ရုရှားနိုင်ငံထုတ် ရွက်ဖျန်းအားဆေးရည်များ ပေးအပ်

နေပြည်တော်၊ ဩဂုတ် ၂၂
မြန်မာနိုင်ငံတွင် မိုးစပါးနှင့်ဆောင်းရာသီသီးနှံများ၌ တွင်ကျယ်စွာ စမ်းသပ်အသုံးပြုနိုင်ရေးအတွက် ရုရှားနိုင်ငံထုတ် ရွက်ဖျန်းအားဆေးရည်များ ပေးအပ်ခြင်းကို ဩဂုတ် ၂၂ ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (Fund RC- Investments) မှ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (Fund RC- Investments) မှ Mr. Oleg Kovalenko က ရွက်ဖျန်းအားဆေးရည် လှူဒါန်းရခြင်းနှင့် အသုံးပြုပုံ နည်းလမ်းများအား ရှင်းလင်းတင်ပြပြီးရွက်ဖျန်းအားဆေးရည်ထုတ်ကုန် ၃ မျိုး၊ စုစုပေါင်း ၂၉၃ လီတာအား ပေးအပ်ရာပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။ထို့နောက်ပြည်ထောင်စုဝန်ကြီး က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (Fund RC- Investments) အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
MOALI