မြန်မာ့ပြောင်းကို အကောက်ခွန်လွတ်ဖြင့် အိန္ဒိယ စတင်တင်သွင်း

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ ပြောင်းကို အကောက်ခွန် ကင်းလွတ် ခွင့် အစီအစဉ်ဖြင့် စတင်တင်သွင်းလျက်ရှိကြောင်း သိရသည်။ Tamil Nadu ပြည်နယ် Thoothukudi မြို့ ဆိပ်ကမ်းသို့ အနည်းဆုံး ပြောင်းသင်္ဘော ၃ စီး ဆိုက်ကပ်ခဲ့ပြီးဖြစ်ကာ ဇူလိုင် လကုန်ပိုင်းတွင် နောက် ထပ် သင်္ဘောအနည်းငယ် ထပ်မံဆိုက်ရောက်လာဖို့ရှိကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၇ ရက်နေ့က ဖော်ပြ သည်။

အင်ဒိုနီးရှားဆီအုန်းကဏ္ဍ စိန်ခေါ်မှုများ ဖြေရှင်းနိုင်ရန် ခိုင်မာကောင်းမွန်သည့် အဖွဲ့ရှိရန် လိုအပ်

အင်ဒိုနီးရှား စားအုန်းဆီလုပ်ငန်းသည် ပြည်တွင်းစိန်ခေါ်မှုများအပြင် ကမ္ဘာ့စိန်ခေါ်မှုများကိုပါ ရင်ဆိုင်နေရကြောင်း၊ ထို့ကြောင့် အဆိုပါပြ ဿနာရပ်များကို ထိရောက်အောင် မြင်စွာ ဖြေရှင်းနိုင်ရန် အတွက် စားအုန်းဆီကဏ္ဍရှိ ပါဝင်ပတ်သက်သူအားလုံးအကြား ခိုင်မာကောင်းမွန်သည့် ပူးပေါင်း ဆောင်ရွက်မှုလိုအပ်ကြောင်း အင်ဒိုနီးရှား စားအုန်းဆီအသင်း (Indonesia Palm Oil Association – GAPKI) ၏ ဥက္ကဋ္ဌဖြစ်သူ Eddy Martono က Medan မြို့တွင် ၂၀၂၄ ခုနှစ်၊ မေ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည့် Indonesian Palm Oil Stakeholders Forum တွင် ပြောကြားခဲ့သည်။ 

ဝယ်လိုအားများလာခြင်းကြောင့် ဧရာဝတီတွင် စပါးဈေး မြင့်တက်

မြန်မာနိုင်ငံ၌ ဆန်စပါး အဓိက ထုတ်လုပ်သည့် ဧရာဝတီတိုင်းဒေသကြီးတွင် ယခုနှစ် မိုးရာသီ အစောပိုင်း စပါးဝယ်လိုအား မြင့်တက်လာသဖြင့် ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း ဧရာဝတီတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြားသည်။

ကွမ်းသီးများ ကော့သောင်း-ရနောင်းမှတစ်ဆင့် ထိုင်းသို့ တင်ပို့လျက်ရှိ

မြန်မာနိုင်ငံမှကွမ်းသီးများကို ကော့သောင်းမှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ တင်ပို့ နေကြောင်း မြိတ်မြို့ရှိ ကွမ်းသီးကုန်သည်များထံမှ သိရှိရသည်။

လက်ရှိတွင် ဘုတ်ပြင်းမြို့နယ်မှ ထွက်ရှိသော ကွမ်းသီးများကို ကော့သောင်းမှတစ်ဆင့်ထိုင်းနိုင်ငံသို့ တင် ပို့လျက်ရှိသည်။

မန္တလေးဈေးကွက်

ဆန်နှင့်ဆီ

ရန်ကုန်ပေါ်ဆန်းမှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ရွှေဘိုပေါ်ဆန်းမှာ မိုးစပါးစိုက်ပျိုးချိန်ဖြစ်၍ တောင်သူထုတ်ရောင်းမှုရှိ ခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် တစ်အိတ် ယခင်အပတ် ၁၆၀၀၀၀ကျပ်မှ ယခုအပတ် ၁၅၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ မနောသုခဆန်မှာ နွေစပါးအသစ်များ အဝင်များလာခြင်း၊ အဟောင်းလက်ကျန်များလည်း ဈေးကွက်အတွင်းရှိခြင်းကြောင့် အသစ်တစ်အိတ် ၇၂၀၀၀ကျပ်၊ အဟောင်းတစ်အိတ် ၉၅၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။    ငစိန်ဆန်မှာ နွေစပါးဝင်ရောက်မှုရှိခြင်း၊ လုပ်ငန်းသမားဝယ်ယူမှု ပုံမှန်သာရှိခြင်း ကြောင့် တစ်အိတ် ၇၈၀၀၀ကျပ်မှ ၇၅၀၀၀

ရန်ကုန်ဈေးကွက်

ဆန်

ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်နှုန်းနှင့် အောက် စ တစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၂၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်နှုန်းဖြင့်လည်း ကောင်း၊ ဧည့်မထဆန်ဟောင်း အ လတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၇၇၀၀၀ ကျပ် နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၇၅၀၀၀ကျပ်နှုန်းဖြင့် လည်းကောင်းအသီးသီး ရ

မွေးမြူရေးတောင်သူများ သတိပြုရမည့် ဝါစေ့ထဲမှ ဂေါ်စီပေါ အဆိပ်အတောက်

Image
war

ဝါစေ့နှင့် ဝါစေ့ကြိတ်ဖတ်သည် တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သည့် ဝါလုပ်ငန်း ၏ ဘေးထွက်ပစ္စည်းများ ဖြစ်ပါ သည်။ ဝါစေ့ကြိတ်ဖတ်တွင် အာဟာ ရတန်ဖိုးကြွယ်ဝပြီး အထူးသဖြင့် အသားဓာတ်မြင့်မားစွာ ပါဝင်သည်။ သို့သော်လည်း ဝါစေ့တွင် ဂေါ်စီပေါဒြပ်ပေါင်းပါဝင်နေခြင်းကြောင့် တိရစ္ဆာန်အစာအဖြစ် အသုံးဝင်မှုကို အနှောင့်အယှက်ဖြစ်စေပါသည်။ ဂေါ်စီပေါသည် ပေါ်လီဖီနောလစ်ဒြပ်ပေါင်းဖြစ်ပြီး ဝါပင်၏ အစိတ်အ ပိုင်းများ၊ အထူးသဖြင့် အစေ့တွင် အများဆုံး တွေ့ရှိရပါသည်။ ဝါအမျိုးအစားကိုလိုက်၍ ဂေါ်စီပေါ ပါဝင်မှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၁မှ ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနိုင်ပါသည်။ 

သဘာဝကပေး အစာနှင့်ဆေး ၊ မှိုနားတို

Image
clover

ကျွန်မတို့ငယ်စဥ်မူလတန်းကျောင်းသားဘဝ မြန်မာဘာသာရပ်တွင် သင်ယူခဲ့ရသည့်ရိုးတစ်လျှောက်ကဗျာ ထဲတွင် ပါဝင်သည့် မှိုနားတို ငွေရောင်ဖျော့ငယ်နှင့်ဟု တင်စားခေါ်ဝေါ်ထားသည့် မှိုနားတိုပင်၏ ထူးခြားသောအစိတ်အပိုင်းမှာ   သေးသွယ်ပျော့ပျောင်းသော ‌ငွေရောင်ဖျော့ဖျော့ ရိုးတံပေါ်တွင် နူးညံ့သောအမြစ်မွှားလေးများစွာရှိပြီး ယင်းရိုးတံမျှင်တွင် ထိပ်တွင် အရွက်လေးရွက်ဆိုင်ထွက်သည့် အပင်လေးဖြစ်၏။ မှိုနားတိုပင်သည် ရွှံ့နွံမြေကို နှစ်သက်ပြီး ရေရှိပြီး စိုစွတ်သောနေရာတွင် ပေါက်ပွားကြီးပြင်းသည့်အပင်မျိုးဖြစ်၏။ မိုးတွင်းချိန်ခါ လယ်ကွင်းထဲတွင် သန်စွမ်း လှပစွာ ဖြစ်ထွန်းပေါက်ရောက်ပြီး နွေရာသီတွင် စိမ့်စမ်းနှင့် ရေမပြတ်တမ်းရှိသည့်ချ