စိုက်ပျိုးရေးတွင် တစ်ဧကအထွက်တိုးနှုန်းနှင့် အရည်အသွေးကောင်း သော သီးနှံများ ထွက်နှုန်းမြင့်မားလာစေရန်လည်းကောင်း၊မွေးမြူ ရေးတွင်လည်း ကြီးထွားနှုန်း၊ရှင်သန်နှုန်း၊ဥနှုန်း၊မျိုးပွားနှုန်းများ မြင့်မားလာစေရန်လည်းကောင်း ခေတ်မီသိပ္ပံနည်းကျ နည်းပညာများကို တီထွင်အသုံးပြုလာကြပါသည်။
မိုးကျလက်ဖက်၊ သီလရှင်လက်ဖက်၊ ပြည်နိဗ္ဗိန္နလက်ဖက်ဟု အမည်နာမမျိုးစုံခေါ်ဝေါ်ကြသည့်အရွက်မှာ ဒန့်ကျွဲပင်မှ ရရှိပြီး ယင်းကို ပြုပြင်စီမံကာစားသုံးကြခြင်းဖြစ်၏။ ဒန့်ကျွဲပင်၏ အင်္ဂလိပ်အမည်မှာ coffee pod, sickle senna, sickle pod ဟု ခေါ်ဆိုကြ၏။ ယင်း၏ ရုက္ခဗေဒအမည်မှာ Senna tora (L.) Roxb.
ရန်ကုန်ပေါ်ဆန်း စတင်ဝင်ရောက်ခြင်း၊ မြို့တွင်းသုံး ဝယ်ယူမှုများခြင်းကြောင့် တစ်အိတ် ၁၂၅၀၀၀ ကျပ်မှ ၁၃၀၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး ရွှေဘိုပေါ်ဆန်းမှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၄၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မနောသုခဆန်မှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။ ငစိန်ဆန်ဈေးနှုန်းအနေဖြင့် အဝင်နည်းခြင်း၊ လုပ်ငန်းသမား ဝယ် ယူမှု များခြင်းကြောင့် ယခင် အပတ် ၇၀၀၀၀ ကျပ်မှ ၇၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ဇီယာဆန်မှာ အသစ်အဝင်နည်းသေးခြင်း အဝင်ပုံမှန် မြို့တွင်းပုံမှန် ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် အဟောင်
ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်နှုန်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်နှုန်းနှင့် အောက်စတစ်အိတ် လျှင် ၁၁၀၀၀၀ကျပ်နှုန်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၂၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်နှုန်း၊ ဧည့်မထ ဆန်ဟောင်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၆၇၀၀၀ ကျပ် နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၆၆၀၀၀ ကျပ်နှုန်း၊ ငစိန်ဆန် အလတ်စတစ်တင်းခွဲ တစ်အိတ် လျှင် ၇၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ
(ယခင်အပတ်မှအဆက်)
အိန္ဒိယနိုင်ငံ၏ ပုံစံကတစ်မျိုးပါ၊ သူတို့၏ စုစုပေါင်းပြည်နယ် ၂၈-ခုတွင် ပြည်နယ် /တိုင်း (Each State/Province) တွင် စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် အနည်းဆုံး တစ်ခုစီရှိပြီး ပြည်နယ်နာမည် ရှေ့ကထား၍ နာ မည်ခေါ်ဝေါ် လေ့ရှိပါသည်။ ဥပမာ - ဘီဟာပြည်နယ် (Bihar State)ရှိ ဘီဟာစိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (Bihar Agricultural University)၊ ပန်ဂျပ်ပြည်နယ် (Punjab State)ရှိ ပန်ဂျပ် စိုက်ပျိုး မွေးမြူရေးတက္ကသိုလ် (Punjab Agricultural
University)။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်နှင့်အညီ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် အမိနိုင်ငံ၏ အရေးကြီးဆုံးသော အခန်းကဏ္ဍ ဖြစ်ပါသည်။ ခေတ်မီနည်းပညာများ ထွန်းကားလာသည် နှင့်အမျှစက်မှုလယ်ယာသို့ တိုးတက် ဆောင်ရွက်လျှက်ရှိသော်လည်း တောင်သူဦးကြီးများအတွက် နွားမွေးမြူရေးသည် ယနေ့အထိ အရေးပါလျက်ရှိသည်။ မြန်မာနိုင်ငံရှိ နွားများတွင် ဖြစ်ပွားမှုများသော ကူး စက်ရောဂါများမှာ ခွာနာလျှာနာရော ဂါ၊လည်ချောင်းကွဲရောဂါ၊ အရေပြား အကျိတ်နာရောဂါ စသည်တို့ ဖြစ်ပါသည်။ နွားများတွင် ခွာနာလျှာနာရောဂါဖြစ်ပွားပါက လယ်ယာလုပ်ငန်းခွင်တွင် နွားများကို အသုံးမပြုနိုင်ခြင်း၊ နို့ထွက်နှုန်းကျဆင်းသဖြင့် ဝင်ငွေထိခိုက်ခြင်းတို့
အနောက်တောင်မုတ်သုန်နှင့် ကာရီနာစူပါတိုင်ဖွန်းတို့၏ အကျိုးသက် ရောက်မှုများအရ ဘေးအန္တရာယ်ကျရောက်မှုအခြေအနေကို ထုတ်ပြန်ကြေငြာခဲ့ပြီးနောက် ဖိလစ်ပိုင်ကုန် သွယ်ရေးနှင့်စက်မှုဌာနသည် မက်ထရိုမနီလာအတွင်းရောင်းဝယ် ဖောက်ကားလျက်ရှိသည့် အခြေခံ ကုန်စည်များ၏ဈေးနှုန်းများကို ဇူလိုင် ၂၄ ရက်နေ့က သတ်မှတ်လိုက်ကြောင်း သိရသည်။ “ခုလို အကြပ်အတည်းကာလအတွင်း မမျှမတ ဈေးနှုန်းမြင့်တက်မှုမှ စားသုံးသူတွေကို ကာကွယ်နိုင်ဖို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း” ဌာန၏ အတွင်းရေးမှူးဖြစ်သူ ဖရက်ပါစကူရယ်က ပြောကြားသည်။