အာဆီယံ-တရုတ်စင်တာ၏ အတွင်းရေးမှူးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ ၉
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒီဇင်ဘာ ၉ ရက်နေ့ နေ့လယ်ပိုင်းတွင် အာဆီယံ-တရုတ် စင်တာ၏ အတွင်းရေးမှူးချုပ် Mr. Shi Zhongiun နှင့် ကိုယ်စားလှယ် အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် အာဆီယံ-တရုတ် စားရေရိက္ခာနှင့် လယ်ယာကဏ္ဍဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ၊ အာဆီယံ-တရုတ်ဗဟိုဌာန၏ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကျဉ်းမြောင်းစေရေးကို ဦးစားပေးဆောင်ရွက်နေမှုနှင့် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်းများ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့ရေးဆိုင်ရာကိစ္စရပ်များ၊ လယ်ယာသုံး စက်ကိရိယာ အသေးစားများထုတ်လုပ်သည့်စက်ရုံများ မြန်မာနိုင်ငံတွင် လာရောက်ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာပူးပေါင်းဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒစ်ဂျစ်တယ် စိုက်ပျိုးရေးနည်းပညာအသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ခွာနာလျှာနာရောဂါ ကင်းရှင်းဇုန်၊ ကာကွယ်ဇုန်များ ရေရှည်တည်တံ့စေရေးအတွက် ရောဂါစူးစမ်းထောက်လှမ်းခြင်း၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ ပြည်သူလူထု အသိပညာပေးခြင်း စသည့် လုပ်ငန်းများတွင် နည်းပညာ နှင့် ရန်ပုံငွေ အထောက်အပံ့ ဆိုင်ရာကိစ္စရပ်များ၊ စပ်မျိုးသီးနှံများ သုတေ သနဗဟိုဌာန တည်ထောင်၍ စပ်မျိုးသီးနှံများ တိုးတက်စိုက်ပျိုးရေး စီမံ ကိန်း ပြောင်းလဲခြင်း နှင့် စိုက်ပျိုးရေး ထွက်ကုန်များ၏ အရည်အသွေးထိန်းချုပ်မှု ဗဟိုဌာနတည်ထောင်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ ၊ မြန်မာနိုင်ငံတွင် ပိုးမွှား ကင်းစင်ကြောင်း အသိအမှတ်ပြု လက် မှတ် (e-phyto) ထုတ်ပေးခြင်း နည်းစနစ်ဆိုင်ရာ စီမံကိန်းနှင့် ဓာတုဓာတ်ခွဲခန်း၊ အဏုဇီဝဓာတ်ခွဲခန်းနှင့် ရေအရည်အသွေး ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံရာသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
MOALI