စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၄၀)

စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၄၀)

agri uni
မြန်မာနိုင်ငံစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်ဘွဲ့ရကျောင်းသား/သူများ အပါအဝင် ယနေ့ခေတ်အလုပ်အကိုင် ရရှိမှု/ဆက်စပ်မှုအခန်းကဏ္ဍ
The Role of University Graduates and Current Employment Opportunities in Myanmar   

ထပ်မံပြီး စာရေးသူကြုံတွေ့ခဲ့ရသော နိုင်ငံတကာတက္ကသိုလ် ဘွဲ့ရများနှင့် ယနေ့ခေတ် အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းများ၏ အခန်းကဏ္ဍကို ဆွေးနွေးပါမည်။ယခင် ဆောင်းပါး တွင် နိုင်ငံအချို့ မိမိနိုင်ငံအတွင်းရှိ တက္ကသိုလ်အားလုံး၏ ဘွဲ့ရ ၁၀၀ ဦးတွင် လက်ရှိ ဖြစ်ပေါ်နေသော ဘာသာရပ်/ဘာသာခွဲအလိုက် (Specific Disciplines/ Specialization) ဘွဲ့ရရာခိုင်နှုန်း၊ အချိုးများကို တင်ပြဆွေးနွေးခဲ့ပါသည်။ဘွဲ့ရဦးရေ ၁၀၀လျှင် စိုက်ပျိုးမွေးမြူရေးဘွဲ့ရ အချိုးမှာ မြန်မာနိုင်ငံကအနည်းဆုံးဖြစ်နေသည်ကိုတွေ့ရပါသည်။

(၁)ရရှိသည့်ဘွဲ့နှင့်အလုပ်အကိုင် မလိုက်ဖက်နေခြင်း/လွဲနေရခြင်း (Mis-match between Graduates and Employment opportunities) ၏ အဓိက အကြောင်းရင်းများ

(၁-က) လက်တွေ့ကျကျ အတတ်ပညာမရရှိခြင်း (Skills Mismatch)

တက္ကသိုလ်များက သင်ပေးတဲ့ အကြောင်းအရာတွေ (သီအိုရီ၊ စာပေ၊ သုတေသန) သိပ်များလွန်းပြီး လုပ်ငန်းလက်တွေ့ကျကျ လေ့ကျင့်မှု၊ အသုံးချနိုင်သော နည်းပညာ(Technical & Digital Skills) လျော့နည်းတတ်ပါသည်။

(၁-ခ) လက်ရှိစီးပွားရေးကဏ္ဍတွေနဲ့ မိမိဘွဲ့၊ ပညာတိုက်ဆိုင်မှုနည်းနေခြင်း (Weak Industry–Academia linkage)

မိမိနိုင်ငံအတွင်း လုပ်ငန်းလိုအပ်ချက် (demand) နဲ့ တက္ကသိုလ်ကမွေးထုတ်ပေး တဲ့ ကျောင်းသား/သူ အရေအတွက်/ဘာသာရပ် မကိုက်ညီမှု ဖြစ်နေတတ်ပါသည်။

(၁-ဂ) လုပ်ငန်းဆိုင်ရာ အလျော်အစားမရှိ/ပြန်မရနိုင်သော လိုအပ်သည်ထက်ပိုမို မွေးထုတ်ပေးနေသော ဘွဲ့ဒီဂရီများ (Graduate overproduction of specific subjects based on Disciplines)

တချို့ဘာသာရပ်များ (အထူးသဖြင့် အနုပညာ/အသုံးချသိပ္ပံမဟုတ်သော ရိုးရိုး သိပ္ပံ၊ ရိုးရိုးဝိဇ္ဇာ ဘာသာရပ်များ) မှနှစ်စဉ် ဘွဲ့ရ များများ 
ထွက်ရှိနေနိုင်ပြီး အလုပ်အကိုင် လိုအပ်ချက်နည်းနိုင်ပါသည်။

(၁-ဃ) အသက်မွေးဝမ်းကျောင်း/ကျွမ်းကျင်မှု (TVET/Skills training) အားနည်းခြင်း

လက်ရှိခေတ်နှင့်အညီလိုအပ်သော အလုပ်အကိုင်များ၊ မိမိမိသားစုများအတွက် အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှု Vocational Experience) ပညာပေးမှု အားနည်းနေ နိုင်ပါသည်။

(၁-င) ပညာရေးမဟုတ်သော အခြား အကြောင်းအရာများ (Non-Education Factors)

နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှု၊ လုပ်ငန်း၊ အရင်းအနှီးပိတ်ဆို့ချက်/ ကန့်သတ်ချက်များက အလုပ်အကိုင်ရှာဖွေရန် အခက်အခဲ ဖြစ်စေနိုင်ပါသည်။

(၁-စ) သင်ကြားနည်းဗျူဟာဟောင်းများ/စနစ်ဟောင်းသင်ကြားမှု (Old Teaching Strategy)

ဆရာ/ကျောင်းသား အပြန်အလှန်ဆက်ဆံရေး၊ ပြဿနာဖြေရှင်းပေးသော (problem-solving appeoach)၊ ဝေဖန် သုံးသပ်ခြင်း (critical thinking)၊ အဖွဲ့လိုက် ဆောင်ရွက် စေခြင်း (Teamwork communication) စတဲ့ သင်ကြားနည်းစနစ်များ (Teaching methods and soft skills improvement) မရနိုင်သေးသော သင်ကြားမှု နည်းစနစ်များ ဆက်လက်အသုံး ပြုနေခြင်း ရှိနေနိုင်ပါသည်။

(၂) တက္ကသိုလ်တွေက နိုင်ငံအတွက် ထောက်ပံ့ကူညီပေးနိုင်သည့် အကျိုးကျေးဇူးနှင့် ပြဿနာများ

အကျိုးကျေးဇူးများ (Advantages)

  • စွမ်းအားကောင်းသော လူသားအရင်းအမြစ် ဖြစ်ပေါ်စေခြင်း — လေ့လာသင်ယူမှု၊ သုတေသန၊ နည်းပညာတီထွင်မှု ရှိရပါမည်။

  • လူသားစွမ်းအင် (Human capital) တိုးတက်စေခြင်း — ကျွမ်းကျင်သူများ ရရှိစေခြင်း၊လူမှုစီးပွားရေးဖွံ့ဖြိုးရေးကို ထောက်ပံ့ပေးသော ပညာများဖြစ်ရပါမည်။

  • ဒေသဆိုင်ရာ လိုအပ်ချက်များအတွက် အထူးကျွမ်းကျင်မှု ရရှိစေနိုင်ခြင်း — ဥပမာ စိုက်ပျိုးရေးမွေးမြူရေးတက္ကသိုလ်များတည်ရှိနေရာအရ တောင်တန်း၊ မြေပြန့် နေရာ ဒေသအလိုက် ဆိုင်ရာ အချက်အလက်၊ နည်းပညာ လိုအပ်ချက်များ၊ ကျေးလက်နေ ပြည်သူများ၏လိုအပ်ချက်ကို ထောက်ပံ့ပေးနိုင်ပါသည်။

ပြဿနာများ / ကန့်သတ်ချက်များ (Problems/Constraints)

  • ဘာသာရပ်ရွေးချယ်မှု အခွင့်အလမ်း — အချို့ဘာသာရပ်တွေက အလုပ်အကိုင် ဖန်တီးမှုနည်းပါး ပါသည်။ အခြေအနေအရ အထက်တန်း ရမှတ်အပေါ်ခွဲခြားသော စနစ်အရ မိမိဝါသနာပါသော ဘာသာရပ် အမှတ်မမီ၍ တစ်ခြားဘာသာရပ်ကို ဝါသနာမပါသော်လည်း ရွေးချယ်ခဲ့ရပါသည်။ (No chance to choose their interest)။

  • သုတေသနနဲ့ အကောင်အထည်ဖော်မှု ချို့ယွင်းမှု — တက္ကသိုလ်များ၏     သုတေသန အများစုက နိုင်ငံအကျိုးပြုမှု မမြင်သာ၊ စီးပွားရေးအရ အထောက်အကူပေးမှု (Commercialization) နည်းပါးနေပါသည်။

  • တက္ကသိုလ်များ၏ လွတ်လပ်စွာစီမံခန့်ခွဲနိုင်မှု (Autonomy) နည်းပါးခြင်း — ပြောင်းလဲနေသော ကမ္ဘာကြီး၏ လိုအပ်ချက်များကို လျင်မြန်စွာ  မျက်စိမဖွင့်ပေး နိုင်၊ ချက်ခြင်းမပြောင်းလဲနိုင်ပါ။ 

(စင်္ကာပူနိုင်ငံ တက္ကသိုလ်အများစုတွင် သူတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ် လာပါက ဘာသာရပ်အသစ် (New Subjects/New Majors)၊ ဘွဲ့ဒီဂရီအသစ် (New Degree Programs) တို့ကို အဟောင်းများနှင့် နှစ်စဉ် လဲလှယ်၊ ပြောင်းလဲ သင်ယူ ကြပါသည်ဟု ကြားသိရပါသည်)။ လက်တွေ့ကျသောအကြံပြုချက်များ (Practical Approach)၊ အဆင့်လိုက်ဆောင်ရွက်နိုင်ပါသည် — (ချက်ချင်းလုပ်နိုင်/ နှစ်တို/နှစ်လတ်/နှစ်ရှည်)

(၂-က) ချက်ချင်းဆောင်ရွက်နိုင်ရန် (Immediate) — ၀-၆ လအတွင်း

(၂-က-၁) နေရာတိုင်းမှာ အလုပ်အကိုင်ရှာဖွေပေးရေးဌာန/ရုံး (Career Services/unit) တိုးမြှင့် ဖွင့်လှစ်ရန်

တက္ကသိုလ်ကျောင်း တစ်ခုချင်းစီအလိုက် အလုပ်အကိုင်ရှာဖွေရေးဌာန (Career center) တည်ဆောက်ပေးနိုင်ပါသည်။ အလုပ်ရှာဖွေရန် အတိုင်ပင်ခံအဖွဲ့ဖွဲ့စည်းနိုင်ပါသည်။ ကိုယ်ရေးအကျဉ်း (CV)၊ လူတွေ့ စစ်ဆေး ခြင်းသင်တန်း (Interview training)၊  အလုပ်အကိုင်ခေါ်ယူသောပွဲများ (job fairs)၊  ကြော်ငြာ ထည့်ခြင်းလုပ်ငန်းများ ချက်ခြင်း ဆောင်ရွက်နိုင်ပါသည်။

(၂-က-၂) အလုပ်ရှင်/လုပ်ငန်း/ကုမ္ပဏီများအကြံပေးအဖွဲ့ (Industry advisory boards) ဖွဲ့စည်းရန်

ဘာသာရပ်တစ်ခုချင်းစီအတွက် အခြေခံလုပ်ငန်းအဖွဲ့ကို ဖိတ်၍ လေ့လာမှု အကြောင်း အရာများကို အလုပ်လိုအပ်ချက်နှင့် ကိုက်ညီအောင် ပြင်ဆင်ပေးနိုင်ပါသည်။

(၂-က-၃) လုပ်ငန်းခွင်အကြို သင်တန်းတိုများ (Short courses) နှင့် လက်မှတ်ရသင် တန်း (Certificate Courses) များ

ဥပမာ - အခြေခံကွန်ပျူတာပညာကျွမ်းကျင်မှုများ (Basic Computer Skills)၊ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ (English for Specific Purposes e.g. Jobs)၊ ဒီဂျစ်တယ် ကျွမ်းကျင်မှု (Digital skills)၊ စာရင်းဇယား တွက်ချက်နည်းစနစ်များ (Data analysis)၊ စာရင်းအင်းပညာ (Statistics)၊ စိုက်ပျိုးမွေးမြူရေးဘွဲ့ရများအတွက် တောင်သူပညာပေး လုပ်ငန်းများ (Agro-extension methods)၊ အခြေခံစာရင်းကိုင်ပညာ (Basic accounting) စ သည့် လက်တွေ့ကျသင်တန်းများကို အမြန်စတင်ပေးသင့်ပါသည်။

(၂-ခ) ကာလတိုအလတ် (၆-လ– ၂၄ လ)

(၂-ခ-၁) သင်ရိုးညွှန်းတမ်း (Curriculum)၊ သင်ရိုးမာတိကာ (Syllabus) အပြန်အလှန် ညှိနှိုင်းရန်

ရလဒ်ကိုအခြေခံသောပညာရေး (Outcome-based education)၊ သတ်မှတ်ဘွဲ့ကို ရရှိရမည့် နိုင်ငံတကာအသိအမှတ်ပြု (Competencies) များ သတ်မှတ်၊ သင်ရိုးကို လုပ်ငန်း လိုအပ်ချက်နှင့် ချိန်ညှိ သင့်ပါသည်။

(၂-ခ-၂) လုပ်ငန်းခွင်အကြိုလုပ်ငန်းများ (Internship)၊ ပညာရေးနှင့်လက်တွေ့စက်ရုံ၊ အလုပ်ရုံ ဆက်သွယ်မှု (School-Industry Relationship)ကို တိုက်တွန်းရန်

တက္ကသိုလ်များအားလုံး ဘွဲ့ဒီဂရီတိုင်းအနည်းဆုံး ၃–၆ လ အလုပ်လက်တွေ့ လေ့ကျင့်မှု (Industry Placement) မရှိမဖြစ် ရယူရန် မူဝါဒ ချမှတ်သင့်ပါသည်။

(၂-ခ-၃) အသက်မွေးဝမ်းကျောင်းပညာ (TVET) နှင့် တက္ကသိုလ်ပူးပေါင်းမှု (Stackable credentials)

အသက်မွေးဝမ်းကျောင်းပညာ/ ကျွမ်းကျင်မှုစွမ်းရည် (Vocational skills) ကို တက္ကသိုလ် ဘွဲ့၊ ဒီဂရီများ ထပ်ဆောင်းသင်ကြားနိုင်အောင် ချိတ်ဆက်ပေးသင့်ပါသည်။ ဥပမာ - ဂျာမနီနိုင်ငံတွင် တက္ကသိုလ်များသို့ တိုက်ရိုက် မသွားဘဲ အသက်မွေး ဝမ်းကျောင်း သင်တန်းကျောင်းများမှ စတင်ခဲ့သော ကျောင်းသား/သူများ အတွက် အသုံးချသိပ္ပံ ပညာဘွဲ့ (Bachelor of Applied Sciences) ပေးသော တက္ကသိုလ်များ (Fachhochschule) နိုင်ငံအနှံ့၊ ပြည်နယ်/တိုင်း၊ မြို့ကြီးတိုင်းနီးပါးမှာ ရှိပါသည်၊ လက်တွေ့ ကျကျ 
အလုပ်လုပ်ရင်း ဘွဲ့၊ ဒီဂရီရရှိစေသော အစီအစဉ်များ ဖြစ်ပါသည်။

(၂-ခ-၄) စွန့်ဦးလုပ်ငန်းတီထွင်မှုများ၊ (Entrepreneurship Hub & Incubation) တည်ထောင်ပေးခြင်း

တက္ကသိုလ်ကျောင်းတက်ရင်း စီးပွားရေးစတင်လိုသူများအတွက် လုပ်ငန်း တည်ထောင်ပေးမှု၊ ကြီးကြပ်ပေးမှု၊ ထောက်ပံ့ကြေး (Incubation, Mentorship, Seed grants) များ ပံ့ပိုးနိုင်ရေး စီစဉ်ဆောင်ရွက်သင့်ပါသည်။

(၂-ဂ) ကာလတိုအလတ်(၆-လ– ၂၄ လ)

(၂-ဂ-၁) သင်ရိုးညွန်းတမ်း (Curriculum)၊ သင်ရိုးမာတိကာ (Syllabus) အပြန်အလှန် ညှိနှိုင်းရန်

ရလဒ်ကိုအခြေခံသောပညာရေး (Outcome-based Education)၊  နိုင်ငံတကာ အသိအမှတ်ပြုသော ဘွဲ့လက်မှတ်ကို ရရှိရမည့် (Com-petencies) များ သတ်မှတ်ကာ၊ သင်ရိုးကို လုပ်ငန်းလိုအပ်ချက်နှင့် ချိန်ညှိ သင့်ပါသည်။

(၂-ဂ-၂) လုပ်ငန်းခွင်အကြိုလုပ်ငန်းများ (Internship)၊ ပညာရေးနှင့်လက်တွေ့စက်ရုံ၊ အလုပ်ရုံ ဆက်သွယ်မှု (School-Industry Relationships/Partnerships) ကို တိုက်တွန်းရန်

တက္ကသိုလ်များအားလုံး ဘွဲ့ဒီဂရီတိုင်းအနည်းဆုံး ၃–၆ လအလုပ်လက်တွေ့လေ့ကျင့်မှု (industry placement) မရှိမဖြစ် ရယူရန် မူဝါဒ ချမှတ်သင့်ပါသည်။

(၂-ဂ-၃) အသက်မွေးဝမ်းကျောင်းပညာ (TVET) နှင့် တက္ကသိုလ်များပူးပေါင်းမှု (Stackable credentials)

အသက်မွေးဝမ်းကြောင်းပညာ/ကျွင်းကျင်မှုစွမ်းရည် (Vocational skills) ကို တက္ကသိုလ် ဘွဲ့၊ ဒီဂရီ များ ထပ်ဆောင်းသင်ကြားနိုင်အောင် ချိတ်ဆက်ပေးသင့်ပါသည်။ ဂျာမနီနိုင်ငံတွင် အသက်မွေးဝမ်းကျောင်းဘက်ကို စတင်ခဲ့သော ကျောင်းသား/သူများအတွက် အသုံးချသိပ္ပံပညာဘွဲ့ (Bachelor of Applied Sciences) ပေးသော တက္ကသိုလ်များ (Fachhochschule) နိုင်ငံအနှံ့၊ ပြည်နယ်/တိုင်း၊ မြို့ကြီးတိုင်း နီးပါးမှာ ရှိပါသည်။ လက်တွေ့ကျကျ အလုပ်လုပ်ရင်း ဘွဲ့၊ ဒီဂရီရရှိစေသော အစီအစဉ်များ ဖြစ်ပါသည်။

(၂-ဂ-၄) စွန့်ဦးလုပ်ငန်းတီထွင်မှုများ၊ (Entrepreneurship Hub & Incubation) တည်ထောင်ပေးခြင်း

တက္ကသိုလ်ကျောင်းတက်ရင်း စီးပွားရေးစတင်လိုသူများအတွက် လုပ်ငန်း တည်ထောင်ပေးမှု၊ ကြီးကြပ်ပေးမှု၊ ထောက်ပံ့ကြေး (Incubation, Mentorship, Seed grants) များ ပံ့ပိုးနိုင်ရေး စီစဉ်ဆောင်ရွက်သင့်ပါသည်။

(၂-ဃ) ကာလရှည် (၂ နှစ်+)

(၂-ဃ-၁) နိုင်ငံအတွင်း ဘွဲ့ရများအချက်အလက် စနစ် (Graduate Tracer System) ရှိသင့်ခြင်း

ဘွဲ့ရတွေဘယ်လိုအလုပ်အကိုင်လုပ်ကိုင်နေသလဲ၊အလုပ်မရှိသူများ(Unemployed people) အကြောင်းရင်းကို တိုက်ရိုက်သိရှိဖို့ အမျိုး သားအဆင့်ဘွဲ့ရများအား ခြေရာခံသည့်အချက်အလက်စနစ် (National Graduate Tracking Database) တည်ဆောက် ထားသင့်ပါသည်။

(၂-ဃ-၂) စီးပွားရေးအခြေခံသော သုတေသနနှင့် စက်မှုလုပ်ငန်း ရန်ပုံငွေအခြေခံ သုတေသနများ (Commercialization & Industry-funded Research) ဆောင်ရွက်ခြင်း

တက္ကသိုလ်များမှဦးဆောင်သောသုတေသန (University-Led Research) ကို ဖောက်ထုတ်နိုင်အောင် မူပိုင်ခွင့်ဝါဒ၊ ဘာသာရပ်ဆိုင်ရာပါမောက္ခများ လွတ်လပ်စွာ သုတေသန လုပ်နိုင်ခွင့်၊ အစိုးရမှထောက်ပံ့မှု၊ စက်ရုံ၊ အလုပ်ရုံများ၊ ပုဂ္ဂလိက ငွေကြေး ပံ့ပိုးမှု (IP Policy, Spin-off support, Industry Co-funding) ပါဝင်လာသော သုတေသနများ ဖန်တီးပေးသင့်ပါသည်။

(၂-ဃ-၃) မူဝါဒအဆင့် — အဓိကပူးပေါင်းဆောင်ရွက်မှု

ပညာရေးဝန်ကြီးဌာန (Education Ministry)၊ အလုပ်သမားဝန်ကြီးဌာန (Labor Ministry)၊ တက္ကသိုလ်များအား ကြီးကြပ်နေရသော ဝန်ကြီးဌာနများ၊ ကုန်သည်ကြီးများ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (Industry Chambers e.g. UMFCCI) တို့ ပူးပေါင်း၍တစ်နိုင်ငံလုံးမဟာဗျူဟာ (Strategy)၊ ပညာရှင်နှင့်ကျွမ်းကျင်လုပ်သား လိုအပ် ချက်ကြိုတင်ခန့်မှန်းထားခြင်း (Labour Market Forecasting)၊ ပညာရပ်အလိုက် ကျွမ်းကျင်မှုကြိုတင်ခန့်မှန်းမှုသုတေသန (Skills Anticipation) ရေးဆွဲ၊ ဆောင်ရွက် သင့်ပါသည်။

(၃) ဘာသာရပ်အလိုက် အဆင့်သတ်မှတ်ထားခြင်း (Which disciplines to prioritize/to reform)

နိုင်ငံတကာတွင် မိမိနိုင်ငံဖွံ့ဖြိုးရေး၊ စီးပွားတိုးတက်ရေးအတွက်  အရေးကြီးပြီး အကျိုးရှိနိုင်သော ဘာသာရပ်များ နှစ်စဉ် ရေးဆွဲကာ အရေးကြီးမှုအလိုက် သတ်မှတ် ထားလေ့ရှိ ပါသည်။ မြန်မာနိုင်ငံအတွက်ဆိုလျှင်မူ အောက်ပါဘာသာရပ်များ သင်ကြား၊ သုတေသနပြုမှု ဖွံ့ဖြိုးတိုးတက်လာစေရန် ဦးစားပေးဆောင်ရွက်သင့်ပါသည်။ (စာရေးသူ၏ ပုဂ္ဂလိက ထင်မြင်ယူဆချက်သာဖြစ်ပါသည်။)

(၃-က) စိုက်ပျိုးမွေးမြူရေးနှင့် ၎င်းထွက်ကုန်များကူးသန်းရောင်းဝယ်ရေး (Agriculture & Agribusiness) — ဥပမာ- တန်ဖိုးကွင်းဆက်လုပ်ငန်း (Value-chain)၊ ရိတ်သိမ်းချိန် လွန်နည်းပညာ (Post-harvest technology)၊ စိုက်ပျိုးသီးနှံများကြိတ်ခွဲရေး (Agro-processing)၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာ များ (Agricultural technology) စသည်များ.

(၃-ခ) ကျန်းမာရေးစောင့်ရှောက်မှုနှင့်ဆက်စပ်ပညာရပ်များ (Healthcare & Allied Health Professions) — ဥပမာ - အခြေခံကျန်းမာရေးပြုစုစောင့်ရှောက်မှု (Primary Care)၊ သူနာပြု လုပ်ငန်းများ (Nursing)၊ ပြည်သူ့ကျန်းမာရေး (Community Health) စသည်များ. (ဥပမာ - ဖိလစ်ပိုင်နိုင်ငံတွင် ကျွမ်းကျင်သူနာပြုများစွာမွေးထုတ်၍ တစ်ကမ္ဘာလုံး အလုပ် လုပ်စေကာ နိုင်ငံခြားဝင်ငွေများစွာရရှိနေခြင်း (၂၀၂၄-ခုနှစ်စာရင်းဇယားအရ ဖိလစ်ပိုင်မှ သူနာပြု ၃-သိန်းကျော် နိုင်ငံတကာတွင် အလုပ်လုပ်ကိုင်ပြီး သူ့နိုင်ငံအတွက် နိုင်ငံခြားငွေ ရှာဖွေပေးလျက်ရှိနေပါသည်။)

(၃-ဂ) အချက်အလက်နည်းပညာနှင့်အချက်အလက်သိပ္ပံ (ICT & Data Science) —     အခြေခံကုတ်စနစ် (Basic Coding)၊  ဒစ်ဂျစ်တယ်ဝန် ဆောင်မှု (Digital Services)၊ အဝေးထိန်းစနစ်ဖြင့် ဆောင်ရွက်ပေးနိုင်သော အခွင့်အလမ်းများ (Remote Work Opportunities, etc.) စသည်ဘာသာရပ်များ များပြားစွာဆောင်ရွက်သင့်ပါသည်။

(၃-ဃ) အင်ဂျင်နီယာပညာ Engineering (especially Agricultural, Civil, Mechanical, Electrical and Electronics, Mechatronic, Environmental and Food Engineering, etc.) — အခြေခံအဆောက်အအုံပြုပြင်တိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေး အင်ဂျင်နီယာ ပညာ၊ မြို့ပြ၊ စက်မှု၊ လျှပ်စစ်၊ ပတ်ဝန်းကျင် နှင့်အစားအစာ အင်ဂျင်နီယာပညာများ စသည်တို့ဖြစ်ပါသည်။

(၃-င) အသက်မွေးဝမ်းကျောင်းပညာများ/အသုံးချကုန်သွယ်မှုပညာ (TVET/Applied Trades) — ဥပမာ - နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရ လျှပ်စစ်ကျွမ်းကျင်သူ (Electricians)၊ ပိုက်ပြင် ကျွမ်းကျင်သူ (Plumbers)၊ စက်ပြင်/မက္ကင်းနစ် (Mechanics, etc.) များ စသည်တို့ဖြစ်ပါသည်။

(၃-စ) စီးပွားရေး၊ ပညာရေးနှင့်သက်ဆိုင်သော ဘာသာရပ်များ (Economic and Educational Disciplines) ဥပမာ - ကုန်သွယ်မှု/ကုန်သွယ်ရေး (Commerce/Trade)၊ ဘဏ်စနစ် (Banking)၊ ပညာရေးစိတ်ပညာ (Educational Psychology)၊ အဆင့်မြင့် ပညာရေးသုတေသန (Tertiary Education Research, etc.) စသည် တို့ဖြစ်ပါသည်။

(၃-ဆ) အသေးစားသီးသန့် ထပ်မံဦးစားပေးသင့်သော ဘာသာရပ်များ (Other Disciplines) လူမှုရေးသိပ္ပံနှင့်အခြေခံသဘောတရားသိပ္ပံ (Social Sciences/ Pure Theoretical Disciplines) များကို လက်တွေ့ကျ အတတ်ပညာနှင့် ပေါင်းစပ်ပေးရန် ဥပမာ - ဆက်သွယ်ရေး၊ ဒီဂျစ်တယ်ဆက်သွယ်မှု၊  (e.g., Communication + Digital Media, Language ဘာသာစကား - ဥပမာ - အင်္ဂလိပ်စာ၊ ဘာသာပြန် နည်းပညာများ (+ Translation Services, etc.) စသည်တို့ဖြစ်ပါသည်၊

(၄) စနစ်ကျ အကောင်အထည်ဖော်ရန် အချို့သော အဓိကစွမ်းဆောင်မှုအချက် အလက်များ (KPI – Key Performance Indicators) များ (ဖြစ်နိုင်ရင် တိုင်းတာ သင့်ပါသည်)

(၄-က) ဘွဲ့ရအလုပ်အကိုင်ရရှိမှုနှုန်း (Graduate employment rate) ဘွဲ့ရပြီး ၆လ မှ ၁၂ လအကြာ (6 months and 12 months after Graduation) — ရည်မှန်းချက်ရာခိုင်နှုန်း (Target: 75% within 12 months) (သို့) ဆက်စပ်အကြောင်းအရာရည်မှန်းချက်များ (Context-sensitive target).    နမူနာအားဖြင့် စင်္ကာပူနိုင်ငံ၊ နန်းယန်းနည်းပညာ တက္က သိုလ် (NTU - Nanyang Technological University) မှစစ်တမ်းကောက်၊ သုတေသ န ပြုထားသော ထိုတက္ကသိုလ်ဘွဲ့ရများ၏ အလုပ်အကိုင်ရရှိမှုရာခိုင်နှုန်းကို 
ဇယား-၂တွင်ပြထားပါသည်-

(၄-ခ) အလုပ်ရှင်ကျေနပ်မှုရမှတ်များ (Employer Satisfaction Score) —     နှစ်စဉ် ကောက်ယူသင့်ပါသည်။ ဥပမာ - ရမှတ် ၁ မှ ၅ Annual Survey (Scale 1–5).

(၄-ဂ) ဘွဲ့ရအလုပ်သင်ပြုလုပ်ပေးနိုင်မှုရာခိုင်နှုန်း (Percentage of Graduates Completing Internships) — ၃ နှစ် အတွင်း ၈၀ ရာခိုင်နှုန်းရရှိရန် ရည်မှန်းချက် (Target: 80% within 3 years) ထားသင့်ပါသည်။

(၄-ဃ) စက်မှုပံ့ပိုးစီမံချက်အရေအတွက်၊ စုစုပေါင်းသုတေသနရန်ပုံငွေရာခိုင်နှုန်း (Number of Industry-funded projects/Total Research Funding %) —     နှစ်စဉ်တိုးတက်ရပါမည်။ (Increase year-on-year). သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်မှု အသုံးစရိတ် (R&D – Research and Development) ဦးစားပေး သုံးစွဲရ ပါမည်။

(၄-င) နှစ်စဉ်သင့်တော်သော အရည်အချင်းရှိသူများ စစ်တမ်းကောက်ယူထားခြင်း (Number of Micro-credentials Issued Yearly) — ခြေရာခံစနစ်သုံး ဆောင်ရွက် သင့်ပါသည်။ (Track Demand, etc). စသည်တို့ဖြစ်ပါသည်။

စာရေးသူ၏အတွေးတစ်စ

ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သော စာရေးသူတို့နိုင်ငံတွင် မိသားစုများ၊ မိဘများအားလုံး မိမိ သားသမီးများအတွက် အဆင့်မြင့်ပညာ၊ တက္ကသိုလ်ပညာ၊ အသက်မွေးဝမ်းကျောင်း ပညာရင်းနှီးပေးဆပ်ရမှုများမှာ လူတိုင်း/မိသားစုတိုင်းအတွက် ကုန်ကျစရိတ် များပြားလှပါသည်။ ထို့ကြောင့် ကျောင်းသား/ကျောင်းသူများ ဘွဲ့ရရှိပြီးပါက မိမိသင်ကြား၊ သင်ယူခဲ့သော ဘာသာရပ်များနှင့် တိုက်ရိုက်သက်ဆိုင်သော အလုပ်အကိုင်များ ရရှိခြင်းဖြင့် မိသားစုအတွက်၎င်း၊ မိမိတိုင်းပြည်အတွက်၎င်း မိမိတို့ကျောင်း၊ တက္ကသိုလ်များ၌ သုံးစွဲခဲ့ရသော ငွေကြေးကုန်ကျမှုကို အချည်းအနှီး မဖြစ်စေဘဲ အကျိုးပြုနိုင်မည် ဖြစ်နိုင်ပါကြောင်း စိတ်ရင်း၊ စေတနာဖြင့် ရေးသားဆွေးနွေးလိုက်ရပါသည်။                

ဒေါက်တာမျိုးကြွယ်

(ဆက်လက်ဖော်ပြပါမည်)