ရန်ကုန်ဈေးကွက်

ရန်ကုန်ဈေးကွက်

၂၆-၉-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။

ဆန်ဈေးကွက်

ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းအဟောင်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၅၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေဘိုပေါ်ဆန်း ဆန်သစ် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း ဆန်ဟောင်းအလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်နှုန်းနှင့်ဖြင့်လည်း ကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဇီယာဆန်သစ်အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၅၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင်၅၃၀၀၀ကျပ်နှုန်းဖြင့် လည်းကောင်း၊ ဧည့်မထဆန် ၂၅ ရာခိုင်နှုန်း အကြမ်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၅၁၀၀၀ ကျပ်နှုန်းနှင့်အောက်စတစ်အိတ်လျှင် ၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ငစိန်ဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၆၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၆၁၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း အသီးသီး ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။  ဆန်ဟောင်း လက်ကျန်နည်းလာချိန်ဖြစ်သော်လည်း နယ်ကျော်၍ သယ်ဆောင်မှုနည်းခြင်းနှင့် ဒေသတွင်း ဝယ်လိုအားနည်းခြင်းတို့ကြောင့် လှောင်စပါးများ လက်ကျန်များကာ ရောင်းလို အားများခြင်း၊ လတ်တလောကြိတ်ခွဲထားသော ဆန်ဟောင်းကြိတ်သစ်များလည်း ဈေးကွက်သို့ ကုန်အဝင်ရှိခြင်း၊ မိုးစပါးသစ်များ ရိတ်သိမ်းချိန်ဖြစ်၍ ဆန်သစ်အချို့ ဈေးကွက်သို့ ဝင်ရောက် လာချိန်ဖြစ်ခြင်း၊ ဆန်သစ်များ အစိုဓာတ်ရှိခြင်း နှင့် အဝင်မလှိုင်မီ ရောင်းလိုအားများခြင်းတို့ ဈေးကွက်အတွင်းဖြစ်ပေါ်ခဲ့သည်။ အထက်ပါအခြေအနေများကြောင့် ယခင်လဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း၊ ပေါ်ကျွဲ၊ ငစိန်စသော ဆန်အမျိုးအစားများမှာ ယခင်လ၏ဈေးနှုန်းများအတိုင်း ယခုစက်တင်ဘာလကုန်ရက်များတိုင်အောင် တည်ငြိမ်နေခဲ့ကြောင်း သိရသည်။ ဆန်သစ် အဝင်ရှိသော ဧည့်မထ၊ ဇီယာ အမျိုးအစားများမှာလည်း ယခင်လထက် ဈေးနိမ့်ခဲ့သော်လည်း စက်တင်ဘာလဆန်းမှ လကုန်ရက်များတိုင်အောင် ဖော်ပြပါ ဈေးနှုန်း များအတိုင်း တည်ငြိမ်နေ ခဲ့ခြင်းဖြစ်သည်။ ပြည်ပပို့ဆန်ဈေးကွက်လည်း အိမ်နီးချင်းနိုင်ငံများ၏ ပြည်ပပို့ဆန်ဈေးနှုန်း များမှာအိန္ဒိယနိုင်ငံ၏ ရူပီငွေတန်ဖိုး ကျဆင်းနေခြင်း၊ ဆန်ဟောင်းလက်ကျန်များခြင်းအပြင် ဆန်သစ်များလည်း ဝင်ရောက်လာချိန်ဖြစ်ခြင်း၊ ဝယ်လက်များ၏ ဝယ်လို အားနည်းနေသေးခြင်းတို့ကြောင့် အိန္ဒိယနှင့်ထိုင်းနိုင်ငံ၏ ပြည်ပပို့ဆန်များ အရောင်းအဝယ်အေးကာ ဈေးနိမ့်လျက်ရှိသည်။ အလားတူပင် မြန်မာနိုင်ငံ၏ ပြည်ပပို့ဆန် များမှာလည်း ပြည်ပတင်ပို့မှုရှိသော်လည်း ဈေးအနိမ့်တွင် တည်ငြိမ်လျက် ရှိသည်။လာမည့် အောက်တိုဘာလမှ စတင်ကာ ပိုမိုတင်ပို့ရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း တို့မှလည်း သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ဆန်ချော၊ ဆန်ကြမ်းများအား မော်တော် ယာဉ်များဖြင့် လှည့်လည်ရောင်း ချပေးလျက်ရှိသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင် ရောက်မှု ပုံမှန်ရှိကြောင်း သိရသည်။

အစေ့ထုတ်ပြောင်းဈေးကွက်

အစေ့ထုတ်ပြောင်းများအား ထိုင်းနိုင်ငံသို့ အကောက်ခွန်လွတ်တင်သွင်းခွင့်ကာလ ကုန်ဆုံးခဲ့ပြီးဖြစ်ခြင်းကြောင့်လည်းကောင်း၊ ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ ကမ္ဘာ့ ရွှေဈေးနှင့် ဒေါ်လာငွေလဲနှုန်း မတည်ငြိမ်မှုများကြောင့်လည်းကောင်း၊ နယ်စပ်ဂိတ်များမှလည်း ကုန်စည်စီးဆင်းမှုမရှိခြင်းကြောင့်လည်းကောင်း၊ မုန်တိုင်းမိုးများ ရွာသွန်းကာလဖြစ်၍ အရောင်း အဝယ်အေးခြင်းကြောင့်လည်းကောင်း၊ ပြည်တွင်းအစာစပ်လုပ်ငန်းများမှ ဝယ်ယူမှုနည်းခြင်းကြောင့်လည်းကောင်း၊ တောင်သူများမှ ရောင်းလိုအားများနေခြင်းကြောင့်လည်းကောင်း၊ အစေ့ထုတ်ပြောင်းဈေးနှုန်းများ ယခင်အပတ်ထက် ဆက်လက်ဈေးနိမ့်လာခဲ့သည်။ အစေ့ထုတ် ပြောင်း ၅၄ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၈၄၇၈၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၈၄၂၄၀ ကျပ်သို့ရောက်ရှိဈေးနိမ့်လာခဲ့သည်။ ဇွန်လတတိယရက်သတ္တပတ်မှ စတင်ကာ ယခု စက်တင်ဘာစတုတ္ထပတ်တိုင် အောင် အဆင့်ဆင့်ဈေးနိမ့်လာခဲ့ခြင်းဖြစ်သည်။

ပဲမျိုးစုံဈေးကွက်

ပဲမျိုးစုံ အဓိက ဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် စားသုံးသူများ၏ ဝယ်လိုအားနည်းကာ မတ်ပဲဈေးကျနေခြင်းကြောင့်လည်းကောင်း၊ အိန္ဒိယအစိုးရက ပြည်ပမှ ပဲစင်းငုံတင်သွင်းမှုကို အခွန်သက်သာခွင့်ဖြင့် လွတ်လပ်စွာတင်သွင်းခွင့် တစ်နှစ်ထပ်မံသက်တမ်းတိုးပေးထားခြင်းနှင့် ကုန်သည်များက ဝယ်လိုအား ထိန်းနေခြင်းကြောင့်လည်းကောင်း၊ မြန်မာ့လယ်ယာပို့ကုန်များ၏ ပြည်တွင်း ဈေးနှုန်းများ အကျဘက်သို့ ပြောင်းလဲလာခြင်းကြောင့်လည်းကောင်း၊ မတ်ပဲ(သင်္ဘောတင်) နှင့် ပဲစင်းငုံ(သင်္ဘောတင်)ဈေးနှုန်းများ ယခင်အပတ်ထက်ဈေးနိမ့်ခဲ့သည်။ မတ်ပဲ(သင်္ဘောတင်) တစ် တန်လျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၉၁၈၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၉၁၀၀၀၀ ကျပ်သို့လည်းကောင်း၊ ပဲစင်းငုံ(သင်္ဘောတင်)တစ်တန်လျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၂၄၄၀၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၄၃၀၀၀၀ ကျပ်သို့လည်းကောင်း အသီးသီးရောက်ရှိ ဈေးနိမ့်ခဲ့ကြသည်။ ယခုရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် ၆ ရက် ရှိခဲ့ပြီး မတ်ပဲ(သင်္ဘောတင်)မှာ ကုန်သေတ္တာ ၁၁၅ လုံးနှင့် ပဲစင်းငုံ(သင်္ဘောတင်)မှာ ကုန်သေတ္တာ ၂၅ လုံးခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ ပဲတီရွှေဝါမှာ အရောင်း အဝယ်အေးကာ ယခင်အပတ်ထက် ဆက်လက်ဈေးနိမ့်လာခဲ့သည်။ ပဲတီရွှေဝါ ၃ တင်း/၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၄၁၀၄၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေး နှုန်းမှာ ၄၀၅၄၅၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ အလားတူပင် ထောပတ်ပဲနှင့် ကုလားပဲမှာ ပြည်တွင်းသုံးစွဲမှုသာရှိခြင်းနှင့် ဝယ်ယူစားသုံးမှုနည်းခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးနိမ့် ခဲ့သည်။ ထောပတ်ပဲ ၃ တင်း/ ၆၀ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၂၀၈၀၀ ကျပ် ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၁၀၃၀၀ ကျပ်သို့ရောက်ရှိဈေးနိမ့်ခဲ့သည်။ ကုလားပဲတစ်ပိဿာ လျှင် ယခင်အပတ်ဈေးနှုန်းမှာ ၄၄၀၅ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၄၂၉၈ ကျပ်သို့ရောက် ရှိဈေးနိမ့်ခဲ့သည်။ ကုလားပဲတစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမျာ ၄၄၀၅ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၄၂၉၈ ကျပ်သို့ရောက်ရှိ ဈေးနိမ့်ခဲ့သည်။ စိုက်ပျိုးထွက်ရှိမှုနည်းသော ပဲလွမ်းဖြူ၊ ပဲပုတ်၊ ဘိုကိတ်ပဲများမှာ ပဲဟောင်းလက်ကျန်နည်းလာချိန်ဖြစ်ခြင်းနှင့် အရောင်းအဝယ် အေးခြင်းတို့ကြောင့် ရောင်းလိုအား၊ ဝယ်လိုအားမျှကာ ယခင်အပတ်ဈေးနှုန်းများဖြင့် သာ ဈေးငြိမ်၊ အရောင်းအဝယ်အေးခဲ့သည်။ ပဲလွမ်းဖြူ ၃ တင်း/ ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၂၆၇၄၅၀ ကျပ်ဖြစ်ပြီး၊ ပဲပုတ်ပဲ ၃တင်း/၆၀ ပိဿာလျှင် ပျမ်းမျှ ဈေးနှုန်းမှာ ၃၄၇၅၅၀ ကျပ် ဖြစ်သည်။ ဘိုကိတ်ပဲ ၃ တင်း/၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၂၂၂၉၀၀ ကျပ်ဖြစ်သည်။

စားသုံးဆီဈေးကွက်

ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သောနိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးကွက် ဈေးနှုန်း များအပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် မှုကော်မတီ၏ ၂၀၂၅ စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ကုန်ဆုံးသောကာလအတွင်း ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၆၆၁၀ ကျပ်ဖြစ်သည်။ ယခင်အပတ်ဈေးနှုန်းမှာလည်း ၆၆၁၀ ကျပ်ပင်ဖြစ်သည်။ ဇူလိုင် စတုတ္ထအပတ်၏ဈေးနှုန်းဖြစ်သော ၆၀၅၅ ကျပ်မှ စတင်ကာ တဖြည်းဖြည်း ဈေးမြင့်လာခဲ့ ခြင်းဖြစ်သည်။ 

အေးသန္တာဝင်း