မြေဆီလွှာကောင်းပြီး အထွက်နှုန်းနှင့် အရည်အသွေး တိုးစေတာ သဘာဝမြေဩဇာ
သီးနှံအတွက် ပိုးမွှားနှင့်ရောဂါ များပြားလာမှုနှင့်အတူ သီးနှံထုတ် လုပ်မှုနှင့် အရည်အသွေး ကျဆင်းလာရသော အဓိကအကြောင်းတရားမှာ စိုက်ပျိုးရေးနည်းလမ်းများ မမှန် ကန်ခြင်းကြောင့်မြေဆီလွှာ၏ ထုတ် လုပ်နိုင်မှုစွမ်းအား လျော့နည်းလာခြင်းပင်ဖြစ်သည်။ စိုက်ပျိုးထုတ် လုပ်မှု ရေရှည်တည်တံ့ရေးကို စဉ်း စားလျှင် အချက်အလက်ပေါင်း များစွာကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သော်လည်း စိုက်ပျိုးသူကိုယ်တိုင် ထိန်းချုပ်နိုင်သော အဓိက အချက်အ လက်မှာ မြေဆီလွှာပင် ဖြစ်ပေသည်။ မြေဆီလွှာကောင်းမှ သီးနှံအထွက်တိုးပြီး တောင်သူလယ် သမားများ ဝင်ငွေတိုးပွားကာ လူနေမှုဘဝ မြင့်မားလာမည် ဖြစ်သည်။ မြေဆီလွှာကို ထိန်းသိမ်းနိုင်မှ သီးနှံအထွက်နှုန်းသည်လည်း


