အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက် မှုနှုန်းသည် လက်ရှိဘဏ္ဍာနှစ်တွင် ကမ္ဘာလုံးဆိုင်ရာနှင့် ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများကြောင့် အသင့် အတင့်သာရှိမည်ဟု ခန့်မှန်းထားကြောင်းနှင့် ရေတိုအတွင်း တိုးတက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းရန်အတွက် ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများကို မျှတစွာ ပေါင်းစပ်အသုံးပြုရန် လိုအပ်နိုင်ကြောင်း EY အစီရင်ခံစာတစ်စောင်တွင် မေ ၂၈ ရက်က ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံတွင် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များအရ ထုတ်ပေးခဲ့သော ဦးစားပေးအကောက်ခွန်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်အရေအတွက်သည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ၆,၈၄,၇၂၄ စောင်မှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ၇,၂၀,၉၉၆ စောင်အထိ ပုံမှန်တိုးတက် လာနေကြောင်း အစိုးရ၏ အချက်အလက်များအရ သိရပြီး၊ အိန္ဒိယနိုင်ငံမှ တင်ပို့သူများအနေဖြင့် အဆိုပါ ကုန်သွယ် ရေးဆိုင်ရာသဘောတူညီချက်များကိုပိုမိုအသုံးပြုလာကြသည်ကို တွေ့ ရှိရကြောင်း Economic Times က ဖော်ပြသည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အလွန်ပင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ စိုက်ပျိုးမွေးမြူရေးဟုဆိုရာတွင် သီးနှံစိုက်ပျိုးရေး၊ သားငါးမွေးမြူရေး၊ သီးနှံသစ်တောရောနှော စိုက်ပျိုး ရေး စသည့်ကဏ္ဍများ ပါဝင်ပါသည်။ စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် ၂၀၂၃-၂၀၂၄ ခုနှစ် တစ်မျိုးသားလုံး၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) တွင် ၂၃ ဒသမ ၃ ရာခိုင်နှုန်း ပါဝင်နေရာ စိုက်ပျိုးမွေးမြူရေးကို အခြေခံလုပ်ကိုင်လျှက်ရှိသော ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူတို့၏ အခန်းကဏ္ဍသည် အလွန်ပင် အရေး ကြီးလှကြောင်း အထင်အရှားပင်ဖြစ်ပါသည်။ စ
မြေပစ်ပင်ကို မြေချဥ်ပင်၊ တီကျစ်ပင်၊ မျက်ထောင့်ပင်၊ ကုလားချဥ်ပေါင်ပင်ဟု ဒေသအလိုက် အမည်နာမ မျိုးစုံခေါ်ဆို တတ်ကြ၏။ ယင်း၏ အင်္ဂလိပ်အမည်မှာ Little Hogweed ဟု ခေါ်ဆိုကြသကဲ့သို့ Red root, Verdolaga နှင့် Pursley ဟုလည်း ခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ Portulaca oleracea Linn ဖြစ်ပြီး ကိုးနာရီပန်းနှင့်မျိုးရင်းတူသည့် Portulacaceae တွင်ပါဝင်၏။ မြေပစ်ပင်သည် မြောက်အာဖရိကဒေသမှ သဘာဝအတိုင်း စတင် ဖြစ်ထွန်းပြီး ထိုမှ တစ်ဖန် အရှေ့အလယ်ပိုင်း၊ အိန္ဒိယ၊ မလေးရှားနှင့် သြစတြေးလျနိုင်ငံတို့အထိ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ပေါက်ရောက် ဖြစ်ထွန်းလာခဲ့၏။ မြေပစ်ပင်သည် အမေရိကတိုက်သို့ ကိုလံဘတ် မရော