မန္တလေးဈေးကွက်

ဆန်
ရန်ကုန်ပေါ်ဆန်းမှာ မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်း၊ အဝင်နည်းခြင်းကြောင့် တစ်အိတ် ၁၁၀၀၀၀ကျပ်မှ ၁၂၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ရွှေဘိုပေါ်ဆန်းမှာ အဝင်ပုံမှန် စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ်ဖြင့် ဈေးတည် ငြိမ်နေသည်။
မနောသုခဆန်မှာ နွေစပါးစိုက်ထားဆဲဖြစ်ခြင်း၊ အဟောင်းလက်ကျန် နည်းသွားခြင်း၊ မြို့တွင်း သုံးပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၇၈၀၀၀ကျပ်မှ ၈၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ငစိန်ဆန်နှင့် ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှ တစ်ဆင့်ဝင်ရောက်သောဆန်ဖြစ်ခြင်း၊ အဝင်ပုံမှန်၊ လုပ်ငန်းသမားအဝယ်နည်းခြင်းကြောင့် ငစိန်ဆန်တစ်အိတ် ၇၂၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ဇီယာဆန်မှ အဝင်ပုံမှန်ရှိသော်လည်း ပြည်ပတင်ပို့သော ဆန်ဖြစ်၍ ပင်ရင်းဈေးမြင့်ခြင်းကြောင့် တစ်အိတ် ၈၅၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
ဧရာမင်းဆန်မှ အဝင်ပုံမှန်၊ မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဆီထွက်သီးနှံ
မြေပဲ(လုံးဆန်)မှာ ဆောင်းပဲအဝင်နည်းသွားခြင်း၊ မိုးပဲစိုက်ချိန်ဖြစ်၍ စိုက်ရန် ပြင်ဆင်စဖြစ်ခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၁၀၀ ပိဿာ ၉၇၀၀၀၀ကျပ်မှ အကောင်းဆုံး ၁၀၂၀၀၀၀ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။ မြေပဲ(ဆီဆန်)မှာ အဝင် ပုံမှန်၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၉၃၀၀၀၀ ကျပ်မှ ၉၇၀၀၀၀ ကျပ် ဖြင့် ရောင်း ဝယ်နေသည်။
နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် နှမ်းဖြူမှာ နွေနှမ်းမဝင်သေးခြင်း၊ လက်ကျန် နည်းခြင်းကြောင့် အရောင်းအဝယ်အေးသော်လည်း ၄၅ပိဿာ ၃၆၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းညိုမှာ နွေနှမ်းဝင်ချိန်နီး၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်း၊ ဆီစက်သမားပုံမှန်ဝယ်ယူမှုရှိခြင်း၊ အရည်အသွေးကောင်းအား ရွေးချယ်ဝယ်ယူမှုရှိခြင်းကြောင့် အညံ့ဆုံး ၄၅ပိဿာ ၃၀၅၀၀၀ ကျပ်မှ အကောင်း ဆုံး ၃၃၀၀၀၀ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။ နှမ်းနက်မှာ ရိုးရိုးနှမ်းနက် အဝင်ပုံမှန်၊ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ပိဿာ ၅၃၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး နှမ်းနက် (စမုံ)မှာ တရုတ်ဝယ်လက်မှ အရည်အသွေးကောင်းများအား ရွေးချယ်ဝယ်ယူမှုရှိခြင်းကြောင့် အဟောင်း ၄၅ပိဿာ ၇၈၀၀၀၀ ကျပ်၊ အသစ် ၈၀၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်မှုရှိသည်။
ပန်းနှမ်းဈေးနှုန်းအနေဖြင့် ပစ္စည်းအဝင်နည်းခြင်း၊ ရောဆီအတွက် ဆီစက်သမားအဝယ်များခြင်းကြောင့် ၄၅ပိဿာ ၂၅၃၀၀၀ ကျပ်မှ ၂၅၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ နေကြာမှာ ဆောင်းနေကြာ အဝင်နည်းခြင်း၊ မိုးအတွက် ပြင်ဆင်ချိန်ဖြစ်ခြင်းကြောင့် ဆီစက်သမား၊ လှော်သမား အဝယ်နည်း အရောင်းအဝယ်အေးသော်လည်း ၂၇ပိဿာ ၁၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
စားဖိုဆောင်သီးနှံ
ကြက်သွန်နီ ဈေးနှုန်းမှာ မြစ်သားကြက်သွန် အဝင်များခြင်း၊ နယ်ဝေးတင်ပို့ရမှုများ လမ်းပမ်းဆက်သွယ်ရေးကြောင့် နည်းနေခြင်း၊ မြို့တွင်းစားသုံးမှုသာရှိခြင်းကြောင့် ကြက်သွန်နီ(ကြီး)တစ်ပိဿာ ၂၀၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ လတ်တစ်ပိဿာ ၁၈၀၀ ကျပ်မှ ၁၅၀၀ ကျပ်၊ သေးတစ်ပိဿာ ၁၆၀၀ ကျပ်မှ ၁၂၀၀ ကျပ်သို့ ဈေးအသီးသီးနိမ့်သွားသည်။
ကြက်သွန်ဖြူ(တရုတ်)မှာ သုံးမျိုးလုံး ယှဉ်ပြိုင်ဝင်ရောက်ခြင်း၊ နယ်ဝေးတင်ပို့ရမှုမရှိဘဲ အရောင်းအဝယ်အေးခြင်းကြောင့် တစ်ပိဿာ ၁၂၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကြက်သွန် ဖြူ(ရှမ်း)မှာ အဝင်များခြင်း၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် တစ်ပိဿာ အညံ့ ဆုံး ၅၀၀၀ ကျပ်မှ အကောင်းဆုံး ၈၀၀၀ ကျပ် ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေပြီး ကြက်သွန်ဖြူ (မြန်မာ)မှာ လက်ကျန်နည်း ပစ္စည်းရှားခြင်းကြောင့် တစ်ပိဿာ ၁၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်မှု ရှိသည်။
ချင်းဈေးနှုန်းအနေဖြင့် မြို့တွင်းသုံးမျှသာရှိပြီး နယ်ဝေးနှင့် ချင်းထိုးသမားအဝယ်နည်းခြင်းကြောင့် တစ်ပိဿာ ၃၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲမျိုးစုံ
မတ်ပဲဈေးနှုန်းမှာ အညာပဲ ၃တင်း တစ်အိတ် ၂၇၀၀၀၀ ကျပ်၊ ကျောက်ရစ်ပဲ ၂၈၆၀၀၀ ကျပ်ဖြင့် ရန်ကုန်ဝယ်လက်ပုံမှန်ဝယ်ယူပြီး ဈေး တည်ငြိမ်နေသည်။
ပဲတီစိမ်း(အညာ)မှာ မတ္တရာ၊ စဉ့်ကူးတို့မှ ဝင်ရောက်မှုရှိပြီး ၃တင်းတစ်အိတ် ၄၃၀၀၀၀ကျပ်၊ ရွှေဘိုဘက်မှ ဝင်ရောက်သော ပဲတီစိမ်း အရည် အသွေးပေါ်မူတည်၍ ၄၃၀၀၀၀ ကျပ်မှ ၄၅၀၀၀၀ ကျပ် ဖြင့် တရုတ်ဝယ်လက်နှင့် ပဲခွဲစက်များ ဝယ်ယူမှုရှိသည်။
ပဲပုတ်(မြန်မာ)မှာ အဝင်နည်းပစ္စည်းရှားခြင်း၊ ရောင်းလိုအား နည်း၍ အရောင်းအဝယ်အေးခြင်းကြောင့် ၃တင်းတစ်အိတ် ၄၅၀၀၀၀ ကျပ် အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။ ပဲပုတ်(ရှမ်း)မှာ အဝင်ပုံမှန် ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် အရည်အသွေး ပေါ်မူတည်၍ ၂၇၀၀၀၀ ကျပ်မှ ၂၉၀၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။
ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ အဝင်ပုံမှန်ရှိခြင်း၊ ရန်ကုန်ဝယ်လက်နည်းခြင်းကြောင့် ပဲစဉ်းငုံ(နီ) ၃တင်း တစ်အိတ် ၂၇၈၀၀၀ ကျပ်၊ ပဲစဉ်းငုံ(ဖြူ) ၂၇၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ကုလားပဲဈေးနှုန်းများအနေဖြင့် ကုလားပဲ(လုံးဖြူကြီး) V2 ၃တင်းတစ်အိတ် ၂၅၀၀၀၀ကျပ်၊ V7 တစ်အိတ် ၂၇၀၀၀၀ကျပ်၊ V929 ၂၄၂၀၀၀ကျပ်ဖြင့် လုပ်ငန်းသမားနှင့် ရန်ကုန်ဝယ်လက် ဝယ်ယူမှုရှိသည်။ ကုလားပဲ(လုံးဝါကြီး)မှာလည်း ပဲခွဲစက်များ ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ၂၃၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ခွဲခြမ်းမှာ အမြင့်ဈေးဖြင့် ၀ယ်ယူကြိတ်ခွဲရခြင်းကြောင့် တစ်ပိဿာ ၅၇၀၀ကျပ်မှ ၆၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
ပဲယင်း၊ မြေထောက်ပဲ၊ စားတော်ပဲ(ကျွန်း)တို့မှာ အဝင်နည်းခြင်း၊ လုပ်ငန်းသမား လက်လီသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ပဲယင်း ၃တင်းတစ်အိတ် ၂၃၅၀၀၀ ကျပ်၊ မြေထောက်ပဲ အရည်အသွေးပေါ်မူတည်၍ ၂၆၀၀၀၀ ကျပ်မှ ၃၁၀၀၀၀ ကျပ်၊ စားတော်ပဲ ၄၄၀၀၀၀ ကျပ်မှ ၄၇၀၀၀၀ ကျပ်သို့ အသီးသီး ဈေးမသိမသာ မြင့်သွားသည်။
ပဲကြီး(ကြီး/သေး)၊ ထောပတ်ပဲ(ကြီး/သေး)တို့မှာ အဝင်ပုံမှန် လက်လီသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ပဲကြီး(ကြီး) ၃ တင်းတစ်အိတ် ၂၇၅၀၀၀ ကျပ်၊ ပဲကြီး(သေး) ၂၂၅၀၀၀ကျပ်၊ ထောပတ်ပဲ(ကြီး) ၃၁၅၀၀၀ ကျပ်၊ ထောပတ်ပဲ(သေး)၂၂၅၀၀၀ ကျပ် အသီးသီး ဈေးတည်ငြိမ်နေသည်။
သစ်သီးဝလံနှင့် ဟင်းသီး/ရွက်
ချောင်းဦး၊ သဲတော၊ ဝမ်းတွင်းမှ ဖရဲသီးများအရည်အသွေးပေါ် မူတည်၍ ၁၅၀၀ ကျပ်မှ ၄၅၀၀ ကျပ်၊ နွားထိုးကြီး၊ ဝမ်းတွင်းမှ ပိုက်သခွားတစ်လုံး ၃၀၀၀ ကျပ်၊ ဖရဲသခွား ၆၀၀၀ကျပ်၊ တံတားဦး၊ ဆားတောင်မှ သင်္ဘောသီးတစ်လုံး ၂၀၀၀ ကျပ်၊ ရမည်းသင်းမှ စပျစ်သီး(ညို) တစ်ပိဿာ ၇၅၀၀ ကျပ်၊ စိန်တစ်လုံးသရက်သီးများ အဝင်များပြီး အိတ်စွပ် ၁၀လုံး ၆၀၀၀ ကျပ်ဖြင့် ပဲခူး၊ မန္တလေးဝန်းကျင်၊ ငါးသရောက်၊ ခင်ဦး၊ မုံရွာ၊ မြစ်ကြီးနား၊ လားရှိုး၊ မူဆယ် စသော အမှာရှိသော မြို့များသို့ တင်ပို့သည်။
ကသာဘက်မှ လေချူသီးများလည်း ဝင်ရောက်ပြီး တစ်ပိဿာ ၇၀၀၀ ကျပ်၊ အော်ဂင်လိမ္မော် ၁၀ပိဿာ တစ်ခြင်း ၁၅၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။
ဟင်းသီး/ရွက်ဈေးနှုန်းအနေဖြင့် ငရုတ်စို(ရှည်နှင့်လတ်) အား မုံရွာ၊ ချောင်းဦးမှ ဝင်ရောက်ပြီး ငရုတ်စို(ရှည်)တစ်ပိဿာ ၃၀၀၀ကျပ် လတ်တစ်ပိဿာ ၄၀၀၀ကျပ်ဖြင့် မြို့တွင်းလုပ်ငန်းသမားများ ဝယ်ယူ မှုများပြီး ရံဖန်ရံခါ မြစ်ကြီးနားသို့ တင်ပို့သည်။ ခရမ်းချဉ်ဈေးနှုန်းမှာ တရုတ်(တိုင်ပေ)သီးများ အဝင်မရှိတော့ဘဲ အင်းသီးကျင်းသီးများသာ ဝင်ရောက်မှုရှိပြီး ၂၀ ပိဿာ တစ်သေတ္တာ ၃၀၀၀၀ ကျပ်ဖြင့် မြို့တွင်းသုံးစွဲမှုသာရှိ သည်။
ဂျုံနှင့်အစေ့ထုတ်ပြောင်း
ဂျုံ စတင် ဝင်ရောက်ချိန် ဖြစ်သော်လည်း အဝင်နည်းခြင်း၊ ဂျုံစက်များ ဝယ်ယူမှုနည်းခြင်းတို့ကြောင့် မြင်းမူ၊ မြောင်၊ ငါန်းဇွန်၊ မြို့သာ၊ မုံရွာ၊ ဘုတဘင်၊ စစ်ကိုင်း၊ ဆားတောင်၊ ရွှေဘို ဂျုံများမှာ အရည်အသွေး ပေါ်မူတည်၍ ၃တင်းတစ်အိတ် ၂၀၀၀၀၀ မှ ၂၁၀၀၀၀ ကျပ်၊ ကလေးဂျုံ ၁၆၀၀၀၀ ကျပ်၊ ရှမ်းဂျုံ ၁၇၀၀၀၀ ကျပ်မှ ၁၇၅၀၀၀ ကျပ်၊ ဩစတေးလျ ဂျုံမှုန့် တစ်ပိဿာ ၃၇၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။
အစေ့ထုတ်ပြောင်းမှာ ထွက်ရှိရာဒေသများမှ ပြည်ပပို့ရန် တိုက်ရိုက် ဆင်းဝယ်ယူမှုများ ရှိခြင်းကြောင့် ဈေးကွက်အတွင်း အဝင်နည်းခြင်း ပစ္စည်းရှားခြင်း၊ အစာစပ်သမားများ ဝယ်ယူမှုသာ ရှိခြင်းကြောင့် ၃တင်း တစ်အိတ် ၈၄၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ခင်မေကြည်