိုးရကိုယ်စား ကြက်သွန်နီ ကို ၀ယ်ယူမည်ဖြစ်ကြောင်းနှင့် စားနပ်ရိက္ခာနှင့် စားသုံးသူရေးရာဝန်ကြီး ဌာနသည် ယမန်နှစ်က လည်း ကြက်သွန်နီ အရန်ရိက္ခာ တန်ချိန် ၅ သိန်း သိုလှောင်ခဲ့ပြီး ယင်း အနက် တန်ချိန် ၁ သိန်း ကျန် ရှိနေသေးကြောင်း သိရှိရသည်။