ဈေးကွက်သစ် ၂ ခုသို့ လောင်ဂန်သီးတင်ပို့မှု ထိုင်းနိုင်ငံ တိုးချဲ့လျက်ရှိ

ထိုင်းနိုင်ငံ၏ Platinum Fruit သစ်သီးကုမ္ပဏီ သည် ဗြိတိန်နှင့် နယ်သာလန်နိုင်ငံတို့ကို ပစ်မှတ်ထားပြီး ဥရောပသို့ လတ်ဆတ်သော လောင်ဂန်သီးတင်ပို့မှု တိုးချဲ့ ရန်ပြင်ဆင်နေသည်။ ကုမ္ပဏီသည် ၎င်း၏ ဒူးရင်းဈေးကွက်ကို တရုတ်နိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ မြောက်ပိုင်းသို့ တိုးချဲ့ ရောင်းချရန် ညှိနှိုင်းနေပြီး ဒူးရင်းနှင့် ကောက်ညှင်းရောစပ်ထားသည့် ထုတ်ကုန် အသစ်နှင့် မိတ်ဆက်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။
အမှုဆောင်အရာရှိချုပ် Natthakrit Eiamsakul က ဟောင်ကောင်တွင် Asia Fruit Logistica 2025 တွင် အစီအစဉ်များကို အတည်ပြုခဲ့သည်။ထိုင်းနိုင်ငံမှ သစ်သီးဝလံများဖြစ်သော အထူးသဖြင့် ဒူးရင်းနှင့်လောင်ဂန်သီးသည် နိုင်ငံတကာ ဝယ်လက်များ အလိုချင်ဆုံးထဲတွင် ဆက်လက် ပါ ဝင်နေကြောင်း သူက မှတ်ချက်ပြုပြောသည်။
ဥရောပဈေးကွက်များတွင် ယူကေ နှင့် နယ်သာလန်ကဲ့သို့သော နိုင်ငံများက စိတ်ဝင်စားမှု တိုးမြင့်လာမှုကြောင့် လတ်ဆတ်သော လောင်ဂန်သီးအတွဲများကို သတိပြုမိလာကြသည်။
“အရင်တုန်းကတော့ တချို့နိုင်ငံတွေက ၎င်းသစ်သီးများအကြောင်း မသိတာ သို့မဟုတ် တစ်ခါမှ မမြည်း စမ်းဖူးပေမယ့် ကျွန်တော်တို့ ခင်းကျင်း ပြသထားတဲ့ ပရီမီယံအဆင့် လတ် ဆတ်တဲ့ လောင်ဂန်သီးကို မြည်းစမ်းကြည့်တော့ အရသာကို ကြိုက်ကြတယ်” ဟု Eiamsakul က ပြော သည်။
"သယ်ယူပို့ဆောင်ရေး ကန့်သတ် ချက်များလျှော့ချပေးခြင်းဖြင့် အသီး ၏ သက်တမ်းကို ကူညီ ပေးနိုင်သည်ဟု သူက ဆက်လက်ပြောသည်။ လောင်ဂန်သီးသည် အိန္ဒိယနိုင်ငံတွင်လည်း ၎င်း၏ ဖောက်သည်များကို တိုးချဲ့လျက်ရှိပြီး အသေးစိတ်အချက်အလက်များကို အပြီးသတ်နေဆဲဖြစ် သည်။ ကုမ္ပဏီ၏ အဓိကလောင်ဂန်သီးဈေးကွက်မှာ အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံတို့တွင် ကျန်ရှိနေဆဲဖြစ်သည်။
အဆင်သင့်စားသုံးနိုင်သော ထုတ်ကုန်သည် ဥရောပကုန်သည်များထံမှ အာရုံစူးစိုက်မှုကို ရရှိခဲ့သည်။ ကုမ္ပဏီသည် GAP နှင့် Global GAP စံနှုန်းများနှင့် ကိုက်ညီသော သစ်သီး ခြံရင်းမြစ် များမှ အသီးအနှံများကို ရယူကာ ထောက်ပံ့ ရေးကွင်းဆက်တစ်လျှောက် အရည် အသွေး ထိန်းသိမ်း ရန် အအေးပေးကွင်းဆက်သယ်ယူပို့ဆောင်ရေးတွင် ရင်းနှီးမြှုပ်နှံထားသည်။
လောင်ဂန်သီးကို လက်ရှိတွင် တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ နယူးဇီလန်နှင့် ဗြိတိန် နိုင်ငံတို့ ကိုတင်ပို့လျက်ရှိကြောင်း သိရှိရသည်။
ဖုန်းမြတ်ဝင်းမောင်မောင်
https://www.freshplaza.com/asia/article/9764695/thailand-expands-longan-exports-to-2-new-markets/