တပ်ကုန်းမြို့နယ်ကြံစိုက်ခင်းများအား ပညာရှင်များ၊ ဝန်ထမ်းများ ပူးပေါင်းကွင်းဆင်း

တပ်ကုန်း၊ စက်တင်ဘာ ၁၆
နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်တွင်း ကြံဧရိယာ ၈၉၄ ဧကစိုက်ပျိုးထားလျက်ရှိရာ ပျဉ်းမနားစိုက်ပျိုးရေးသုတေသန (ကြံခြံ) မှ ခြံတာဝန်ခံ ဒေါက်တာအိအိခိုင် ဦးဆောင်သည့်အဖွဲ့နှင့် မြို့နယ်စိုက်ပျိုးရေးဝန်ထမ်း ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၆ရက် မွန်းလွဲပိုင်းက ထုံးဘိုကျေးရွာ၊ တောင်သူ ဦးမြဝင်း၊ ကွင်းအမှတ် ၁၃၇၂၊ ကြံစိုက်ဧက ၁၀၀ ခန့်တွင် ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိအခြေအနေအား ကွင်းဆင်းပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကြံစိုက်ခင်းများအား ကွင်းဆင်းပညာပေးဆောင်ရွက်ရာတွင် စီးပွားထိခိုက်မှုအဆင့် (Economic Threshold Level) အဆင့်ထိ ကျရောက်မှု မတွေ့ရှိရဘဲ ဖျက်ပိုးအနည်းငယ်သာ တွေ့ရှိရသည့်အတွက် ကြံစိုက်ပျိုးသည့် တောင်သူများအား ကြံရွက်ချခြင်း၊ ပေါင်းရှင်းခြင်း လုပ်ငန်းများဆောင်ရွက်ရန်၊ သတ်မှတ်နှုန်းထားနှင့်အညီ ပိုးသတ် ဆေးစနစ်တကျ သုံးစွဲနိုင်ရေး ကွင်းဆင်းပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်