မန္တလေးဈေးကွက်

(မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်း၊ ကိုင်းတန်းဈေး၊ သီရိမာလာဈေးတို့မှ ၁၀-၉-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။)
ဆန်ဈေးကွက်
မန္တလေးဈေးကွက်တွင် ဆန်ဈေးနှုန်းအနေဖြင့် ရန်ကုန်ပေါ်ဆန်း၊ ငစိန်နှင့် ဇီယာဆန်တို့မှာ ရန်ကုန်ဈေးကွက်မှတစ်ဆင့် ဝင်ရောက်ပြီး အဝင်ပုံမှန် မြို့တွင်းသုံးပုံမှန် စားသုံးမှုပုံမှန်ရှိခြင်းကြောင့် ရန်ကုန် ပေါ်ဆန်းတစ်အိတ် ၁၂၅၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းတစ်အိတ် ၁၅၀၀၀၀ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ ငစိန်ဆန်မှာ နွေစပါးအသစ်များ ဝင်ရောက်မှု ရှိပြီး၊ နယ်ဝေးတင်ပို့ရမှုမရှိဘဲ မြို့တွင်း လုပ်ငန်းသမား အဝယ်ပုံမှန်သာရှိခြင်းကြောင့် တစ်အိတ် ၆၄၀၀၀ကျပ် မှ ယခုအပတ် ၆၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ဇီယာဆန်မှာမူ အဟောင်းလက်ကျန်နည်းခြင်း၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် ယခင်အပတ် ၉၂၀၀၀ကျပ်မှ ၉၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး အသစ်မှာ အဝင်နည်းခြင်းကြောင့် အကောင်းဆုံးတစ်အိတ် ၆၅၀၀၀ကျပ်မှ ၇၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
မနောသုခဆန်မှာ အဟောင်းလက်ကျန်ပစ္စည်းရှားသွားပြီး အသစ်မျာကိုသာ စားသုံးရန် ဝယ်ယူမှုများ ခြင်းကြောင့် တစ်အိတ် ၇၂၀၀၀ကျပ်မှ ၇၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
ဧရာမင်းဆန်းမှာ အဝင်ပုံမှန် မြို့တွင်းသုံးပုံမှန်ရှိခြင်း ရံဖန်ရံခါလမ်းပန်းဆက်သွယ်ရေးအခြေအနေ အရ မန္တလေးဝန်းကျင်နှင့် မိုးမိတ်၊ ရွှေကူသို့ အမှာတင်ပို့ရမှုရှိခြင်းကြောင့် ယခင်အပတ် တစ်အိတ် ၁၂၅၀၀၀ကျပ်မှ ၁၃၃၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
ဆီထွက်သီးနှံနှင့် စားသုံးဆီဈေးကွက်
မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ(လုံးဆန်)မှာ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိသော်လည်း ဆောင်းလက်ကျန်မှာ လှောင်သမားထံမှ ဝယ်ရခြင်း၊ မိုးမြေပဲဝင် ရောက်မှုနည်းသေးခြင်းကြောင့် ၁၀၀ပိဿာ အရည်အသွေးပေါ်မူတည်၍ အရည်အသွေးအကောင်းဆုံး ၇၅၅၀၀၀ ကျပ်မှ ၇၆၀၀၀၀ ကျပ်သို့လည်း ကောင်း မြင်းမူဆန်မှာ ၇၇၀၀၀၀ကျပ်၊ နွးထိုးလုံးဆန် ၈၁၀၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ မြေပဲ(ဆီဆန်)မှာလည်း ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်း ဆောင်းလက်ကျန်နည်း ခြင်း လှောင်သမားထံမှ ဝယ်ရခြင်း၊ မိုးမြေပဲဝင်ရောက်ချိန်နီးခြင်းကြောင့် တပ်ကုန်းဆန် အရည်အသွေးအကောင်းဆုံး ၁၀၀ ပိဿာ ၆၈၀၀၀၀ ကျပ်မှ ၆၈၅၀၀၀ ကျပ်သို့ ဈေးမသိမသာ မြင့်သွားပြီး၊ နွားထိုးဆန် အကောင်းဆုံး ၁၀၀ပိဿာ ၇၃၀၀၀၀ကျပ်မှ ၇၆၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် မိုးနှမ်းစတင်ဝင်ရောက်မှုရှိသော်လည်း အဝင်နည်းသေးခြင်း လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် နှမ်းဖြူ ၄၅ ပိဿာ အရည်အသွေးအကောင်းဆုံး ၂၇၅၀၀၀ကျပ်မှ ၂၈၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ နှမ်းညိုမှာလည်း မိုးနှမ်းအဝင်နည်းသေးခြင်း ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၄၅ ပိဿာ ၂၆၅၀၀၀ ကျပ်မှ ၂၇၅၀၀၀ကျပ်သို့ ဈေးမြင့်နေသည်။ နှမ်း နက်မှာမူ ပြည်ပပို့ရန်အဝယ်ရှိသော နှမ်းအမျိုးအစားဖြစ်ခြင်းကြောင့် အက်ဆစ်ပါဝင်မှုကို စမ်းသပ်၍ အက်ဆစ်ပါဝင်မှုပေါ်မူတည်၍ အက်ဆစ်ပါဝင်မှုအနည်းဆုံး ၇၅၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မိုးနှမ်းကြားများလည်း ဝင်ရောက်မှုရှိပြီး ၄၅ ပိဿာ ၂၈၅၀၀၀ကျပ်ဖြင့် ဆီစက်သမား ဝယ်ယူမှုရှိသည်။ ပန်းနှမ်းဈေးနှုန်းမှာ အထွက်နည်း၊ အဝင်နည်း၊ ပစ္စည်းရှားသော် လည်း ရောဆီအထွက်စက်သမား၊ ပရဆေးသမား လက်လီသမားအဝယ်နည်းခြင်းကြောင့် ယခင်အပတ် ၄၅ ပိဿာ ၃၃၀၀၀၀ ကျပ်မှ ၂၉၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
နေကြာဈေးနှုန်းအနေဖြင့် မိုးနေကြာ ဝင်ရောက်မှုရှိခြင်း၊ ဆီစက်သမားအဝယ်နည်းခြင်း၊ အရည်အ သွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် အရည်အသွေးအညံ့ဆုံး ၂၇ ပိဿာ ၁၆၀၀၀၀ကျပ်မှ အကောင်း ဆုံး ၁၈၀၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။ ဆီဈေးနှုန်းအနေဖြင့် ပဲဆီနှင့်နှမ်းဆီကိုသာ ရောင်းဝယ်မှုများပြီး ပဲဆီ ၁ ပိဿာ ၁၄၀၀၀ မှ ၁၅၀၀၀ကျပ်၊ နှမ်းဆီ ၁ ပိဿာ ၁၂၅၀၀ကျပ် ဈေးရှိကြောင်းသိရသည်။
စားဖိုဆောင်သီနှံဈေးကွက်
မန္တလေးကိုင်းတန်းဈေးတွင် ငရုတ်ခြောက်(ရှည်)မှာ သာစည်၊ ပျော်ဘွယ်၊ ကျောက်ဆည်၊ ကူမဲတို့မှ အဝင်မရှိသေးခြင်း၊ ရန်ကုန်ဘက်မှဝင်သော အသီးများသာရှိခြင်းကြောင် တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၂၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ငရုတ်ခြောက်(ပွ)မှာ ဧရာဝတီ Air con ပွများဖြစ်၍ အဝင်များ အရောင်းအဝယ်အေးခြင်းကြောင့် တစ်ပိဿာ ၂၅၅၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
ကြက်သွန်နီဈေးကွက်းမှာ မြစ်သား၊ မုံရွာ၊ နယ်စုံကြက်သွန်များ အဝင်များခြင်း၊ လမ်းပန်းဆက်သွယ် ရေးအရ နယ်ဝေးတင်ပို့ရမှုနည်း၍ ကြီးတစ်ပိဿာ ၁၅၀၀ကျပ်၊ လတ်တစ်ပိဿာ ၁၂၀၀ကျပ် ဈေးဖြင့် တည်ငြိမ်နေပြီး သေးတစ်ပိဿာ ၈၀၀ ကျပ်မှ ၆၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်း ဝယ်နေသည်။
ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်ပုံမှန်မရှိခြင်းကြောင့် တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေပြီး ကြက်သွန်ဖြူ(ရှမ်း) အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၃၀၀၀ကျပ်မှ ၇၀၀၀ကျပ်ထိ အရည် အသွေးပေါ်မူတည် ရောင်းချနေသည်။
ကြက်သွန်ဖြူ(မြန်မာ)မှာ လက်ကျန်များသာဝင်ရောက်ခြင်း၊ ပစ္စည်း ရှားခြင်းကြောင့် အရည်အသွေး ပေါ်မူတည်ပြီး အညံ့ဆုံးတစ်ပိဿာ ၉၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းချမှုရှိသည်။
အာလူးမှာ တရုတ်အာလူးများဝင်ရောက်မှုမရှိဘဲ ဒေသသီးများသာ အောင်ပန်းဘက်မှဝင်ရောက်ခြင်း အဝင်နည်းခြင်းကြောင့် မြို့တွင်းစားသုံးမှုသာရှိသော်လည်း တစ်ပိဿာ ၇၅၀၀ ကျပ်ထိ ဈေးမြင့်နေသည်၊
ချင်းဈေးနှုန်းနေဖြင့် အောင်ပန်းမှ ချင်းဆစ်များဝင်ရောင်မှုရှိခြင်း အစိုဓာတ်ပါဝင်မှုကြောင့် တစ်ပိဿာ ၂၀၀၀ကျပ်၊ ချင်းဟောင်းတစ်ပိဿာ ၃၅၀၀ကျပ်ဖြင့် ချင်းထိုးသမား လက်လီသမား ပုံမှန်ဝယ်ယူမှုရှိသည်။
ပဲမျိုးစုံဈေးကွက်
မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံတို့အနက် မတ်ပဲဈေးနှုန်းမှာ အဝင်ပုံ မှန်ရှိပြီး ရန်ကုန်ဝယ်လက်နည်းခြင်းကြောင့် ကျောက်ရစ်ပဲ ၃တင်းတစ်အိတ် ၂၈၀၀၀၀ကျပ်မှ ၂၇၀၀၀၀ကျပ် သို့ ဈေးမသိမသာနိမ့်သွားပြီး အညာပဲများမှ ပဲခွဲစက်များ ပုံမှန်ဝယ်ယူမှုရှိခြင်း၊ အဝင်နည်းသွားခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၃တင်းတစ်အိတ် ၂၀၀၀၀၀ကျပ်မှ ၂၅၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
ပဲတီစိမ်း(အညာ)မှာ ပဲခွဲစက်များ ပုံမှန်ဝယ်ယူမှုရှိခြင်း၊ လမ်းပန်း ဆက်သွယ်ရေးကြောင့် အဝေးတင်ပို့ရန် အဝယ်နည်းခြင်းကြောင့် ၃တင်းတစ်အိတ် အရည်အသွေးအကောင်းဆုံး ၃၀၅၀၀၀ကျပ်မှ ၃၁၀၀၀၀ကျပ် သို့ ဈေးမသိမသာမြင့်သွားသည်။ ခြံများတွင် စိုက်သောပဲများလည်း ဝင်ရောက်ပြီး မိုးပဲအဝင်နည်းသေးခြင်း၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် အနိမ့်ဆုံး ၃တင်းတစ်အိတ် ၁၇၀၀၀၀ကျပ်မှ အကောင်းဆုံး ၂၆၅၀၀၀ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ခွဲစက်များဝယ်ယူမှုရှိသည်။
ပဲစင်းငုံ(ဖြူ/နီ)တို့မှာ ရန်ကုန်ဝယ်လက်နည်းခြင်း ပဲခွဲစက်များအဝယ်နည်းခြင်းကြောင့် ပဲစင်းငုံ(နီ) ၃တင်းတစ်အိတ် ၂၃၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲစင်းငုံ(ဖြူ)မှာ လက်ကျန်များ အရောင်းအဝယ်အေးခြင်းကြောင့် ၂၃၂၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။
ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ မိုးပဲမဝင်သေးသော်လည်း အဝေးတင်ပို့ရမှုနည်း၍ လက်ကျန်များခြင်း၊ လုပ်ငန်းသမားပုံမှန်ဝယ်ယူမှု ရှိခြင်းကြောင့် ၃တင်း တစ်အိတ် ၃၇၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲပုတ်(ရှမ်း)မှာ မိုးပဲမဝင်သေးခြင်း၊ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်း၊ ဆောင်းလက်ကျန်နည်း၍ လှောင်သမား ထံမှ ဝယ်ရခြင်းကြောင့် ၃တင်းတစ်အိတ် အရည်အသွေးအကောင်းဆုံး ၂၆၅၀၀၀ကျပ်မှ ၂၈၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
ကုလားပဲ(လုံးဖြူကြီး)မှာ အဝင်နည်းလက်ကျန်နည်းပြီး လှောင်သမားထံမှ ဝယ်ရခြင်း၊ လုပ်ငန်း သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ယခင်အပတ် ၂၅၃၀၀၀ကျပ်မှ ၂၅၅၀၀၀ကျပ်သို့ ဈေး မသိမသာမြင့်သွားပြီး လုံးဝါကြီးမှာလည်း လက်ကျန်နည်းပြီး ပဲခွဲစက်များ၊ ပဲကြော်/လှော် လုပ်ငန်းသမားများ ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ၂၃၅၀၀၀ ကျပ်မှ ၂၃၈၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ ကုလားပဲ (ခွဲခြမ်း)မှာ ပဲစိုများအဝင်ရှိခြင်း၊ မိုးတွင်းကာလ အသီးအရွက်ပေါခြင်းကြောင့် လက်ကျန်များပြီး တစ်ပိဿာ ၆၀၀၀ကျပ်မှ ၅၈၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။
ပဲယင်းနှင့် စားတော်ပဲ (ကျွန်း)မှာ အဝင်ပုံမှန် လက်လီသမားအဝယ်ပုံမှန်၊ ကြာဇံသမားအဝယ် ပုံမှန်ရှိခြင်းကြောင့် ပဲယင်း ၃တင်းတစ်အိတ် ၂၃၅၀၀၀ ကျပ်မှ ၂၃၃၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး စားတော်ပဲ (ကျွန်း)မှာ ၃တင်းတစ်အိတ် ၆၆၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
မြေထောက်ပဲမှာ မုံရွာမှ အပြင် အညာဘက်မှလည်း ဝင်ရောက်ခြင်း၊ ပဲအရည်အသွေးပေါ်မူ တည်၍ ဈေးကွာခြားခြင်း၊ ပဲကြော်/လှော်သမား ပုံမှန်ဝယ်ယူသော်လည်း မုံရွာနှင့် အညာဝင်ရောက်မှု များခြင်းကြောင့် မုံရွာပဲ အရည်အသွေး အကောင်းဆုံး ၂၅၀၀၀၀ကျပ်၊ အညာပဲ ၂၉၀၀၀၀ကျပ်ဖြင့် ရောင်း ဝယ်နေသည်။
ပဲကြီး(ကြီး)နှင့် ထောပတ်ပဲ (ကြီး) မှာ မိုးပဲ အဝင်နည်းသေးခြင်း၊ လုပ်ငန်းသမားအဝယ်ပုံမှန် ရှိခြင်းကြောင့် ပဲကြီး(ကြီး) ၃တင်းတစ်အိတ် ၄၀၀၀၀၀ကျပ်၊ ထောပတ်ပဲ (သေး)မှာ အရောင်းအဝယ် အေးခြင်းကြောင့် တစ်အိတ် ၂၅၀၀၀၀ကျပ်မှ ၂၀၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး ပဲကြီး(သေး)မှာ လက်လီ သမားအဝယ်များခြင်း၊ မိုးပဲမဝင်သေးခြင်းကြောင့် တစ်အိတ် အရည်အသွေးအကောင်းဆုံး ၃၂၀၀၀၀ကျပ်မှ ၃၄၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဈေးကွက်
မန္တလေးကိုင်းတန်းဈေးတွင် သစ်သီးဝလံဈေးနှုန်းအနေဖြင့် ပန်းသီး ၁၈၀လုံးပါ တစ်ဖာ ၂၀၀၀၀၀ကျပ်၊ မုံရွာ ချောင်းဦး၊ ကျောက်ဆည်ဘက်မှ ဖရဲသီးများ အဝင်များပြီး အရည်အသွေးပေါ်မူတည်၍ တစ်လုံး ၁၀၀၀မှ ၃၀၀၀ကျပ်၊ ရွာငံ၊ အောင်ပန်း၊ ပြင်ဦးလွင်မှ ထောပတ်သီး ၁၂၀ လုံးပါ တစ်အိတ် အရည်အသွေးပေါ်မူတည်၍ ၃၀၀၀၀မှ ၄၀၀၀၀ကျပ်၊ ရမည်းသင်း စပျစ်သီး တစ်ပိဿာ ၁၂၀၀၀မှ ၁၅၀၀၀ကျပ်၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ မုံရွာတို့မှ သခွားမွှေး၊ ရွှေသခွားမွေးများ လှိုင်လှိုင်ဝင်ရောက်ပြီး တစ်လုံး ၃၀၀၀မှ ၄၀၀၀ကျပ်၊ နဂါး မောက်သီးများ အဝင်နည်းသွားသဖြင့် ၁၈လုံး ပါတစ်ဖာ ၃၀၀၀၀ကျပ်ဖြင့် ပြင်ဦးလွင်၊ တန့်ဆည်၊ ပြည်၊ မုံရွာနှင့် အမှာရှိသော မြို့များသို့ တင်ပို့သည်။
ဟင်းသီး/ရွက်အနေဖြင့် ငရုတ်စို (ရှည်)များ သာစည်၊ မိတ္ထီလာတို့မှ ဝင်ရောက်မှုရှိခြင်း၊ အဝေး တင်ပို့ရမှုမရှိဘဲ မြို့တွင်းလုပ်ငန်းသမားအဝယ်သာရှိခြင်းကြောင့် တစ်ပိဿာ ၂၅၀၀ကျပ်၊ ငရုတ်စို(လတ်) များ မုံရွာ၊ ချောင်းဦးမှ ဝင်ရောက်ပြီး တစ်ပိဿာ ၄၀၀၀ကျပ် ဈေးရှိသည်။ ခရမ်းချဉ်(ရှမ်းတောင်) မှာ လည်း အဝင်များဖြင့် နယ်ဝေးတင်ပို့ရမှုမရှိခြင်း၊ မြို့တွင်းသုံးသာရှိခြင်းကြောင့် ၂၀ပိဿာ တစ်သေတ္တာ ၃၀၀၀၀မှ ၄၀၀၀၀ကျပ် ဈေးရှိသည်။
ဂျုံနှင့် အစေ့ထုတ်ပြောင်းဈေးကွက်
မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဂျုံဈေးနှုန်းများမှာ ငါန်ဇွန်၊ မြင်းမူ၊ မြောင်၊ ဘုတလင်၊ မုံရွာ၊ ဆားတောင် ဂျုံများမှာ ဂျုံစက်များ အဝယ်နည်း အရောင်းအဝယ်အေးခြင်းကြောင့် ၃တင်းတစ်အိတ် ၂၃၅၀၀၀ကျပ်၊ ရှမ်းဂျုံအရည်အသွေး အကောင်းဆုံး ၂၀၅၀၀၀ကျပ်ဖြင့် တည်ငြိမ်နေပြီး ကလေးဂျုံနှင့် အထွက်တိုးဂျုံမှာ အရောင်းအဝယ်ဖြစ်မှုနည်းခြင်း ကြောင့် ၂၀၀၀၀၀ကျပ်မှ ၁၉၅၀၀၀ကျပ်သို့ မသိမသာဈေးနိမ့်သွားသည်။ ဩစတေးလျဂျုံမှုန့်မှာ လက်လီသမား၊ မုန့်သမားအဝယ်များ သော်လည်း အဝင်များခြင်းကြောင့် တစ်ပိဿာ ၃၈၅၀ဖြင့် ဈေးတည်ငြိမ်နေသည်။
အစေ့ထုတ်ပြောင်းဈေးနှုန်းအနေဖြင့် မိုးပြောင်းများ ဝင်ရောက်မှုရှိခြင်းကြောင့် အစာစပ်သမား ပုံမှန်ဝယ်ယူမှု ရှိသော်လည်း ၃တင်းတစ်အိတ် ယခင်အပတ် ၈၇၀၀၀ကျပ်မှ ၈၃၅၀၀ကျပ်သို့ ဈေးနိမ့် သွားသည်။
ခင်မေကြည်