ကွမ်းစိုက်တောင်သူများ ဆောင်းရာသီတွင် အမြတ်များများ ရရှိရန် ပစ်မှတ်ထားနေ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ နယ်မှ ကွမ်းပင်စိုက်ပျိုးသူများသည် မုတ်သုံရာသီထက် ဆောင်းရာသီတွင် အမြတ်အစွန်း ပိုမိုရရှိသည်ကိုတွေ့ရကြောင်း မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ သိရပါသည်။

အင်ဒိုနီးရှားသည် ဇီဝဒီဇယ် ၅၀ ရာခိုင်နှုန်း ထုတ်လုပ်မှုအရှိန် မြှင့်မည်ဖြစ်၍ ကမ္ဘာ့ဈေးကွက်သို့ စားအုန်းဆီကြမ်း တင်ပို့မှု လျှော့ချလာနိုင်

အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ခံသမ္မတ Prabowo Subianto က အခမ်းအနားများတွင် ဇီဝဒီ ဇယ် ၅၀ ရာခိုင်နှုန်း(B50)အစီအစဉ်အကောင် အထည်ဖော်မှုကို အရှိန်မြှင့်ဆောင် ရွက်မည်ဖြစ်ကြောင်း ပြောကြားမှုများ ရှိပါသည်။ အဆိုပါအစီအစဉ်ဖြစ်ပေါ်လာပါက အင်ဒိုနီးရှား နိုင်ငံအနေဖြင့် စားအုန်းဆီကြမ်း တင်ပို့မှုကို လျှော့ချလာနိုင်ပြီး တင်ပို့ခြင်း မပြုလုပ်သည့် အခြေအနေလည်းဖြစ်လာနိုင်ကြောင်း အင်ဒိုနီးရှားဆီအုန်းအသင်းက ဖော်ပြထားသည်။ 

ထိခိုက်သီးနှံ အချိန်မီကုစား ပေါင်းစည်းအားဖြင့်

Image
ကွင်းသရုပ်ပြပွဲ

၂၀၂၄-၂၀၂၅ ခုနှစ် သီးနှံများစိုက်ပျိုးထုတ်လုပ်မှုတွင် မိုးစပါးကို ဧက ၁၅ သန်းကျော်လျာထားခဲ့ရာ စက်တင်ဘာ လကုန်အထိ ဧက ၁၄ ဒသမ ၆၇ သန်း စိုက်ပျိုးပြီးဖြစ်သည်။ မုတ်သုံရာသီကုန်ကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး မိုးစပါးရိတ်သိမ်းမှုများ စတင်လာပြီဖြစ်ရာ လက်ရှိ ဧက ၆ သောင်းကျော် ရိတ်သိမ်းပြီးကြောင်း သိရသည်။ မိုးသီးနှံများအနက် အစေ့ထုတ်ပြောင်းဧက ၁ ဒသမ ၃၇ သန်း၊ မြေပဲဧက ၁ ဒသမ ၉ သန်း၊  နှမ်းဧက ၂ ဒသမ ၇ သန်း၊ နေကြာ ၁ ဒသမ ၆၆ သိန်း၊ ဝါဧက ၅ သိန်းကျော်၊ ပဲမျိုးစုံဧက ၃ ဒသမ ၀၈ သန်းကျော် စိုက်ပျိုးပြီးဖြစ်သည်။ ယခုနှစ် မိုးရာသီအတွင်း စက်တင်ဘာကုန်အထိ မိုးစပါးအပါအဝင် နှစ်ချင်းမိုး သီးနှံများ၊ စားဖို

မန္တလေးဈေးကွက်

ဆန်

မန္တလေးဈေးကွက်တွင် ဆန်များ နယ်ဝေးတင်ပို့ရမှုမရှိဘဲ မြို့တွင်းစားသုံးမှုနှင့် မန္တလေးအနီးဝန်းကျင်မှ ဝယ်ယူမှုသာရှိခြင်းကြောင့် ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၁၃၅၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းတစ်အိတ် ၁၅၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မန္တလေးဝန်းကျင်မှ ဝင်ရောက်သော မနောသုခဆန်မှာလည်း အဝင်ပုံမှန်ရှိပြီး မြို့တွင်း လူလတ်တန်းစားသုံးဆန်ဖြစ်၍ စားသုံးရန်ဝယ်ယူမှုနည်းခြင်းကြောင့် တစ်အိတ် ၉၅၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။     ဇီယာဆန်နှင့် ငစိန်ဆန်မှာ အဝင်ပုံမှန်ရှိခြင်း၊ တောင်သူထုတ်ရောင်းမှုရှိ၍ ပင်ရင်းဈေးနိမ့်ခြင်းကြောင့် ဇီယာဆန်တစ်အိတ် ၉

ရန်ကုန်ဈေးကွက်

ဆန်

ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသော ဆန် ဈေးနှုန်းများအရရွှေဘိုပေါ်ဆန်းအလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်နှုန်း၊ အောက်စ တစ်တင်းခွဲတစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်နှုန်း၊ ဖျာပုံပေါ်ဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်နှုန်းနှင့် အောက်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်နှုန်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၁၀၂၀၀၀ကျပ်နှုန်း၊ အောက်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်နှုန်း၊ ဇီယာဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၇၉၀၀၀ကျပ်နှုန်း၊ အောက်စ တစ်အိတ်လျှင် ၇၈၀၀၀ကျပ်နှုန်း၊ ဧည့်မထဆန် ၂၅ ရာခိုင်နှုန်း အကြမ်း အလတ်