စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၁၁)

ဂျပန်နိုင်ငံရှိ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ
(ယခင်အပတ်မှအဆက်)
(၁) ကမ္ဘာကျော် စိုက်/မွေးပုဂ္ဂလိကတက္ကသိုလ်တိုကျိုစိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (Tokyo University of Agriculture – TUA ဂျပန်လို Tokyo Nodai)
တိုကျိုစိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်သည် ဂျပန်နိုင်ငံ၏ စိုက် ပျိုးမွေးမြူရေး ဆိုင်ရာ ကမ္ဘာကျော်ပုဂ္ဂလိက စိုက်ပျိုးမွေးမြူရေးတက္က သိုလ် (World Renowned Private Agriculture University) တစ်ခု ဖြစ်ပါသည်။အစိုးရတက္ကသိုလ်များ (Public Universities) ထက် ကျောင်းလခ(တစ်နှစ်အမေရိကန်ဒေါ်လာ ၅၀၀၀ ကျော်) အလွန်ဈေး ကြီးသော်လည်း ပြည်တွင်း/ပြည်ပ ကျောင်းသား၊ကျောင်းသူများ များ ပြားစွာတက်ရောက်လျက်ရှိပါသည်။
ဂျပန်များအချိန်တိကျပုံက (အရင်ဆောင်းပါးများတွင်) ဂျာမဏီက ကျွန်တော့်ဆရာအချိန်တိကျပုံထက်ကိုပိုပါသည်။
ကျွန်တော်တို့ကို ၂၀၁၆ ခုနှစ်၊ဧပြီက ထိုတက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ဖိတ်ကြား၍ သွားရောက် ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားရာတွင် မောင်မယ် သစ် လွင်အခမ်းအနားအတွက် ကျွန်တော်နှင့်အတူ သူတို့ ပါမောက္ခ ချုပ်၊ ပါမောက္ခများ အဖွဲ့တို့သည် စုဝေးခန်းမစင်မြင့်ပေါ်တွင် ငါးမိနစ်ခန့် ကြိုရောက်နေကြရပါသည်။ စင် မြင့်ပေါ် ကျွန်တော်တို့ရှေ့တွင် လိုက် ကာ အစိမ်းကြီးကာထားပြီး ခန်းမထဲတွင်တော့ ပထမနှစ် မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ သူတို့၏ မိဘများပါ ဖိတ်ကြားထားပါသည်။
"အခမ်းအနားမှူးလုပ်သူက နာရီ တကြည့်ကြည့်နှင့် ဘာလုပ်နေပါသလဲ"ဟူ၍ ကျွန်တော် စပ်စုမိတော့ အချိန်ကြည့်နေပြီး စက္ကန့်မလွဲ မနက် ၉-နာရီ ဒေါင်ကနဲ နာရီ၊ မိနစ်၊ စက္ကန့် တစ်ထပ်တည်းကျသည်နှင့် လိုက် ကာတင် အခမ်းအနားစပါတော့ သည်။ အဲဒီလောက် အချိန်တိကျ သော ဂျပန်များပါ။ စာသင်နှစ် နှစ်တိုင်း၏ နှစ်စတွင် နိုင်ငံ တကာ မိတ်ဖက်စိုက်ပျိုးရေးတက္ကသိုလ်များ (Partner Universities) မှ ပါမောက္ခချုပ်များကို ဖိတ်ကြားပြီး ချစ်ကြည်ရေးမိန့်ခွန်းပြောဆိုခိုင်းပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ကျွန်တော်တို့ တက္ကသိုလ်က ၂၀၁၆-ခုနှစ်တွင်အလှည့်ကျသဖြင့် ကျွန် တော်သွားရောက်၍ ချစ်ကြည်ရေး မိတ်ဆက် မိန့်ခွန်းပြောခဲ့ရပါသည်။ သူတို့စနစ်ကအခမ်းအနားပြီးသည့် အခါ ကျောင်းသား၊ ကျောင်းသူများရော မိဘများပါ စာသင်ကြားပေးသော စာသင်ခန်း များ၊ ဓာတ်ခွဲခန်းများသို့ သွားရောက်စေသော အစီ အစဉ်ပါ၊ အလွန်ဗဟုသုတရပြီး အတု ယူဖွယ် ကောင်းလှပါသည်။ နေ့လယ်စာ ထမင်း၊ ဟင်းပုံစံခွက်ကလေးနှင့် ရေဘူးလေးတွေပါ ချပေးပြီး စီစဉ်ထားသည်မှာ အလွန်ချစ်စရာကောင်းလှပါသည်။
သင်ကြား၊ သုတေသနပြုသော ပထမဆုံး မဟာဌာနမှာ -
(က) စိုက်ပျိုးရေးမဟာဌာန (Faculty of Agriculture) ဤဌာန၏ကြီးကြပ်မှု အောက် တွင်
(က-၁) စိုက်ပျိုးရေးဌာန (Depart-ment of Agriculture) ထိုမှတစ်ဆင့် (ဂျပန်တက္ကသိုလ်များ၏ စိုက်ပျိုးမွေးမြူရေးစနစ်အရ) ပါမောက္ခများ ဦးစီးသော ဓာတ်ခွဲခန်း စနစ် (Laboratory System) ရှိပါသည်။ ၎င်းတို့မှာ သီးနှံသိပ္ပံ ဓာတ်ခွဲခန်း (Laboratory of Crop Science)၊ အပင်ဗီဇဗေဒနှင့် အပင်မျိုးမွေးမြူရေး ဓာတ်ခွဲခန်း (Lab. Genetics and Plant Breeding)၊ အပင်ရောဂါဗေဒ ဓာတ်ခွဲခန်း (Lab. Plant Pathology)၊ ကိမိလဗေဒ ဓာတ်ခွဲခန်း (Lab, Entomology)၊ သစ်သီးဝလံ ဓာတ်ခွဲခန်း (Lab. Pomology)၊ ဟင်းသီးဟင်းရွက်ပညာ ဓာတ်ခွဲခန်း (Lab. Vegetables)၊ ပန်းမန် စိုက်ပျိုးရေး ဓာတ်ခွဲခန်း (Lab. Floriculture)၊ ဥယျာဉ်ခြံသီးနှံနှင့်ဇီဝနည်းပညာ ဓာတ်ခွဲခန်း (Lab. Horticulture and Biotechnology)၊ နှင့် ရိတ်သိမ်းချိန်လွန်သီးနှံ ဇီဝကမ္မဗေဒနှင့် နည်းပညာ ဓာတ်ခွဲခန်း (Lab. Post-Harvest Physiology and Technology) တို့ရှိပါသည်။
(ဤမဟာဌာနတစ်ခုတည်းနှင့်ပင် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်ရှိ ဌာနပေါင်းစုံ သလောက် ရှိသွားပါပြီ)
(က-၂) မွေးမြူရေးဌာန (Depart-ment of Animal Science) ဤဌာနအောက်တွင် ပါမောက္ခများကြီးကြပ်သော တိရစ္ဆာန်များမျိုးပွားခြင်း ဓာတ်ခွဲခန်း (Lab. Animal Reproduction)၊ တိရစ္ဆာန်များဗီဇဗေဒနှင့် တိရစ္ဆာန်မျိုးသစ်များ မွေးမြူရေးဓာတ်ခွဲခန်း (Lab. Animal Genetics and Breeding)၊ တိရစ္ဆာန်များဇီဝကမ္မဗေဒ ဓာတ်ခွဲခန်း (Lab. Animal Physiology)၊ တိရစ္ဆာန်များကျွေး မွေးရေး ဓာတ်ခွဲခန်း (Lab. Animal Feeding)၊တိရစ္ဆာန်ထုတ်လုပ်မှု (အသားထုတ်လုပ်မှု)ဖြစ်စဉ် ဓာတ်ခွဲခန်း (Lab. Animal Processing)၊ တိရစ္ဆာန်ကျန်းမာရေး ဓာတ်ခွဲခန်း (Lab. Animal Health) နှင့် ခြံမွေး တိရစ္ဆာန် မွေးမြူရေးစီမံခန့်ခွဲမှု ဓာတ်ခွဲခန်း (Lab. Livestock Farming Management)တို့ရှိပါသည်။ အလွန်စုံလင်လှပါသည်။
(က-၃) လူသား၊ တိရစ္ဆာန်နှင့် အပင်တို့ ဆက်စပ်မှုပညာဌာန (Depart-ment of Human, Animal and Plant Relation)ဤဌာနအောက်တွင် အပင်ကာကွယ် ထိန်းသိမ်းမှုဓာတ်ခွဲခန်း (Lab. Plant Con-servation)၊ လူထုနှင့် အပင်များဆက်ဆံရေး ဓာတ်ခွဲခန်း (Lab. People – Plant Relationships)၊ တောရိုင်းတိရစ္ဆာန်လေ့လာရေး ဓာတ်ခွဲခန်း (Lab. Wild Animals)၊ အိမ်မွေးတိရစ္ဆာန်များလေ့လာခြင်းပညာ ဓာတ်ခွဲခန်း (Lab. Com-panion Animals (Pets)၊ အပင်များဖြင့်ကုသမှု ဓာတ်ခွဲခန်း (Lab. Plant Assisted Therapy)၊ တိရစ္ဆာန် များအကူအညီဖြင့်ကုသမှု ဓာတ်ခွဲခန်း (Lab. Animal Facilitated Therapy) စသည်ဖြင့် ထူးထူးဆန်းဆန်းပညာများကို ဤတက္ကသိုလ်တွင် လေ့လာနိုင်ပါသည်။
(က-၄) ဤမဟာဌာနနှင့် ဆက်စပ်သော အဖွဲ့အစည်းများ (Attached to the Faculty) မှာ စိုက်ပျိုးရေး သုတေသန (Institute of Agriculture)၊ အာရှိဟာရာစိုက်ကွင်း (Ishehara Farm)၊ ဖူဂျီစိုက်ကွင်း (Fuji Farm)၊ အီလက်ထရွန် မိုက်ကရိုစကုတ်ဌာန (Electron Microscope Centre)၊ ဘာသာရပ်ဆိုင်ရာပြန်ကြားရေးဌာနစိတ် (Academic Information centre)၊ အစားအစာထုတ်လုပ်မှု ဌာနစိတ် (Food Processing Centre)၊ ဇီဝနည်းဖြင့် ကုသရေးဌာနစိတ် (Bio-Therapy Centre) တိရစ္ဆာန်ကျန်းမာ ရေးနှင့် ရောဂါနှိမ်နှင်းရေး ဌာနစိတ် (Animal Health and Disease Control Office)၊ ဇီဝကျင့်ဝတ်ဆိုင်ရာ ဓာတ်ခွဲခန်း (Lab. Bio-ethics)၊နိုင်ငံခြားဘာသာ သင်ကြားရေး ရုံးခန်း (Office of Foreign Languages) စသည်တို့ဖြစ်ပါသည်။
(ခ) အသုံးချဇီဝသိပ္ပံ မဟာဌာန (Faculty of Applied Bioscience)ဤမဟာဌာန၏ ကြီးကြပ်မှုအောက်တွင်
(ခ-၁) ဇီဝသိပ္ပံဌာန (Department of Bioscience)
(ခ-၂) အသုံးချဇီဝဗေဒနှင့် ဓာတုဗေဒဌာန (Department of Applied Biology and Chemistry)
(ခ-၃) ကစော်ဖောက်ခြင်းနည်းပညာသိပ္ပံဌာန (Department of Fermentation Science)
ဤဌာနရှိပြတိုက်(Museum)တွင် ဂျပန်တစ်နိုင်ငံလုံးမှထုတ်လုပ်သော ဂျပန် အရက် (Japanese Sake) ပုလင်းပေါင်းများစွာ ပြသထားပြီး တစ်ကမ္ဘာလုံးကိုဂျပန်အရက် ဖြန့်ဖြူး ရောင်းချပေးမှု၊ တင်ပို့မှု (Export) ကို အကောင်းဆုံး ကစော်ဖောက် ခြင်းနည်းပညာ သုတေသနပြုပြီးနိုင်ငံခြားဝင်ငွေ ရှာပေးနေသောဌာနဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံရှိကောက်ညှင်းအရက်၊ ခေါင် ရည်၊ ထန်းရည်၊ ဓနိရည် စသည်တို့ကိုစနစ်တကျထုတ်လုပ်မှု သုတေ သနပြုပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေနိုင်ပါသည်။
(ခ-၄) အာဟာရဓာတ်သိပ္ပံနှင့် အစားအစာ ဘေးကင်းလုံခြုံမှုဌာန (Department of Nutritional Science and Food Safety)
(ခ-၅) ဤမဟာဌာနနှင့် ဆက်စပ် သော အဖွဲ့အစည်းများ (Attached to the Faculty)
(ဂ) ဒေသဆိုင်ရာ ပတ်ဝန်း ကျင် သိပ္ပံ မဟာဌာန (Faculty of Regional Environmental Science)ဤမဟာဌာန၏ကြီးကြပ်မှု အောက်တွင်
(ဂ-၁) သစ်တော သိပ္ပံဌာန (Department of Forest Science)
(ဂ-၂) ဇီဝထုတ်လုပ်မှုနှင့်ပတ်ဝန်းကျင် အင်ဂျင်နီယာဌာန (Department of Bio- production and Environmental Engineering)
(ဂ-၃)မြေယာအလှပြုပြင်မှုဗိသုကာဌာန (Department of Landscape Architecture Science)
(ဂ-၄) ဤမဟာဌာနနှင့် ဆက်စပ်သော အဖွဲ့အစည်းများ (Attached to the Faculty)
(ဃ) အပြည်ပြည်ဆိုင်ရာ စိုက် ပျိုးရေးနှင့် အစားအစာသိပ္ပံ မဟာဌာန (Faculty of International Agriculture and Food Science)ဤမဟာဌာန၏ကြီးကြပ်မှုအောက် တွင်
(ဃ-၁) အပြည်ပြည်ဆိုင်ရာ စိုက်ပျိုး၊ မွေးမြူရေးဖွံ့ဖြိုးမှုဌာန (Department of International Agricultural Development)
(ဃ-၂) အစားအသောက်ပတ်ဝန်းကျင်ဆိုင်ရာစီးပွားရေးပညာဌာန (Department of Food Environmental Economics)
(ဃ-၃) အပြည်ပြည်ဆိုင်ရာ ဇီဝစီးပွားရေးပညာဌာန (Department of Bio-Business Studies)(ဃ-၄) ဤမဟာဌာန နှင့် ဆက်စပ်သော အဖွဲ့အစည်းများ (Attached to the Faculty)
(င) ဇီဝထုတ်လုပ်မှုမဟာဌာန (Faculty of Bio-Industry)ဤမဟာဌာန၏ကြီးကြပ်မှု အောက်တွင်
(င-၁) ဇီဝထုတ်လုပ်ခြင်းဌာန (Department of Bio-Production)
(င-၂) ရေလုပ်ငန်းဆိုင်ရာ ဇီဝသိပ္ပံဌာန (Department of Aquatic Bioscience)
(င-၃) အစားအစာနှင့် အလှပြင်မှုဆိုင်ရာပညာဌာန (Department of Food and Cosmetic Science) (ကျွန်တော်တို့နိုင်ငံတွင်ဆိုလျှင် စိုက်ပျိုးရေးနှင့်ဘာမှ မဆိုင်ဘူးဟုဆိုကာ ကန့်ကွက် နေမလားမသိပါ)
(င-၄)ကူးသန်းရောင်းဝယ်ရေးပညာသိပ္ပံနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုဌာန (Department of Business Science and Regional Development)
(င-၅) ဤမဟာဌာနနှင့် ဆက်စပ်သော အဖွဲ့အစည်းများ (Attached to the Faculty) စသည်တို့ဖြစ်ပါသည်။ တက္ကသိုလ်နှင့်အတူတူ အထက်တန်းကျောင်းလည်း နေရာ/ နယ်မြေ (Same Campus) တစ်ခုတည်းအတွင်းတွင် ရှိပါသည်။ နောက်ထပ် အထက် တန်းကျောင်းခွဲ ၂-ကျောင်းမှာ ဂန်းမာ (Gunma) နှင့် ဆိုင်တမ (Saitama) တွင်တည်ရှိပြီး ဤစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်မှ တိုက်ရိုက်ကြီးကြပ်ပါသည်။
ဤတက္ကသိုလ်နှင့် အထက်တန်း ကျောင်း၊ အလယ်တန်းကျောင်းများ တွဲဖက်ထား ရခြင်းမှာ-
(က) အထက်တန်းကျောင်းမှ အောင်မြင်ပြီး စိုက်ပျိုးမွေးမြူရေးကို စိတ်ဝင်စားပါက ဤတက္ကသိုလ်တွင်ဘဲ လွယ်ကူစွာ စိုက်ပျိုးရေးမွေးမြူ ရေး ပညာများ ဆက်လက်သင်ယူ နိုင်စေရန်(Educational Continuity)
(ခ) အထက်တန်းကျောင်းသား၊ကျောင်းသူဘဝကထဲကစိုက်ပျိုးမွေး မြူရေးပညာများသည် တိုင်းပြည် စားနပ်ရိက္ခာ လုံခြုံ၊ဘေးကင်း၊ စိတ် ချစွာ စားသောက်နိုင်ရေး အသိပညာများ ရရှိနိုင်စေရန် (Specialized Curriculum)
(ဂ)တက္ကသိုလ်နှင့်ကျောင်းတွဲဖက်ထား၍ သုတေသနအခွင့်အလမ်းများ၊ တီထွင် ဖန်တီးလိုစိတ်များ ရရှိနိုင်စေရန် (Research Opportunities)
(ဃ) တက္ကသိုလ်ရှိ စာကြည့်တိုက်၊ ဓာတ်ခွဲခန်း၊ စိုက်ကွင်းများကို အ ကျိုးရှိစွာ အသုံးချတတ်စေရန် (University Resources)
(င) တိုကျိုစိုက်ပျိုးမွေးမြူရေး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို လွယ်ကူစွာဝင်ရောက်ဖြေဆိုနိုင်စေရန် လေ့ကျင့်ပေးနေခြင်း(Preparation for University Entrance)
(စ) မိဘများက တိုင်းပြည်အတွက် စိုက်ပျိုးမွေးမြူရေးပညာကို အားပေးလာစေရန် (Promotion of Agricultural Education in the country)
စသည်အချက်များဖြင့် ပုဂ္ဂလိက အထက်တန်းကျောင်း နှင့် ပုဂ္ဂလိက စိုက်ပျိုးမွေးမြူရေး တက္ကသိုလ် ပူးတွဲ ဖွင့်လှစ်ထားပါသည်။ ကျောင်းလခကမူ တနှစ်စာ ၆၇၀၀၀၀-၉၀၀၀၀၀ (ခြောက်သိန်းခုနှစ်သောင်းမှ ကိုးသိန်း)အထိရှိပါသည်။
တက္ကသိုလ်နယ်မြေများ (Uni-versity Campuses) မှာ တိုကျိုတွင် နှစ်နေရာနှင့် မြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းတွင် အိုခို့စ်နယ်မြေ (Hokkai-do-Okhotsk Campus) တစ်နေရာ စုစုပေါင်း ၃ နေရာ ပါရှိရာ ထိုနယ် မြေမောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက်လည်းပြည်တွင်းလေ ကြောင်း လိုင်းစီးကာ ကျွန်တော်တို့သွားရ ပါသေးသည်။ ဧပြီလကြီးဖြစ်သော်လည်း ဂျပန်မြောက်ပိုင်း တစ်နယ်လုံး နှင်းတွေဖုံးလွှမ်းနေပါသည်။
(သူတို့ဆီက ရေလုပ်ငန်းပညာသိပ္ပံဌာန (Department of Fishery and Aquaculture) ကို လေ့လာရေးသွားရာအပူပိုင်းဒေသတွင်ဖြစ်ထွန်းသော တီလားပီးယား ငါးများဖြစ်ထွန်းမှုကိုသုတေသနပြုနေတာတွေ့ခဲ့ရပါ သည်။ ကျွန်တော်က"ဘာရည်ရွယ် ချက်နဲ့သုတေသနပြုနေပါသလဲ" ဟူ၍ မေးကြည့်ရာ ရာသီဥတုပြောင်းလဲမှု (Climate Change)ကြောင့် တို့နေရာတွေပါ ပူနွေးလာရင် (ဂျပန်လူမျိုးများ၏ အဓိကအစားအစာ ငါး၊ ပုစွန်များလျော့ပါးမသွားစေရန်)ငါးမွေးမြူရေး အဆင် သင့်ဖြစ်အောင် ကြိုတင် လေ့လာနေခြင်းဟု ရှင်းလင်းပြသခဲ့ပါသည်။ အဲဒီ့လောက်အထိအောင် အနာဂတ်ကို ကြိုတင်ပြင်ဆင်ထားခြင်းပါ။ အလွန် အတုယူစရာ ကောင်းလှပါသည်။
ဤတက္ကသိုလ်သည် ပုဂ္ဂလိကတက္ကသိုလ် တစ်ခုဖြစ်သော်လည်း ပါမောက္ခ ၁၇၈ ဦးနှင့် တွဲဖက်ပါမောက္ခ ၁၂၂ ဦး အထိရှိနေသော ကမ္ဘာ့အဆင့်မီ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဖြစ်ပါသည်။ သူတို့ဆီက ရာထူးတိုးစနစ်မှာ သူတို့ ကြိုက်နှစ် သက်ပါက အသက်ငယ်သော်လည်း ချက်ချင်း ပါမောက္ခဖြစ်နိုင်သော ရာ ထူးတိုးစနစ်ဖြစ်ပါသည်။ ပါမောက္ခနေရာသည်လည်း တစ်နေရာ၊ နှစ်နေရာ စသည်ဖြင့် အသေမရှိပါ၊ ဌာနမှူး နေရာကိုလည်း အများစုက မလုပ်ချင်ကြပါ။ ကျွန်တော်တို့နိုင်ငံသည် လုပ်သက်နှင့်ပေးခြင်းစနစ်ဖြစ်သည်။ ကျွန်တော်တို့လိုမျိုး မနက်နှင့် ညနေ Duty Report တင်တာကွာသွားတာနှင့်လုပ်သက် တွက်ချက်မှု အမှတ်တွေကွာသွားတာမျိုး တွက်ချက်မည်မထင်ပါ။ နိုင်ငံတကာ အသိအမှတ်ပြု ဂျာနယ်များတွင် ရေးသားထုတ်ဝေမှုမှာလည်း လိမ်၍ တင်ပြလို့ရမည်မထင်ပါ။)
ဤတက္ကသိုလ်တွင် ၂၀၂၂-ခုနှစ်၌ ကျောင်းသား ၆၈၄၉ ဦး၊ ကျောင်းသူ ၄၈၆၇ ဦးဖြင့် စုစုပေါင်း (၁၁၇၁၆) ဦး၊ အငယ်တန်းကောလိပ်၌ (၆၅၈)ဦး လက်ရှိ ပညာသင်ကြား လျက် ရှိပါသည်။ ဤတက္ကသိုလ်မှ စိုက်ပျိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာသန်းသန်းစိုးတို့က ပါရဂူဘွဲ့၊ ဒေါ်အိမ့်သက်ထားဦး၊ ဦးစစ်မှူးဆွေ တို့က မဟာစိုက်ပျိုးရေးသိပ္ပံဘွဲ့ ရခဲ့ပါ သည်။ ယခုလက်ရှိ ဒေါ်ဇင်ဝေမော်၊ ဒေါ်အိမ့်သက်ထားဦး၊ ဦးစစ်မှူးဆွေ တို့က ပါရဂူဘွဲ့ တက် ရောက်လျက်ရှိပြီး ၂၀၂၄-ခုနှစ်တွင် ဦးဇေဖြိုးထွန်း၊ ဒေါ်တင်မေဦး၊ ဦးညီညီ ထွဋ်တို့က မဟာစိုက်ပျိုးရေး သိပ္ပံဘွဲ့ရသွားပြီးဒေါ်ခင်သန္တာအောင်၊ ဒေါ်ဖြိုးစုစုကျော်တို့က ဘွဲ့ကြို သင် တန်းများ ဘွဲ့ရပြီး မဟာစိုက်ပျိုးရေးသိပ္ပံ ဆက်တက်နေပါသည်။
အတုယူစရာများ(Lessons Learned)
(၁) စိုက်ပျိုး၊ မွေးမြူရေးပညာများကို အစိုးရ တက္ကသိုလ်၊ ကောလိပ်သိပ္ပံများ (Public Universities)တွင်သာမက ပုဂ္ဂလိကတက္ကသိုလ်၊ ကောလိပ်သိပ္ပံများ(Private Uni-versities) ပါ ပြည်နယ်နှင့်တိုင်း၊တိုင်းရင်းသားနယ်မြေများတွင် အချိုး ညီညီ တိုးတက် ဖွံ့ဖြိုးလာအောင် လုပ်ဆောင်သင့်ပါသည်၊ (ပြီးခဲ့သော ဆောင်းပါး အမှတ် ၈-တွင် အိန္ဒိယ နိုင်ငံ စနစ်က ပြည်နယ်/တိုင်း တစ်ခုတွင် အနည်းဆုံး စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် တစ်ခုစီရှိပါသည်)
(၂) အထက်တန်းကျောင်းနှင့် ပုဂ္ဂလိကတက္ကသိုလ် တစ်ခုတည်းထားခြင်းဖြင့် စိုက်ပျိုး မွေးမြူရေးကိုဝါသနာပါသော တစ်နိုင်ငံလုံးမှ ကျောင်းသား၊ ကျောင်းသူများကို မိဘများ က တက္ကသိုလ် ရပ်ဝန်းအတွင်း ငယ်စဉ်ကတည်းက ပို့ထားနိုင်ပါသည်။ တစ်ချို့နယ်မြေမှာ အထက်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းအိပ်၊ ကျောင်းစား နေနိုင် သော အဆောင်များပါ ပါရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးရေး မွေးမြူရေးသိပ္ပံများနှင့် နီးစပ်ရာစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများ တွဲဖက်ထားလျှင်ရနိုင်ပါမည်လား?
(၃) ပါမောက္ခက ကြီးကြပ်ရသော ဓာတ်ခွဲခန်းစနစ် (LaboraTORY System led by a Professor) ဖြစ်သဖြင့် စာသင်ရင်း သုတေသနကို ဇောက်ချ၍ လုပ်နိုင်ပါသည်။ မြန်မာ နိုင်ငံတွင်မူ ပါမောက္ခ (ဌာနမှူး) ဖြစ်သွားလျှင် ရာထူးမတိုးမချင်း၊ အငြိမ်းစား မယူမချင်း အပေါ်မှ အုပ်ချုပ်ကြီးကြပ်သွားသဖြင့် ကြာလာပါက အာဏာရှင်စနစ် ဆန်သွားပါသည်။ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များလည်း ဤစနစ်သာဖြစ်နေ၍ လူငယ်များ၏ တီထွင်၊ ဆန်းသစ်မှု အခွင့်အရေး မရနိုင်တော့ပါ။
(၄) အစိုးရတက္ကသိုလ်များ တက်ရောက်ရန် အမှတ်မမီသော်လည်း ကျောင်းလခ ပေးသွင်းနိုင်ပါက သား၊သမီးများအား စိုက်ပျိုးမွေးမြူရေးပညာများကိုလေ့ကျင့် သင်ကြား ပေးနိုင်ပါသည်၊ မြန်မာနိုင်ငံတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (၁) ကျောင်းတည်းသာရှိနေ၍ (တစ်နိုင်ငံလုံး အများ ဆုံးလက်ခံနိုင်သော ဦးရေ ၁၅၀-၃၀၀ အထိသာဖြစ်၍)အကြောင်းအမျိုးမျိုးကြောင့် အမှတ်မမီသော၊ ငွေကြေး မတတ်နိုင်သော အထူးသဖြင့် ပြည်နယ်နှင့်တိုင်းများမှ တိုင်းရင်းသား/သူ ကလေးများ သူတို့ဒေသအတွက် အလွန်အရေးပါလှသော၊ လက်တွေ့ကြသော၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တိုက်ရိုက် အထောက်အကူပြုသော ဤဘာသာရပ်များကို လေ့ကျင့် သင်ကြားခွင့် မရကြတော့ပါ၊ ကျောင်းသား/သူ အများစုမှာ သာမန် အဝေးသင်ဘွဲ့ တစ်ခုနှင့်သာ ဘဝကို အဆုံးသတ်လိုက်ရပါသည်၊
ဂျပန်နိုင်ငံရှိ ကျန်စိုက်ပျိုးရေးတက္ကသိုလ်များ အကြောင်း ဆက်လက်ရေးသားပါဦးမည်။
(ဒေါက်တာမျိုးကြွယ်)
(တိုကျိုစိုက်ပျိုးရေးတက္ကသိုလ် အကြောင်း သိလိုသမျှဖြေကြားပေးသော ထိုတက္ကသိုလ် မှ မဟာစိုက်ပျိုးရေးသိပ္ပံဘွဲ့ရ ကိုဇေဖြိုးထွန်းအား ကျေးဇူးတင်ရှိပါသည်)