ဘောစကိုင်း

Image
ဘောစကိုင်း

ဘောစကိုင်းပင်ကို အဝေရာပင် ဟုလည်း လူသိများကြပြီး ယင်း၏အင်္ဂလိပ်အမည်မှာ  white lead tree ဟု လူသိများပြီး river tamarind, Jumbay, mimosoid tree, pearl wattle, ipil-ipil ဟုလည်း ခေါ်ဆိုကြ၏။ သိပ္ပံအမည်မှာ Leucaena leucocephala ဖြစ်ကာ မျိုးရင်း abaeceae တွင် ပါဝင်၏။ ဘောစကိုင်းပင်၏ မျိုးစိတ်ပေါင်း (၂၄) မျိုးရှိပြီး ယင်းသည် အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကိုတောင်ပိုင်းဒေသနှင့် မြောက်အမေရိကအလယ်ပိုင်းဒေသနိုင်ငံများမှ သဘာဝအလျောက် စတင်ဖြစ်ထွန်းပေါက်ရောက်ပြီး ယခုနောက်ပိုင်းတွင် အာရှနိုင်ငံအပါအဝင် အပူပိုင်းဒေသနိုင်ငံများ တို့တွင် ကျယ်ပြန့်စွာ ပေါက်ရောက်လာကြ၏။ မြန်မာနိုင်ငံအနှံ့တွင်လည်း ဘောစကိုင်းပင်သည် သဘာဝအလ

မျိုးစေ့စစ်မှန် ပင်လည်းသန်၊ ဖူးငုံသီးလှ ဈေးကွက်ရ၊ တောင်သူတို့ ပျော်ကြ

Image
seed

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချနေ သည့် နိုင်ငံဖြစ်ပါသည်။ ပို့ကုန်ဝင်ငွေ၏ ၃၅% ခန့်မှာစိုက်ပျိုးရေးထွက်ကုန်များ ရောင်း ချ ရခြင်းမှ ရရှိနေခြင်းဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ ၇၀ % ကျော်မှာလည်း စိုက်ပျိုးရေးကဏ္ဍတွင်ပါဝင်လုပ် ဆောင်လျက်ရှိပါသည်။ ထို့အပြင် နိုင်ငံ၏စီးပွားရေးမှာ စိုက်ပျိုးရေးကို အခြေခံ သောကြောင့် ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျော ညီထွေဖြစ်စေသည့်မျိုးများနှင့် နည်းလမ်းများကိုလည်း အမြဲတစေ ဂရု စိုက်ပြောင်းလဲလုပ်ဆောင်နိုင်ပါမှ အရည်အသွေး ကောင်းပို့ကုန်များကို ထုတ်လုပ်ရရှိနိုင်မည်ဖြစ်ပါသည်။ မိမိနိုင်ငံမှထုတ်လုပ်သော စိုက်ပျိုး ရေး ထွက်ကုန်များ၏

ငါး၊ ပုစွန် ပုပ်သိုးရခြင်းအကြောင်းရင်းများနှင့် ထိန်းချုပ်မှု

Image
fish

ငါးပုစွန်များ၏လတ်ဆတ်မှု (Freshness)နှင့် အရည်အသွေး (Quality)အပေါ်မူတည်၍ စားသုံး သူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အာဟာရပြည့်ဝစွာရရှိရေးသည် အလွန်ပင်အရေးပါလှပေသည်။ ယင်းအတွက် ဖမ်းဆီးပြီးနောက်ပိုင်း ငါး၊ ပုစွန်များ၏ အရည်အသွေးထိန်းချုပ်မှု အပိုင်းသည် အထူးပင်စီမံဆောင်ရွက်လုပ်ကိုင်သွားရေးမှာ မလွဲမသွေလိုအပ်ပါသည်။ လတ်ဆတ်မှု မရှိသော ငါး၊ ပုစွန်များမှာလည်း ဈေးကွက်တွင် ဈေး ကောင်းမရသဖြင့် စီးပွားရေးအတွက်လည်း 
ထိခိုက်စေပါသည်။

အယ်နီညိုဖြစ်စဉ်နှင့်အတူ သတိပြုရမည့် ပဲတီစိမ်းအပင်ပေါ် အညှောင့်ပေါက်ခြင်းနှင့် သီးတောင့်ကွဲခြင်း ပြဿနာများ

Image
ပဲတီစိမ်း

ပို့ကုန်သီးနှံ ပဲတီစိမ်းသည် နိုင်ငံခြားဝင်ငွေအများအပြားကို ရှာဖွေပေးနေသော သီးနှံတစ်မျိုး ဖြစ်ပါသည်။  ပဲတီစိမ်းကို အဓိကအားဖြင့် မိုးရာသီနှင့်ဆောင်းရာသီတွင်စိုက်ပျိုးပြီး ရေသွင်းနိုင် သည့်ဒေသများတွင်လည်း မိုးကြိုသီးနှံအဖြစ်စိုက်ပျိုးကြသည်။ အဓိကအားဖြင့် ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ရန်ကုန်၊မန္တလေးနှင့် ဧရာ ဝတီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုး သည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြန်မာ နိုင်ငံ၏ ပဲတီစိမ်း စိုက်ဧရိယာမှာ ဟက်တာ ၁ ဒသမ ၂ သိန်း ရှိသည်။ 

ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပိုငွေ ၁၂၆ ဒသမ ၉ ဘီလီယံသို့ ကျဆင်းခဲ့သော်လည်း အာရှနိုင်ငံများနှင့်ကုန်သွယ်မှုမှာ မြင့်တက်လျက်ရှိ

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာကာလအတွင်း  ရုရှားနိုင်ငံ၏ နိုင်ငံ ခြားကုန်သွယ်မှုပိုငွေသည် ၂၀၂၂ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၁၀ ဒသမ ၁ ဘီလီယံမှ ၁၂၆ ဒသမ ၉ ဘီလီယံသို့ ကျဆင်းသွားခဲ့ကြောင်း၊ သို့သော် အာရှနိုင်ငံများနှင့် ကုန်သွယ် မှုပမာဏမှာ မြင့်တက်လျက်ရှိကြောင်း ရုရှားဖက်ဒရယ် အကောက်ခွန်ဝန်ဆောင်မှု (Federal Customs Service) မှ ထုတ်ပြန်ကြေညာထားပါသည်။

ဖော်ပြပါကာလအတွင်း ရုရှားပို့ကုန်မှာ အမေရိကန်ဒေါ်လာ ၅၃၈ ဒသမ ၉ ဘီလီယံမှ ၃၈၅ ဒသမ ၉ ဘီလီယံသို့ ကျဆင်းသွားခဲ့ပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၂၂၈ ဘီလီယံမှ ၂၅၉ ဘီလီယံအထိ မြင့်တက်ခဲ့သည်။ 

ရုရှား၏ GDP တိုးတက်မှုသည် ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်းထက် ကျော်လွန်နိုင်ကြောင်း သမ္မတပူတင်ပြောကြား

၂၀၂၃ ခုနှစ်အတွက် စာရင်းအချက်အလက်များ အဆင့်မြင့်တင်ပြီးနောက် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) တိုးတက်မှုသည် ၃ ဒသမ ၅ ရာခိုင်နှုန်းကျော် လွန်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇန်နဝါရီ ၁၇ ရက်က ၎င်း၏အစိုးရအဖွဲ့ဝင်များ နှင့် တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှုသည် ဇန်နဝါရီ ၁၅ ရက်အထိ ၅.၂၈ ရာခိုင်နှုန်း ကျဆင်း

အိန္ဒိယ၏ သကြားထုတ်လုပ်မှုသည် ၂၀၂၃-၂၄ နှစ် (အောက်တိုဘာလမှ နိုဝင် ဘာလ) တွင် ဇန်နဝါရီ ၁၅ ရက်အထိ ၅ ဒသမ ၂၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းနှင့် ယမန်နှစ်တွင် ထိပ်တန်းသကြား ထုတ်လုပ်သည့်ပြည်နယ်ဖြစ်သည့် Maharashtra ရှိ သကြားထုတ်လုပ်မှုသည် ၁၆% ကျဆင်းခဲ့ သည်ဟု အိန္ဒိယသကြားစက်များအသင်း (India Sugar Mills Association - ISMA) မှ ပြောကြားခဲ့ကြောင်း သိရသည်။