ရန်ကုန်ဈးကွက်

ဆန်
ရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၈၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်နှုန်း၊ ရွှေဘိုပေါ်ဆန်း အသစ် အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၁၃၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်နှုန်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်နှုန်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်း၊ ဇီယာဆန် ဟောင်းအလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၈၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၈၀၀၀၀ ကျပ်နှုန်း၊ ဧည့်မထဆန် ၂၅ ရာခိုင်နှုန်းအကြမ်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၆၃၅၀၀ ကျပ်နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၆၃၀၀၀ကျပ်နှုန်း၊ ငစိန်ဆန်အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၆၆၀၀၀ ကျပ်နှုန်းနှင့်အောက်စ တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်နှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံ ၏ပြည်ပတင်ပို့သော ဆန်ကြမ်း ဈေးနှုန်းများလည်း ဈေးနိမ့်ကာ အရောင်းအ ဝယ်အေးလျက်ရှိသည်။ ဆက်လက်၍ပြည်တွင်းရှိ လက်ကားဈေးကွက်တွင်လည်း ဆန်ကြမ်းဈေးနှုန်းများ သိသာစွာဈေးနိမ့်လာခဲ့သည်။ပြည်တွင်းစားသုံးမှုများသော ဆန်ချော၊ ဆန်လတ်များမှာကုန်အဝင်ပုံမှန်ရှိခြင်းနှင့် စားသုံး သူများမှ ဝယ်လိုအားနည်းနေမြဲဖြစ်ခြင်းကြောင့် ယခင်အပတ်ဈေးနှုန်းများ ဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်အေးခဲ့သည်။ ဧည့်မထဆန်ကြမ်းဈေးနှုန်းများမှာ မတ်လအလယ်ခန့်မှစ၍ ဆန်တစ်အိတ်လျှင် ၁၀၀၀ ကျပ်ခန့် ဆက်လက် ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု ပုံမှန်ရှိခဲ့ပြီး စားသုံးသူများမှလည်း ပုံမှန်ဝယ်ယူမှုရှိခဲ့ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
ဖေဖော်ဝါရီလအတွင်းတွင် အစေ့ထုတ်ပြောင်း ၅၄ ပိဿာ၏ ပျမ်းမျှ ဈေးနှုန်းမှာ ၉၁၂၆၀ ကျပ်ဖြစ်ခဲ့သော်လည်း မတ်လဆန်းမှ စတင်ကာ တတိယရက်သတ္တပတ်တိုင်အောင် ၉၀၇၂၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ ယခုရက်သတ္တပတ်၊ မတ်လစတုတ္ထပတ်တွင်မူ ယခင်လ၏ ဈေးနှုန်း ၉၁၂၆၀ ကျပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ လတ်တလောတွင် အစေ့ထုတ်ပြောင်း လက်ကျန်အလွန်နည်းလာချိန် ဖြစ်ခြင်း၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံအချို့မှ ဝယ်ယူမှုရှိခြင်း၊ ပြည်တွင်း ၌ စိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့် ပြည်ပနိုင်ငံများ၏ ဝယ်လိုအား အခြေအနေများကြောင့် အစေ့ထုတ်ပြောင်းဈေးနှုန်းများ ပြန်လည်မြင့်တက်လာနိုင်ကြောင်းလည်း သုံးသပ်မှုများရှိခဲ့သည်။
စားဖိုဆောင်သီးနှံ
ဈေးကွက်သိုလှောင် ကြက်သွန်၊ နွေကြက်သွန်အသစ်များ စတင်ဝင်ရောက်လာချိန်ဖြစ်ခြင်း၊ မိုးကြက်သွန်လက်ကျန်များ ရောင်းလိုအားများခြင်း၊ ဈေးကွက်သို့ မိုးနှင့် နွေကြက်သွန်နီများ ကုန်အဝင်များခြင်း၊ ပြည်ပတင်ပို့ရာတွင်လည်း အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီဈေးနှုန်းများကျဆင်းနေချိန်ဖြစ်ခြင်းကြောင့် ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်ဈေးကွက်တွင် အိန္ဒိယကြက်သွန် နီနှင့် ယှဉ်ပြိုင်ရောင်းချရကာ ဈေးနိမ့်လာခြင်း၊ ပြည်တွင်း စားသုံးသူများမှလည်း လိုသလောက်သာဝယ်ယူမှုရှိခြင်းတို့ကြောင့် ကြက်သွန်နီ(လတ် နှင့် သေး)မှာ ယခင်အပတ်ထက် ဈေးနိမ့်ခဲ့ပြီး ကြက်သွန်နီ(ထူး) တစ်စသာ အရည်အသွေး အလွန် ကောင်းခြင်းကြောင့် ယခင်အပတ်ထက် အနည်းငယ်ဈေးမြင့်လာခဲ့သည်။ ကြက်သွန်နီ (ထူး၊လတ်၊ သေး) တစ်ပိဿာလျှင် ယခင်အပတ် ပျမ်းမျှ ဈေးနှုန်းမှာ ၂၁၅၀-၂၀၂၅-၁၆၀၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၂၁၆၃-၁၈၆၃-၁၃၁၃ ကျပ်ဖြစ်သည်။ ရန်ကုန် ဈေးကွက်သို့ မြစ်သား၊ ဆိပ်ဖြူ၊ မုံရွာ၊ တောင်တွင်း၊ မင်းဘူး၊ မင်းလှ၊ မလှိုင်၊ ပခုက္ကူဒေသများမှ ကုန်အဝင်များ ခဲ့ကြောင်း သိရသည်။ ကြက်သွန်ဖြူ ဈေးနှုန်းများမှာလည်း ဈေးကွက်သို့ ကုန်အဝင်လှိုင်ခြင်းနှင့် စားသုံးသူများမှဝယ်လိုအားနည်းခြင်းတို့ကြောင့် ယခင်အပတ်ထက်ဈေးနိမ့်ခဲ့သည်။ ဆင်ဖြူကျွန်း မြင်းခြံနှင့် အောင်ပန်း ဒေသများမှ ကြက်သွန်ဖြူ ကုန်အဝင်လှိုင်ခြင်း၊ ကြူကုတ်ကြက်သွန်ဖြူများ ထက်ဈေးချိုခြင်း၊ အသစ်လှိုင်ချိန်ဖြစ်၍ ရောင်းလိုအားများခြင်းတို့ကြောင့် ကြက်သွန်ဖြူ(ရှမ်း) ဈေးနှုန်းများမှာ ယခင်အပတ်ထက်ဈေးနိမ့်ခဲ့သည်။ ကြက်သွန်ဖြူ(ကြူကုတ်)မှာလည်း ကုန်အဝင်ပုံမှန်ရှိခြင်းနှင့် စားသုံးသူများမှ ဝယ်လိုအားနည်းလာခြင်းတို့ကြောင့် ယခင် အပတ်ထက်ဈေးနိမ့်ခဲ့သည်။ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်း မှာ ၆၇၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၅၂၅၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၁၃၂၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၃၀၀၀ ကျပ်ဖြစ်သည်။ တရုတ်အာလူးနှင့် ရှမ်းအာလူးများ ဈေးကွက်သို့ ကုန်အဝင်ပုံမှန်ရှိလာခြင်း စားသုံးသူများမှ ဝယ်လိုအားနည်းခြင်းတို့ကြောင့် ယခင်အပတ်ထက် အနည်းငယ်ဈေးနိမ့်လာခဲ့သည်။ ရှမ်းအာလူးဈေးနှုန်းများမှာ ဈေးနှုန်းကောက်ယူနိုင်ခြင်းမရှိပါ။ တရုတ်အာလူးတစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၃၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၃၃၀၀ ကျပ်ဖြစ်သည်။ ငရုတ်ခြောက်ဈေးနှုန်းများမှာ ရာသီဥတုပူလာခြင်းကြောင့် ငရုတ်ခြောက်ထွက်ရှိမှုပိုလာခြင်း၊ ရာသီပူလာခြင်းကြောင့် စားသုံးသူများမှ ဝယ်ယူစားသုံးမှု နည်းခြင်းတို့ကြောင့် ဈေးနိမ့်ခဲ့သည်။ ငရုတ်ခြောက်(ရှည်)မှာ ပန်းရဲ၊ မြားနီငရုတ်အသစ်များ အအေးခန်းလှောင်စများအဝင်ပုံမှန်ရှိခြင်း၊ အရည်အသွေးကောင်းခြင်း၊ ဝယ်လိုအားပုံမှန်ရှိခြင်း တို့ကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့သည်။ ငရုတ်ခြောက် (လတ်)မှာ မြစ်ဝ(မိုးထောင်)တစ်မျိုးသာ ကုန်အဝင်ရှိသော်လည်း ကုန်အဝင်ပိုလာချိန်ဖြစ်သည်။ ငရုတ်ခြောက်(ပွ)မှာ ဆင်ဖြူကျွန်းငရုတ်တစ်မျိုးသာ ကုန်အဝင်ပုံမှန်ရှိခဲ့သော်လည်း စားသုံးသူ များမှာ ဈေးမြင့်ခြင်းနှင့် ရာသီဥတုပူခြင်းတို့ကြောင့် ဝယ်ယူစားသုံးမှုနည်းခဲ့သည်။ ထို့ကြောင့် ငရုတ်ခြောက်(ရှည်၊လတ်၊ ပွ) တစ်ပိဿာလျှင် ယင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၈၇၅၀-၉၅၀၀-၁၆၇၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၈၇၅၀-၈၅၀၀-၁၄၂၅၀ ကျပ်ဖြစ်သည်။
စားသုံးဆီ
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၅ ခုနှစ်၊ မတ် ၂၄ ရက်မှ ၃၀ ရက်အထိ ကုန်ဆုံးသော ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆၈၅၅ ကျပ်ဖြစ်ပြီး ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဆီတစ်ပိဿာလျှင် ၂၀ ကျပ် ဈေးနိမ့်သွားသည်။ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများတွင် မိုးရွာသွန်းမှုများနှင့် ရေကြီးမှုများရှိခဲ့ခြင်းကြောင့် စားအုန်းဆီ အထွက်နှုန်းကျဆင်းခဲ့ခြင်း၊ ဇီဝလောင်စာဆီအဖြစ်တိုးမြှင့် အသုံးပြုမှုများလာခြင်း၊ ဆီကြမ်းပို့ကုန်အခွန်နှုန်းထားများ မြင့်တက်ကာ ကမ္ဘာ့စားအုန်းဆီဈေးမှာ ပဲပုပ်ဆီဈေးနှုန်းများထက် ဈေးမြင့်မှု ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် ဟင်းသီးဟင်းရွက်ဆီ အဓိကဝယ်လက်ဖြစ်သည့် အိန္ဒိယနိုင်ငံ သည် စားအုန်းဆီထက်ပိုမိုတွက်ချေကိုက်သော ပဲပုပ်ဆီများအား ပိုမိုတင်သွင်းလာခြင်းကြောင့် စားအုန်းဆီ ဝယ်လိုအားများကျဆင်းကာ ဈေးနိမ့်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မတ်လ တွင် စားအုန်းဆီထုတ်လုပ်မှု တိုးတက်ကောင်းမွန်လာနိုင်သော်လည်း တင်ပို့မှုအခြေအနေမှာ ကောင်းနိုင် ဖွယ်မရှိသေးကြောင်းလည်း ခန့်မှန်းထားကြသည်။ ပြည်တွင်း၌လည်း စားအုန်းဆီများအား ပုံမှန်တင်သွင်းမှုရှိနေခြင်း၊ စားသုံးသူများက လိုသလောက် သာ ဝယ်ယူမှုရှိခြင်းတို့ကြောင့် ပြင်ပဈေးကွက်တွင်လည်း စားအုန်းဆီဈေးနှုန်းများ ကျဆင်းတည်ငြိမ်လာကြောင်း သိရသည်။ စားအုန်းဆီတစ်ပိဿာလျှင် ပြင်ပပေါက်ဈေးမှာ ၁၂၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းထက်များစွာ မကွာသော ဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်းဖြင့် ရောင်းချ ပေးလျက်ရှိသည်။
အေးသန္တာဝင်း