မြန်မာနိုင်ငံမှ တန်ဖိုးမြှင့်ဆန်ထွက်ကုန်များ တင်ပို့ရန်စီစဉ်

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှ ဆန်နှင့် ဆန်ကွဲ ပုံမှန်တင်ပို့နေခြင်းအပြင် ဆန်ကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲတင်ပို့ရန် စီစဉ်နေကြောင်း သိရှိရပါသည်။
“သမားရိုးကျ ဆန်တင်ပို့ခြင်းထက် ဆန်မှုန့်နှင့် ဆန်ခေါက်ဆွဲကဲ့သို့သော တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရန် စီစဉ်နေကြောင်း” MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
ထို့အပြင် MRF သည် ဖွဲနုဆီထုတ်လုပ်ခြင်း၊ တင်ပို့ခြင်းနှင့် ပြည် တွင်းစားသုံးမှုအပြင် ပြည်တွင်း ဈေး ကွက်တွင် ဖွဲနုဆီကြိတ်ဖတ် ရောင်း ချခြင်းကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိ သည်။
MRF သည် ဇူလိုင် ၈ ရက်က စီးပွားရေးအတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆက်သွယ်မှုမှတစ်ဆင့် လုပ်ငန်းရှင်များအား အကြောင်းကြားပြီး ကိုရီးယားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် Global Issue Forum တွင်တွေ့ဆုံကာ ကိုရီးယားနည်းပညာကို အသုံး ပြု၍ ဆန်ခေါက်ဆွဲခြောက်နှင့် ဆန်ခေါက်ဆွဲအစိုထုတ်လုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလား အလာများကို ဆွေးနွေးခဲ့သည်။

MRF ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်၏ ပထမသုံးလပတ်တွင် ဆန်နှင့် ဆန်ကွဲ ၆၁၄၇၀၅ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၁၄ သန်း ရရှိခဲ့ကြောင်း သိရှိရသည်။
လင်းလဲ့ရည်အောင်
https://www.gnlm.com.mm/myanmar-plans-to-export-value-added-rice-products-2/