မြန်မာထောပတ်သီးများ စင်ကာပူနှင့် ထိုင်းနိုင်ငံသို့ တင်ပို့

မြန်မာထောပတ်သီးကို စင်ကာပူနှင့်ထိုင်းနိုင်ငံသို့ အဓိက တင်ပို့ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးထုတ်လုပ်သူနှင့် တင်ပို့ရောင်းချသူများအသင်းမှ သိရှိရပါသည်။ စက်တင်ဘာမှ ဒီဇင်ဘာအတွင်း ထောပတ်သီးထွက်ရှိမှုများသောကြောင့် ပြည်တွင်းဖူလုံမှုအပြင် နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချပါသည်။
Hass ၊ Buccaneer နှင့် Amaya ကဲ့သို့သော ထောပတ်သီးမျိုးကွဲများကို နိုင်ငံခြား ဝယ်လက်များထံသို့ အရောက်ပို့ပေးပါသည်။ မြန်မာနိုင်ငံတွင် Hass ထောပတ်သီးစိုက်ဧက ၂၀၀၀၀ ခန့်စိုက်ပျိုးထားရှိပါသည်။ ယခင်နှစ်ထောပတ်သီးအထွက်နှုန်းမှာ တန်ချိန် ၃၀၀၀ ခန့်ရှိခဲ့ပြီး ယခုနှစ် တွင် အထွက်နှုန်း တိုးမည်ဟု ခန့်မှန်းထားသည်။
စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာ နိုင်ငံ ထောပတ်သီး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MAVO) တို့ ပူးပေါင်း၍ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရန် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအဖွဲ့ (GACC) နှင့် မှတ်ပုံ တင်ရန် ကြိုးပမ်းလျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ ထောပတ်သီးထုတ်လုပ်သူနှင့် တင်ပို့ ရောင်းချသူ များအသင်း (MAVO) နှင့် ပူးပေါင်း၍ GACC ၏ အကောက်ခွန်စစ်ဆေးခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ အသိပညာပေးခြင်း အလုပ်ရုံ ဆွေးနွေး ပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း) စိုက်ပျိုးရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။
တရုတ်နိုင်ငံသို့ ထောပတ်သီးတင်ပို့ရန်အတွက် ပုံမှန်ပိုးမွှား ၆ မျိုး စမ်းသပ်ရာတွင် တောင်သူလယ်သမားများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း MAVO အတွင်းရေးမှူး ဦးကျော်စိုးက ပြောပါသည်။
MAVO ၏ဥက္ကဋ္ဌသည် ယခုရာသီတွင် ထောပတ်သီးတင်ပို့ရန်အတွက် စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ကို မျက်စိကျနေပြီး တောင်သူအများပိုင်ကုမ္ပဏီကိုတည်ထောင်ခဲ့ပြီး ဓာတ်မြေဩဇာ နှင့် ပိုးသတ်ဆေးကဲ့သို့သော သွင်းအားစုများကို အသင်းဝင်စိုက်ပျိုးသူများနှင့်အတူ အမြန်တင်သွင်းနိုင်ရန် ကူညီပေးမည်ဖြစ်သည်။ရှမ်းပြည်နယ် စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးမှူးမှ နှစ်စဉ် ထောပတ်သီး တင်ပို့မှုအခြေအနေများ၊ တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများကဲ့သို့သော ဈေးကွက်အလားအလာရှိသည့် နိုင်ငံများ၏ထောပတ်သီး တင်သွင်းမှု အခြေအနေများ၊ ဥရောပ စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည့် မြန်မာနိုင်ငံ၏ ထောပတ်သီး အရည် အသွေးလိုအပ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထောပတ်သီး စိုက်ပျိုးသူ ဦးရဲလင်းဦးက စိုက်ပျိုးသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏လက်ရှိအခြေအနေအရ အပင် အာဟာရ စီမံခန့်ခွဲမှုကို ဆွေးနွေးခဲ့ပြီး လယ်သမားများကလည်း ပို့ကုန်တိုးမြှင့်တင်ပို့ရန် ကတိပြုကြကြောင်း သိရှိရပါသည်။
ဟေမာန်အောင်မင်း
https://www.gnlm.com.mm/myanmar-avocados-bound-for-singapore-thailand/