ရာသီဥတုဖောက်ပြန်မှုနှင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ် မြင့်မားလာမှုများကြောင့် ဂျပန်နိုင်ငံတွင် ဟင်းသီး ဟင်းရွက်ဈေးများ သိသိသာသာမြင့်တက်ခဲ့ကြောင်းသိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ ဇန်နဝါရီလအတွင်း ဟင်းသီးဟင်းရွက်ဈေးနှုန်းများ ၃၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟု ဆိုသည်။ ဂေါ်ဖီထုပ်နှင့် မုန်ညင်းဖြူဈေးနှုန်းများ နှစ်ဆနှင့် သုံးဆအထိ မြင့်တက်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနက ဆီအုန်းကြိတ်ရည် (palm oil mill effluent)၊ အက်စစ်ပါဝင်မှုမြင့်သည့် စားအုန်းဆီအကြွင်း အကျန်နှင့် အသုံးပြုပြီးဆီ တင်ပို့မှုကို ကန့်သတ်သည့် လုပ်ထုံးလုပ် နည်းအသစ်ကို ထုတ်ပြန်ခဲ့ကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်းက သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည့် အဆိုပါ လုပ်ထုံး လုပ်နည်းသည် ယခင်ထုတ်ပြန်ခဲ့သည့် ဆီအုန်းထုတ်ကုန်များတင်ပို့မှု လုပ်ထုံးလုပ်နည်းကို ထပ်မံပြင်ဆင်ခြင်းဖြစ်သည်။
ဗြိတိန်နိုင်ငံမှ ထိပ်တန်းဝယ်ယူသူ ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားမှ အရည်အသွေးမြင့် လယ်ယာထွက်ကုန်များ ချိတ်ဆက်ဝယ်ယူရန် ယခုကာလအတွင်း ကမ္ဘောဒီးယားတွင်ရောက်ရှိနေသည်။
UK အစိုးရ ရန်ပုံငွေဖြင့် UK ကုန်သွယ်မှုမိတ်ဖက်အစီအစဉ် (UKTP) အောက်ရှိ အပြည်ပြည် ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန(ITC)မှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး Phnom Penh၊ Battambang၊ Siem Reap နှင့် Kampong Thom တို့မှ စိုက်ပျိုးထုတ်လုပ်သူများနှင့် UK မှ ဝယ်ယူသူ (၇)ဦးတို့ ချိတ်ဆက် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်၌ ပို့ကုန်တင်ပို့မှုတွင် ပုံမှန်မဟုတ်သော ကျဆင်းမှုများ ဖြစ်ခဲ့ပြီးနောက်တွင် အာလူးတင်ပို့မှုများ ပြန်လည်မြင့်တက်လာကြောင်း သိရှိရသည်။ ပြည်တွင်းဈေးနှုန်းများ ကျဆင်းမှုသည် ပြည်ပတင်ပို့မှုပမာဏကို မြင့်တက်စေခဲ့ကြောင်း ပြီးခဲ့သည့်နှစ်များ၏ တင်ပို့မှုများအရ သိရှိရသည်။ ၂၀၁၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်မှစ၍ ပြီးခဲ့သည့် ၉ နှစ်အတွင်း နှစ်စဉ် ပျမ်းမျှ တင်ပို့မှုမှာ တန်ချိန် ၅၀,၀၀၀ ဝန်းကျင်ရှိကြောင်း စိုက်ပျိုးရေးဆိုင်ရာ တိုးချဲ့ပညာပေးရေးဦးစီးဌာန (DAE)မှ သိရှိရပါသည်။ သို့သော် ပြီးခဲ့သည့်ဘဏ္ဍာ ရေးနှစ်တွင်မူတင်ပို့တန်ချိန်မှာ ၁၂,၁၁၂ အထိ ကျ
မြန်မာနိုင်ငံသည် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှု စတင်နေပြီဟု ပြောင်းကုန်သည်များက ပြောကြား သည်။ ထိုင်းနိုင်ငံသည် ဖေဖော်ဝါရီ ၁ ရက်နေ့မှ သြဂုတ် ၃၁ ရက်နေ့အထိ အကောက်ခွန်မဲ့ (Form D)ဖြင့် ပြောင်းတင်သွင်းမှုအတွက် ခွင့်ပြုထားသည်။
သို့သော် ထိုင်းနိုင်ငံ၏ ပြောင်းစိုက်ရာသီတွင် တင်သွင်းပါက ပြောင်းစိုက်ပျိုးသူများ၏ အခွင့်အရေးကို ကာကွယ်ရန်အတွက် ပြောင်းတင်သွင်းမှုအပေါ် အမြင့်ဆုံးအခွန်နှုန်း ၇၃ ရာခိုင်နှုန်း ချမှတ်ထားကြောင်း သိရှိရသည်။