ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တမန်းနှိုးကိရိယာဖြင့် တမန်းနှိုးခြင်း သရုပ်ပြပွဲ မြောင်းမြတွင်ကျင်းပ

ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တမန်းနှိုးကိရိယာဖြင့် တမန်းနှိုးခြင်း သရုပ်ပြပွဲ မြောင်းမြတွင်ကျင်းပ

မြောင်းမြ၊ ဇူလိုင်  ၁၉ 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း ဒေသခံတောင်သူများ အနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊  လုပ်သားအင်အားရှားပါးမှုပြဿနာ ဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း  ထွန်ယက်စိုက်ပျိုးနိုင်ရေး၊   တမန်းနှိုးရင်း ပေါင်းမြက်များရှင်းနိုင်ရေး နှင့် စပါးအထွက်နှုန်း ကောင်းမွန်စေရေးစသည့်  ကောင်းကျိုးများစွာရရှိစေရန်  ရည်ရွယ်၍    KUBOTA  SPV 6 CMD  ၃ စီး နှင့် တမန်းနှိုးကိရိယာ ၁၀ လက်တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်းနှင့် တမန်းနှိုးခြင်း သရုပ်ပြပွဲကို  ယနေ့နံနက်ပိုင်းက မြောင်းမြမြို့နယ်၊   ကံကြီးကျေးရွာ   ကွင်းအမှတ် ၂၂၃ ရှိ ဒေသခံတောင်သူ  ဦးစိုးမြင့်၏  လယ်မြေ ၅ ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါသရုပ်ပြပွဲသို့  မြောင်းမြခရိုင်စိုက်တိုးမြှင့်ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် ခရိုင်စိုက်တိုးမြှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ နှင့် ကံကြီး ၊ သပြေချောင် ၊ သမင်ခြံ ၊ မဒေါ့ပင်ကျေးရွာတို့ မှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်  ဒေသခံတောင်သူ  ၅၀ ဦးခန့်  စိတ်ပါဝင်စားစွာ  လာရောက်ကြည့်ရှု အား‌ပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ  သရုပ်ပြပွဲတွင်   KUBOTA  SPV  6  CMD  ကောက်စိုက်စက် အသုံးပြု၍ စိုက်ပျိုးရာတွင် စိုက်ခင်းလယ်မျက်နှာပြင်ညီညာရန်လိုအပ်ခြင်း၊ပျိုးဗန်းအတွင်းပျိုးထောင်ရန် နေရာအနည်းငယ်သာလိုအပ်ခြင်း၊  မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊  ကောက်ကွက်နှင့် ကောက်ပင်အတိမ်အနက်  လိုအပ် သလို  ချိန်ညှိစိုက်ပျိုးနိုင်ခြင်း ၊  ပျိုးသက်နုနုဖြင့်  စိုက်ပျိုးခြင်းကြောင့်   ပင်ပွားအရေအတွက်များများရရှိနိုင်ခြင်း၊ အချိန်တိုအတွင်း ဧကများစွာစိုက်ပျိုးနိုင်ခြင်းကြောင့် ရာသီဥတုပြောင်းလဲလာချိန်တွင်  အချိန်မီ အခါမီ  စိုက်ပျိုးနိုင်ခြင်း၊ တစ်ဧကကောက်ကွက် ပြည့်မီသဖြင့် စပါးအထွက်နှုန်းကောင်းမွန်ခြင်း နှင့် KUBOTA SPV 6 CMD နှင့် ၈ တန်းသွားမျိုးစေ့ချ ကိရိယာများ၏   စက်မှုပိုင်းဆိုင်ရာအချက်အလက်များကို   မြို့နယ်ဦးစီးဌာနမှူး  ဦးထက်ခေါင်ဝင်း  က  အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း  သတင်းရရှိသည်။     

AMD