တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှု မြှင့်တင်ရန် ထိုင်း ကြိုးစားနေ

တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသော ဒူးရင်းသီး ဈေးကွက်ဝေစုကို ထိန်း သိမ်းထားနိုင်ရန် ထိုင်းအာဏာပိုင်များသည် လယ်ယာလုပ်ငန်းခွင်ချဲ့ ထွင်ခြင်းနှင့် အဆင့်မြင့်နည်းပညာအသုံးပြု၍ သစ်သီး အရည်အသွေးမြှင့်တင်ခြင်းအပါအဝင် နည်းလမ်း များစွာကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

အိန္ဒိယ ခါရစ်ရာသီအတွက် သီးနှံ ၁၄ မျိုး၏ အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းများကို မြှင့်တင်ရန်ဆုံးဖြတ်

အိန္ဒိယနိုင်ငံတွင် လာမည့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၊ ခါရစ် (မိုး) ရာသီအတွက် စပါး၏ အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း (Minimum support price-MSP) ကို ၁ ကွင်တယ် (၁၀၀ ကီလို ဂရမ်) လျင် ရူပီး ၂၃၀၀ (၅.၃၅%) သို့ တိုးမြှင့်ပေးရန် ပြည် ထောင်စုအစိုးရအဖွဲ့က သဘောတူခဲ့ ကြောင်း သိရသည်။ အဆိုပါဆုံး ဖြတ်ချက်ကို Haryana၊ Maha-rashtra၊ Jharkhand နှင့် Delhi တို့၌ လွှတ်တော်ကိုယ်စားလှယ် ရွေး ကောက်ပွဲများမစတင်မီ ယခု ကဲ့သို့ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း The Hindu သတင်းဌာန က ယခုလ ၁၉ ရက်နေ့က ဖော်ပြသည်။

စားနပ်ရိက္ခာဖူလုံရေး ဂျပန်အစိုးရနှင့် ကုန်သွယ်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

ဂျပန်အစိုးရအနေဖြင့် ဂျပန်နိုင်ငံရှိ ပို့ကုန်သွင်းကုန်ကုမ္ပဏီကြီးများအား တွေ့ဆုံ၍ စားနပ်ရိက္ခာဖူလုံရေးဆိုင် ရာ မဟာဗျူဟာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါ သတင်းတွင် ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှုများ ပြင်းထန်လာပြီး စားနပ်ရိက္ခာဖူလုံ ရေးအတွက် စိန်ခေါ်မှုများ ပိုမိုဖြစ်ပေါ်စေလျက် ရှိခြင်းကြောင့် ဂျပန်အစိုးရအနေဖြင့် ယခုကဲ့သို့ ဆွေး နွေးမှုများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မန္တလေးဈေးကွက်

ဆန်

ရွှေဘိုပေါ်ဆန်း၊ ရန်ကုန်ပေါ်ဆန်းတို့မှာ အသစ်စိုက်ပျိုးချိန်ဖြစ်ခြင်းကြောင့် လှောင်သမား ထုတ်ရောင်းမှုရှိခြင်း ၊ မြို့တွင်းသုံးဝယ်ယူမှုသာရှိပြီး နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ်မှ ၁၂၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ရွှေဘိုပေါ်ဆန်းမှာ ရွှေဘိုဒေသတစ်ခုထံ၌သာ စိုက်ပျိုးခြင်း၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် ၁၄၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။