စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၆)

Image
University

ဗာဂဲန်နီကန်တက္ကသိုလ် သည် ကမ္ဘာ့စိုက်ပျိုးမွေးမြူရေးဆိုင်ရာအ ကောင်းဆုံး နံပါတ်တစ် တက္ကသိုလ် ဖြစ်ပါသည်။ လူဦးရေ သန်း ၂၀ လောက်ပဲရှိသည့် ဤနိုင်ငံသေးသေး  က လေး က စိုက်ပျိုးမွေးမြူရေးကို အဆင့်မြင့်ပညာသင်ကြား၊ သုတေ သနပြုမှုမှာ ကမ္ဘာ့ နံပါတ်တစ် ဗိုလ်စွဲထားတာ အလွန်စိတ်ဝင်စားစရာကောင်းပြီး အားကျအတုယူရအောင်ပါ။

(၁) ပထမဆုံးအနေနှင့် တက္ကသိုလ်နှင့်သုတေသနဌာန ပေါင်းထားခြင်းဖြစ်ပါသည်။ စုပေါင်းညှိနှိုင်းဆောင် ရွက်မှု အကျိုးရလဒ် (Synergy Effect; Synergism) ကြောင့်  အတွေးအခေါ်ကောင်းများ စုပေါင်းရရှိသဖြင့် တိုးတက်သွားခြင်းဖြစ်ပါသည်။

ပြည်ပဈေးကွက်ဝင် ကျောက်ပုစွန်များ၏ ထူးခြားသောသဘာဝနှင့်ကျန်းမာရေးကောင်းကျိုးများ

Image
lobster

ကျောက်ပုစွန်(Lobster)များသည် ကြီးမား သောအခွံမာရေ နေသတ္တဝါ (Large Crustaceans)များ ဖြစ်ကြပြီး အခွံလဲတတ်သောသဘာဝ ရှိကြသည်။အခွံလဲနေသည့်ကာလအတွင်း တချို့သည် အားအလုံ အလောက်မရှိ၍ သေကြရသည်။အခွံပြောင်းစဥ်တွင် ကျောက်ပုစွန်သည် ၁၅ ရာခိုင်နှုန်းခန့် သေဆုံးလေ့ရှိသည်။ အခွံတစ်ကြိမ်လဲလျှင် ၁၅ မိနစ်ခန့် ကြာတတ်ပြီး အရွယ်အစားမှာ ၂၀ ရာခိုင်နှုန်းခန့် ကြီးသွားပါ သည်။အသက် ၅-၇ နှစ်ရှိသည့် ကျောက်ပုစွန်များသည် တစ်နှစ်လျှင် ၂၅ ကြိမ်ခန့် အခွံလဲလေ့ရှိပြီး ၄င်းတို့၏အခွံကို ယင်းတို့ကိုယ်တိုင်ပြန်စားကာ ကယ်လ်ဆီယမ်ဓာတ်ကို ရယူပါသည်။ ယင်းတို့၏အခွံ ပြန်မာရန်အတွက် ၈ လခန့် အချိန်ယူရပါသည်။