သဘာဝကပေး အစာနှင့်ဆေး၊ ပုစွန်စာ

သဘာဝကပေး အစာနှင့်ဆေး၊ ပုစွန်စာ

knot grass

ဝဿန်ချိန်ခါ လယ်ကန်သင်းရိုးတစ်လျှောက် အလေ့ကျပေါက်ရောက်သည့်အပင်များထဲတွင် ပုစွန်စာပင်လည်း တစ်မျိုးအပါအဝင်ဖြစ်၏။ ပုစွန်စာပင်၏ အင်္ဂလိပ်အမည်မှာ Knot grass ဟု ခေါ်ဆိုပြီး  ရုက္ခဗေဒအမည်မှာ Polygonum aviculare – L. ဟုခေါ်ဆိုကာ မျိုးရင်း  Polygonaceae တွင်ပါဝင်၏။ ယင်းအပင်သည်  မြေထဲပင်လယ်ဒေသတွင်းရှိ နိုင်ငံများတွင် သဘာဝအလျှောက် စတင်ဖြစ်ထွန်းပေါက်ရောက်ခဲ့ပြီး ထိုမှတစ်ဆင့် ဥရောပတိုက်ရှိနိုင်ငံများနှင့် အာရှတိုက်ရှိ သမပိုင်းရာသီဥတုရှိသည့်ဒေသများတွင် ပေါက်ရောက်၏။ 

ပုစွန်စာပင်သည် မြေကပ်‌ပေါက်သည့် တစ်နှစ်ခံ အပင်ငယ်တစ်မျိုးဖြစ်၏။ နီစွေးစွေးရွက်ရိုးတံပေါ်တွင် အရွက်သေးသေးချွန်ချွန် အရိုးပွပွ သေးငယ်သော ပန်းပွင့်ဖြူလေးများ ပွင့်တတ်သည့် အပင်မျိုးဖြစ်၏။ ပုစွန်စာပင်သည် လမ်းဘေးဝဲယာရှိမြေလွတ်များ၊ ရထားလမ်းဘေးတစ်လျှောက်နှင့် ပင်လယ်ကမ်းခြေတစ်လျှောက်တို့တွင် သဘာဝ အလျှောက် ပေါက်ရောက်သည့်အပင်မျိုးဖြစ်၏။

ပုစွန်စာပင်တွင် ဖော့စ်ဖရပ်စ်၊ ကယ်လ်စီယမ်၊ ဇင့်၊ ဆီလီစီယမ်၊ အောက်ဇာလစ်အက်စစ်၊ ပရိုတင်း၊ သကြားနှင့် တန်နင်ဓာတ်တို့ ကြွယ်ဝစွာပါဝင်၏။ ပုစွန်စာပင်၏ အရွက်နှင့် အစေ့တို့ကို အသုံးပြုကြ၏။

ပုစွန်စာရွက်သည် ကိုယ်တွင်းရောင်ရမ်းနာကျင်ခြင်းကို ဆန့်ကျင်နိုင်စွမ်း၊ ချောင်းဆိုးရင်ကြပ်ခြင်း၊ အာသီးရောင်ရမ်း နာခြင်း၊ အရေပြားယားနာဖြစ်ခြင်း၊ အသည်းရောင်အသားဝါဖြစ်ခြင်း၊  သွားဖုံးရောင်နာဖြစ်ခြင်းနှင့် သွားဖုံးသွေးယိုစီး ခြင်းတို့ကို သက်သာနိုင်စွမ်းတို့ကို ပေးစွမ်းနိုင်၏။ 

  • ပုစွန်စာပင်၏အမြစ်ကို သွားဖုံးသွေးယိုစီးခြင်းနှင့် သွားဖုံး‌ရောင်နာဖြစ်ခြင်းတို့အတွက် ဆေးဝါးအဖြစ် အသုံးပြု ကြ၏။

  • ပုစွန်စာပင်တွင် ဆီလီကာနှင့် ဖလေဗာနွိုက်တို့ပါ၀င်ခြင်းကြောင့် သွေးကြောများ၏ ကျန်းမာရေးကို တိုးတက် ကောင်းမွန်စေနိုင်စွမ်းရှိ၏။ ထို့အပြင် သွေးလည်ပတ်မှုကို အားကောင်းစေခြင်း၊ နှလုံးအတွင်းရှိ စိတ်ဖိစီး မှုများကို လျော့နည်းစေနိုင်စွမ်းရှိခြင်းနှင့် လေဖြတ်ခြင်းမှ ကာကွယ်ပေးနိုင်စွမ်းတို့ရှိ၏။

  • ပုစွန်စာပင်တွင်ပါဝင်သည့် ဖီနိုလစ်ကွန်ပေါင်းတွင် ဓာတ်တိုးဆန့် ကျင်ပစ္စည်းများနှင့် အဖုအကြိတ်ကို ဆန့်ကျင်နိုင်စွမ်းရှိသည့်အတွက် ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို သက်သာစေနိုင်၏။

  • အအေးမိနှာစေးချောင်းဆိုးဖြစ်ခြင်း၊ အာသီးယောင်နာဖြစ်ခြင်းတို့အတွက် ပုစွန်စာရွက်ကို အခြောက်ခံပြီး လက်ဖက်ခြောက်ပြုလုပ်ကာ ရေနွေးကြမ်းပြုလုပ်သောက်သုံးပေးခြင်းဖြင့် ဝေဒနာကို သက်သာစေနိုင်၏။

  • ပုစွန်စာပင်တွင် ဆီလီကာနှင့် ဖလေဗာနွိုက်တို့ ကြွယ်ဝစွာပါဝင်ခြင်းကြောင့် သွေးကြောများ၏ ကျန်းမာ ရေးကို တိုးတက်ကောင်းမွန်စေပြီးသွေးလည်ပတ်မှုကို အားကောင်းစေပြီး နှလုံးအတွင်းမှ စိတ်ဖိစီးမှုကို လျော့ချ‌ပေးနိုင်စွမ်းရှိ၏။

  • သွားဖုံးရောင်ခြင်းနှင့် သွေးယိုစီးခြင်းဝေဒနာခံစားနေရသူများအတွက် ပုစွန်စာပင်မှ ထုတ်ယူရရှိသည့် အဆီကို ပဋိဇီဝအာနိသင်ရှိသည့် အာလုပ်ကျင်းဆေးအဖြစ် အသုံးပြုခြင်းဖြင့် ဝေဒနာကို သက် သာစေနိုင်၏။

  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်သည့် ဖလေဗာနွိုက်နှင့် ဖီနိုလစ်အက်စစ်တို့ ကြွယ်ဝစွာပါဝင်သော ပုစွန်စာရွက်သည် ခန္ဓာကိုယ်အတွင်း ရောဂါများဝင်ရောက်လာခြင်းကို တားဆီးဟန့်တားနိုင်စွမ်းရှိ၏။

  • ကျောက်ကပ်ကျောက်တည်ခြင်းရောဂါအတွက် အသုံးအတည့်ဆုံးသော သဘာဝဆေးဝါးတစ်လက်မှာ ပုစွန်စာ ပင်ဖြစ်၏။ ဆီးလမ်းကြောင်းတစ်လျှောက်တွင် နာကျင်ခြင်းအ တွက်လည်း ဆေးဝါးအဖြစ် အသုံးပြုကြ၏။

  • အရေပြားကျန်းမာရေးနှင့် အရေ ပြားပေါ်တွင်ဖြစ်ပွားတတ်သည့် ရောဂါအမျိုးမျိုးအတွက် ပုစွန်စာ ရွက်ကို လိမ်းဆေးအဖြစ် အသုံးပြုကြ၏။ ပုစွန်စာရွက်တွင် ဖလေဗာနွိုက်နှင့် အစွမ်းထက်လှသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း များစွာပါဝင်ခြင်းကြောင့် အရေပြားကျန်းမာရေးကို ကောင်းမွန်စေပြီး တင်းရင်းစေကာ ပိုမိုနုပျို ကျစ်လစ် လှပနိုင်စွမ်းရှိ၏။ 

  • ပုစွန်စာရွက်တွင် ပါဝင်သည့် အာဟာရဓာတ်များသည် နာတာ ရှည်အားနည်ခြင်း၊ နာကျင်ခြင်းနှင့် စိတ်ဖိစီးမှုတို့မှ သက်သာစေနိုင် ၏။

  • အူလမ်းကြောင်းအတွက်ရှိ ဘက်တီးရီးယားပိုးများကို တိုက်ဖျက်နိုင်စွမ်းရှိသည့် ပုစွန်စာရွက်ကို ပုံမှန်စားသုံးပေးခြင်းဖြင့် ဝမ်းကိုက်ခြင်း၊ ဗိုက်နာခြင်း၊ အားနည်းခြင်းနှင့် ဖြူဖျော့ခြင်းဝေဒနာတို့ကို သက်သာစေနိုင် ၏။

  • သန်ကောင်၊ တုတ်ကောင်များကြောင့် ဗိုက်နာခြင်း၊ အားနည်းခြင်း၊ အရေပြားယားယံခြင်း၊ ခံတွင်းပျက်ခြင်းနှင့်  သွေးဝမ်းသွားခြင်းဝေဒနာများအတွက် ပုစွန်စာရွက်ကို စားသုံးပေးခြင်းဖြင့် ဝေဒနာကို သက်သာစေနိုင်၏။

  • ပုစွန်စာရွက်ကို တစ်နှစ်ပတ်လုံး ရရှိနိုင်သော်လည်း ယခုလို မိုးရာသီကာလတွင်စျေးထဲတွင် အလွယ်တ ကူ ဝယ်ယူရရှိနိုင်၏။  

  • ပုစွန်စာရွက်နုလေးများကို အစိမ်းအတိုင်းသော်လည်းကောင်း၊ ရေနွေးဖျောပြီးလျှင်သော်လည်းကောင်း ငါးပိရည်ကျို၊ ငါးပိထောင်း၊ ငါးပိသုပ်၊ ခရမ်းချဥ်သီးထောင်း၊ ခရမ်းချဥ်သီးပန်ထွေဖျော်၊ ငရုတ်သီးထောင်း၊ ငါးပိချက် အစရှိသည်တို့နှင့် တွဲဖက်ကာ တို့စရာအဖြစ် စားသုံးတတ်ကြ၏။ 

  • ပုစွန်စာရွက်နုများကို အခြောက်လှန်း၊ အမှုန့်ပြုလုပ်ပြီးလျှင် ပန်ကိတ်၊ ဘီစကစ်နှင့် မုန့်မျိုးစုံပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုနိုင်၏။

  • ပုစွန်စာရွက်များကို အ‌ခြောက်ခံကာ လက်ဖက်ခြောက်အဖြစ် ရေ နွေးပွက်ပွက်ဆူထဲထည့်ကာ ဆေး ဖက်ဝင် ရေနွေးကြမ်းအဖြစ် ပြင်ဆင်သောက်သုံးနိုင်၏။ 

  • ဗီယက်နမ်နိုင်ငံတောင်ပိုင်းတွင် ပုစွန်စာရွက်ကို ဟင်းချိုရည်ခပ်ဟင်း ရွက်အဖြစ်လည်းကောင်း၊ ဟော့ပေါ့ထဲ ထည့်သွင်းစားသုံးနိုင်သည့် ဟင်း သီးဟင်းရွက်အဖြစ်လည်းကောင်း စားသုံးကြ၏။ 

  • ပုစွန်စာရွက်ကို မုန့်နှစ်နှင့် ရောနယ်၊ ပုစွန်ကပ်ပြီး ပုစွန်စာရွက်ကြော်အဖြစ် ပြုလုပ်စားသုံးနိုင်၏။ 

  • ကြက်သွန်ဖြူဓားပြားရိုက် ဆီ သတ်၊ ပုစွန်ခြောက် မညက်တညက်ထောင်း/ပုစွန်အစိုဆီသတ်၊ မွှေးလာပြီဆိုလျှင် ခရမ်းချဉ်သီးအနည်းငယ်ထည့်မွှေ၊ ပြီးလျှင် ပုစွန်စာညွန့်လေးများထည့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ခရုဆီလေး အနည်းငယ်ထည့်ပြီး သမအောင်မွှေကြော်ပြီးလျှင် အလွန်အရ သာရှိသော ပုစွန်စာရွက်ကြော်လေး ရ၏။ရိုးရှင်းပြီး အရသာရှိကာ ထမင်း မြိန်စေ၏။

  • ပုစွန်စာရွက်ညွန့်နုလေးများကို ကြက်ရိုးပြုတ်၊ ငါးဟင်းခါးရည်တို့ထဲတွင်လည်း ခပ်ပြီး အရည်သောက်ဟင်းချက်စားလျှင်လည်း ကောင်း ၏။

ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှပေးသည့် လက်ဆောင်မွန် ပုစွန်စာပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ‌ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက် သာစေပြီး ကျန်းမာရေးအကျိုးကျေး ဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။

ကြေးမုံငယ်