ကျောရိုးမဲ့ရေသတ္တဝါ သံပခြုပ်၏ ထူးခြားသောသဘာဝနှင့်အသုံးဝင်ပုံ

ကျောရိုးမဲ့ရေသတ္တဝါ သံပခြုပ်၏ ထူးခြားသောသဘာဝနှင့်အသုံးဝင်ပုံ

သံပခြုပ်

သံပခြုပ်များသည်ရေအောက်ကြမ်းပြင်တွင်နေထိုင်ကြသော ဆူးချွန်များပါသော ကျောရိုးမဲ့ရေနေသတ္တဝါ(Spiny Marine Invertebrate) အုပ်စုဝင်များ ဖြစ်ကြပါသည်။ သံပခြုပ်ကို အစိမ်းရောင်ကျောက်သွေးဟုလည်း ခေါ်ကြပါသည်။ အမည်းရောင်လည်း ရှိပြီး ထန်းသီးအသေးအရွယ်နီးပါးရှိကြသည်။

အချို့သံပခြုပ်လေးများမှာ ကြက်မောက်သီးနှင့် ပုံစံရော၊ အရွယ်ပါဆင်တူကြပြီး ကျောက် တန်းများပေါ်နှင့်အဆင်ပြေရာကျောက်ခေါင်းများထဲတွင်လည်း ခိုအောင်းနေတတ်လေ့ ရှိကြပါသည်။ရေကျချိန်တွင် သံပခြုပ်ကောင်လေးများသည်ပင်လယ်အောက်ကကျောက်တုံးများတွင် ကပ်နေပြီး ကျောက်သွေးများကို စုပ်ယူကာ အသက်ရှင်နေထိုင်လေ့ရှိကြပါသည်။

သံပခြုပ်သည် ဒေသအခေါ်ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ ‘Sea Urchin’ ဖြစ်သည်။ မြန်မာနိုင်ငံရှိချောင်းသာ၊ ငွေဆောင်နှင့် တောင်ပိုင်းမြိတ်ကျွန်းစု ကမ်းခြေများ၊ ကော့သောင်းဒေသများတွင်လည်း သံပခြုပ်အမြောက်အမြားတွေ့ရတတ်သည်။ အပူပိုင်းဒေသတစ်လျှောက်တွင်ရှိသည့် သန္တာကျောက်တန်းများတွင်လည်း တွေ့ရတတ်သည်။ 

သံပခြုပ် (Sea urchins) များသည် Echinoderms အုပ်စုဝင်များဖြစ်ကြပြီး ဆူးချွန် (spine) များပါရှိကြပြီး ထုလုံးပုံ ကျောရိုးမဲ့ ရေနေအကောင် (globular marine invertebrate) များ ဖြစ်ကြပါသည်။ သံပခြုပ်(Sea urchin) မျိုးစိတ်များသည် သေးငယ်ကြပြီး ဆူးပါသောအရေပြားပါရှိကြသည်။

အချိုးညီသောအနားတွန့် ၅ခု ပါရှိပြီး လုံးဝန်းသောပုံသဏ္ဍာန်ရှိသည်။ မျိုးစိတ်ပေါင်း ၉၈၀ ခန့်ရှိပြီး ဒီရေအတက်အကျရှိရာဒေသများနှင့် ပင်လယ်ရေအနက် မီတာ ၅၀၀၀ ပင်လယ်ကြမ်းပြင်များအထိ တွေ့ရှိနိုင်သည်။ သံပခြုပ်၏ အရေခွံသည် ၃ စင်တီမီတာမှ ၁၀ စင်တီမီတာအထိ ရှိတတ်ပြီးအနက်ရောင်၊ အစိမ်း၊ သံလွင်၊ အညို၊ ခရမ်း၊ အပြာ၊ အနီရောင်တို့ကို တွေ့ရှိရပြီး နှေးကွေးစွာ သွားလာတတ်ကြသည်။ ဆူး (spines)များမှာ ၁ စင်တီမီတာမှ ၃စင်တီမီတာရှည်ပြီး ၁-၂ မီလီမီတာ လုံးပတ်ရှိသည်။ ၄င်းတို့၏ ဆူးချွန်များဖြင့် အန္တရာယ်များကို ကာကွယ်လေ့ရှိပြီး ပါးစပ်မှာ ၄င်းတို့ခန္ဓာကိုယ်၏ အောက်ဘက်တွင် ရှိကြသည်။ Caribbean နွယ်ဝင် Diadems antillarum သံပခြုပ်မျိုးမှာ ၁၀ စင်တီမီတာမှ ၂၀ စင်တီမီတာအရှည် ရှိတတ်ပါသည်။ 

သံပခြုပ်များသည် ၄င်းတို့၏ ပြွန်ပုံစံခြေထောက် (tube foot) များနှင့် ဖြည်းညင်းစွာသာရွေ့လျားသွားလာကြပြီး တစ်ခါတစ်ရံဆူးချွန်များနှင့် ၄င်းတို့ကိုယ်ကို ပွတ်ဆွဲသွားလာတတ်ကြပါသည်။ သံပခြုပ်များတွင် ပါးစပ်မှ စအိုသို့ထွက်သော အပေါက် ၅ ပေါက် ပါရှိကြသည်။

ညမှောင်မှအစာရှာထွက်လေ့ရှိကြပြီး ၄င်းတို့ဆူးချွန်များမှာ ရေသတ္တဝါများ၏ အန္တရာယ်မှကာကွယ်ရန် အသုံးဝင်ကြပါသည်။သံပခြုပ်ဆူး စူးမိလျှင် အသားထဲဆူးများမြုပ်ကျန်ခဲ့ပြီး စက္ကန့်ပိုင်းအတွင်း အဆိပ်တက်ကာ ရောင်ကိုင်းလာပြီး နာလာသည်။ ရက်အနည်းငယ်တွင် ရောင်သောနေရာ ပုပ်သွားတတ်ပါသည်။ 

သံပခြုပ်များသည် အခြေခံအား ဖြင့် အသီးအရွက်စား ( herbivores) များဖြစ်ကြပြီး ရေညှိရေမှော် (algae) များကို အဓိကစားသုံးကြပြီး ကျောရိုး မဲ့ရေသတ္တဝါငယ်များ၊ ရေနေအပင်များကိုလည်းစားတတ်ကြပြီး အသက် ၂နှစ်ခန့်တွင် လိင်အားဖြင့်အရွယ်ရောက်သည်။ ရေချိုနှင့် မိုးရေကိုအလွန်ကြောက်ကြပြီးမိုးလယ်မိုးကြီးချိန်များတွင်သံပခြုပ်များ အများအပြားသေဆုံးရလေ့ရှိကြပါသည်။

သံပခြုပ်မျိုးပွားခြင်း

အနီရောင် သံပခြုပ်များသည် အခြားသတ္တဝါများ၏ တိုက်ခိုက်ခြင်း မခံရပါက နှစ်ပေါင်း ၂၀၀ ခန့်ထိ အသက်ရှင်သန်နိုင်သည်။ သံပခြုပ်အမတစ်ကောင်သည် ဥပေါင်း ၁၀၀၀ ခန့် ဥချလေ့ရှိသည်။ သံပခြုပ်အမ ဥချထားသောဥများသည် ရေတွင်မျောနေကာ အဖိုသံပခြုပ်မှထွက်ရှိလာသော အဖို
မျိုးဥများနှင့် ထိတွေ့ပြီး နာရီအနည်း ငယ်အတွင်းတွင် သန္ဓေအောင်ဥများဖြစ်၍ ၁၂ နာရီတွင် ဆဲလ်စတင် ကွဲသည်။ ၁၄ နာရီမှ ၂၀ နာရီတွင် Blastula အဆင့်၊ ၃၀ နာရီမှ ၅၀ နာရီအထိတွင် Gastrula အဆင့်၊ ၇၂ နာရီတွင် လက်တံ ၆ခုပါသော Pluteus larva အဖြစ် ရောက်ရှိ ပါသည်။၆ ပတ်မှ ၈ ပတ်ခန့်အကြာ တွင်နောက်ဆုံး ရုပ်သွင်ကူးပြောင်းမှု ပြည့်စုံပြီး Juvenile အဆင့်သို့ ရောက်ရှိပါသည်။

သံပခြုပ်၏ပါးစပ်တွင် ကယ်လ်စီယမ်ကာဗွန်နိတ်ပါဝင်သော သွား  သဏ္ဍာန်မေးရိုးတစ်ခုရှိပြီး လျှာကဲ့သို့ ပွယောင်းနေသောအစာကို ကြိတ်ဝါးပြီး အစာရေမြိုမှတစ်ဆင့် အစာအိမ်သို့ ပို့ဆောင်ပေးသည်။ မျက်စိ မပါရှိသော်လည်း ထိတွေ့မှုအာရုံဖြင့် အလင်းရောင်နှင့် ဓာတုပစ္စည်းများကို ခံစားသိရှိနိုင်ပါသည်။

ဆေးဘက်ဝင် သံပခြုပ်

သံပခြုပ်ဆိုသော ထူးခြားလှသည့် ပင်လယ်ရေနေသတ္တဝါတွင် ထူးကဲလှသော အကျိုးသက်ရောက်မှုများစွာ ရှိပါသည်။သံပခြုပ်၏ အတွင်းသားမှာ အလွန်နူးညံ့ပြီး ခွန်အားကိုတိုးစေသည်ဟု ဆိုကြပါသည်။ တစ်ချို့က အစိမ်းစားကြသည်။ သံပခြုပ်ကို ဓားဖြင့် ခွဲ၊ အတွင်းမှအနှစ်များကို ဖန်ခွက်ထဲထည့် သံပရာရည်ညှစ်ကာ သမအောင်မွှေပြီး သောက်ကြပါသည်။ တချို့လည်း ပျားရည်၊ အရက်၊ သံပရာရည်တို့ဖြင့် သံပခြုပ်အနှစ်ကိုရောပြီးသောက်ကြပါသည်။ 

သံပခြုပ်ကို အရက်နှင့်စိမ်လိုက်လျှင် သံပခြုပ်ကိုယ်မှ ကျောက်သွေးများကျပြီး အရက်အရောင်မှာ သံ ပခြုပ်သွေးအရောင်အတိုင်း ပြောင်းသွားလေ့ရှိပါသည်။ သံပခြုပ်ကောင်ကို ယောက်ျား၊ မိန်းမ မရွေး သောက်သုံးနိုင်ပြီး ကိုယ်ခံစွမ်းအားကောင်း စေသည်ဟု ဆိုကြပါသည်။ သံပခြုပ်အနှစ်သည်အနည်းငယ်ညှီပြီး အလွန်ရှားပါး ဆေးစွမ်းထက်သည်ဟု အယူရှိကြသည်။

သံပခြုပ်ဆူးအန္တရာယ်

သံပခြုပ်၏ ဆူးများမှာ ဆွေးနေသောသံကဲ့သို့ရှိပြီး အလွန်ချွန်ထက်သည်။ စူးမိလျှင် ဆူးကြွေသွားပြီး အသားထဲမြုပ်ကျန်ခဲ့သည်။ စက္ကန့်ပိုင်းအတွင်း အဆိပ်တက်ကာ မခံမရပ်နိုင်အောင်နာသည်။ အပြင်းအထန်ယောင်ကိုင်းလာသည်။ရက်အနည်းငယ်အတွင်း ယောင်သောနေရာ ပုတ်သွားတတ်သည်ဟုဆိုကြသည့်အတွက် ဆူးကို သတိထားစေလိုပါသည်။

ဆလုံလူမျိုးများအလွန်ကြိုက်သည့် သံပခြုပ်ကောင်

သံပခြုပ်သည် ဆလုံများ အဓိကကြိုက်နှစ်သက်သော အစားအစာဖြစ်ပြီး ၄င်းတို့ အလွန်တရာ ခင်မင်ရသော မိတ်ဆွေများ၊ခေါင်းဆောင်/အကြီးအကဲများကိုသာရှာဖွေကျွေးမွေး၊လက်ဆောင်ပေးတတ်ကြသည်။ တော်ရုံသင့်ရုံခင်မင်သူ များအား သံပခြုပ် မကျွေးတတ်ဟု သိရသည်။ 

ဆလုံလူမျိုးများသည် သံပခြုပ်ကောင်ကို ညင်သာစွာခွာယူပြီး ဓားဖြင့်ခွဲကာ အတွင်းရှိအသားများကို (ခုံးကောင်၊ခရုကောင်တို့၏အသားများကဲ့သို့) ပြုတ်ခြင်း၊ပေါင်းခြင်း၊ကြော်ခြင်းများ ပြုလုပ်စားသုံးကြသည်။ အသားမှာ ချိုအီပြီး ညှီသောအရသာရှိပါသည်။သံပခြုပ်ကိုစားလျှင် သွေးအားကောင်းခြင်း၊ ဟော် မုန်းဓာတ်တိုးပွားခြင်းနှင့် ရာသီဥတုပူခြင်း/အေးခြင်းတို့ကို ခံနိုင်ရည်ရှိစေသည်ဟု ဆိုသည်။ 

သံပခြုပ်ကောင်၏ထူးခြားမှုမှာ ၄င်းတို့၏အနီးသို့ အမျိုးသားများချဥ်းကပ်လာပါက ဆူးတောင်များ ထောင်ပြီး တိုက်ခိုက်လေ့ရှိပါသည်။အမျိုးသမီးများဖြစ်ပါက လှုပ်ရှားမှု မရှိဘဲ ငြိမ်သက်စွာ နေထိုင် လျက်ရှိပါသည်။ထို့ကြောင့် သံပခြုပ်များကို ဆလုံအမျိုးသမီးများကသာ ရှာဖွေဖမ်းဆီးခြင်းပြုကြသည်ဟု ဆိုပါသည်။ 

သံပခြုပ်ကောင်များသည် အများအားဖြင့် ရေအောက်ကြမ်းပြင်ရှိ သဲနုန်းများနှင့် ကျောက်တန်း ကျောက်ပုံများကြားတွင် နေထိုင်ကြသည်။ ၄င်းတို့ကို နင်းမိလျှင် သို့မဟုတ် ၄င်းတို့၏တိုက်ခိုက်ခြင်းခံရလျှင် ဆူးများက လူ့အသားတွင် စိုက်ဝင်ကျိုးကျန်ခဲ့ပြီး အနာရင်းကာ ပြည်တည်ပြီးအသားပုပ်တတ်သဖြင့်အလွန်ကြောက်စရာ ကောင်းပါသည်။

သံပခြုပ်အတွင်းသား ကြိုက်တတ်သူမျအနေဖြင့် သံပခြုပ်ကြော်ကို ကြိုက်နှစ်သက်ကြသော်လည်းသံပခြုပ်ဖမ်းခြင်းကိုမူ လူတိုင်းမလုပ် ဆောင်ရဲကြဘဲ ပင်လယ်ပျော်မော်ကင်းများကသာ ဖမ်းဆီးရှာဖွေနိုင်သူများ ဖြစ်ပါသည်။ 

ဂျပန်လူမျိုးများ နှစ်သက်သည့် သံပခြုပ် roe (ခေါ်) uni (အူနီ)

ယခုနောက်ပိုင်းတွင် ပင်လယ်စာအနေနှင့် ပိုမိုခေတ်စားလာသော ချွန်ချွန်ထက်ထက် သံပခြုပ်လေးများသည်သမုဒ္ဒရာပင်လယ်ကျောက် ဆောင်အနီးတွင် ရှင်သန်နေထိုင်ကြပါသည်။Uni(အူနီ)ဆိုသည်မှာဂျပန် အခေါ်အရ သံပခြုပ်၏ roe ဟုခေါ်သည့် မျိုးပွားအင်္ဂါလေးဖြစ်ပြီး အင်မတန်မှ နူးညံ့လှပါသည်။

သံပခြုပ်များကို သဘာဝအတိုင်းဖမ်းယူရတာများပြီး မွေးမြူရ ခက်ခဲပါသည်။ထို့ကြောင့်သံပခြုပ်တစ် ကောင်မှ Uni roe ဟုခေါ်သည့် အနှစ်လေးများကို အနည်းငယ်သာ ရသဖြင့် Uni လေးများသည် စျေးကြီးလေ့ရှိပါသည်။ဂျပန်လူမျိုးများကလည်း အလွန်ကြိုက်ကြပါသည်။

ကျန်းမာရေးအရဆိုလျှင်လည်း Uni(အူနီ)သည် salmon ငါးများကဲ့သို့ Omega-3 ကြွယ်ဝပြီး protein nutrients များသည့် healthy foods တစ်မျိုးဖြစ်ပါသည်။သံပခြုပ်၏ Uni(အူနီ)အရသာသည်ဆိမ့်ဆိမ့် လေးနှင့် အရသာအလွန်ရှိပြီး အနီးစပ်ဆုံးဆိုရလျှင်ကိုင်းဥကဲ့သို့ creamyဆိမ့်ဆိမ့်လေးကိုစားရသည့် အရသာနှင့် ဆင်တူပါသည်။ဂျပန်လူမျိုးများသည် Uni(အူနီ)ကို ဆူရှီ(sushi)ထမင်းလိပ်ပြုလုပ် စားကြပြီး sashimiလိုလည်း အစိမ်းစားကြ
သည်က များပါသည်။

သံပခြုပ်စားခြင်းဖြင့်ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများ

၁။ အသားဓာတ်ကြွယ်ဝခြင်း
    သံပခြုပ်များသည် အသား၊ငါးများကဲ့သို့ ပရိုတင်းဓာတ်ကြွယ်ဝသဖြင့် အသားဓာတ်ရနိုင်မည့်အရင်းအမြစ် တစ်ခုအဖြစ် စားသုံး၍ရပါသည်။ထို့ကြောင့်လည်း သံပခြုပ်အနှစ်ဂျပန်ထမင်းလိပ်ကို အခြား နိုင်ငံများတွင် လူကြိုက်များကြပါသည်။ သံပခြုပ်အနှစ်ဆူရှီတစ်တုံးတွင်ပရိုတင်း(အ သားဓာတ်) ၃ ဒသမ၂ ဂရမ် ပါဝင်ပါသည်။

၂။ အမျှင်ဓါတ်(Fiber)ကြွယ်ဝခြင်း
   သံပခြုပ်ကိုစားလျှင် အုတ်ဂျုံနှင့် ဂျုံကြမ်းတို့ကဲ့သို့ အမျှင်ဓါတ်များများရနိုင်သောကြောင့် ဝမ်းချုပ်ခြင်း ကို ကာကွယ်ပြီး အစာခြေလမ်း ကြောင်းကို ကျန်းမာစေပါသည်။သံပခြုပ်ကိုဆက်တိုက်စားပေးပါကအမျှင်ဓါတ်လိုအပ်မှုကိုအတော်ဖြည့်ဆည်းနိုင်ပါသည်။

၃။ ဗီတာမင်-စီပါဝင်ခြင်း
   သံပခြုပ်တွင် Vitamin-C ပါဝင်သောကြောင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအတွက် အားဖြည့်ပေးနိုင်ပြီးရောဂါများကိုခုခံနိုင်စွမ်း ကောင်း မွန်စေနိုင်ပါသည်။သရက်သီးလိမ္မော် သီး၊အစိမ်းရောင်အသီးအရွက်များ  နှင့် အားဆေး မစားချင်ဘူးဆိုလျှင်လည်း သံပခြုပ်ကို စားသုံးနိုင်ပါသည်။

၄။ ခွန်အားတိုးစေခြင်း
   သံပခြုပ်ကို အမျိုးသားခွန်အားတိုးစေသည့် အာဟာရအဖြစ် ဂျပန်တွင် လူသိများသည့်အပြင် သံပခြုပ်ဆူရှီကိုလည်း လူကြိုက်များပါသည်။ သံပခြုပ်သည် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါသည်။ထို့ပြင် လိင်စိတ်ကိုလည်းအားပေးသည်။

၅။ ဗီတာမင်-အေကြွယ်ဝခြင်း
  ဗီတာမင်-အေ ကြွယ်ဝသော အစားအစာကိုရှာချင်သည်ဆိုလျှင် 
သံပခြုပ်ကို ညွန်ရမည်ဖြစ်သည်။မုန် လာဥနီ၊ ကိုက်လန်၊ ဟင်းနုနွယ်၊ သခွားမွှေးတို့တွင်သာ အဓိကတွေ့ရတတ်သော Vitamin-A ကိုသံပ ခြုပ်မှလုံလောက်သည့်ပမာဏအထိ ရနိုင်ပါသည်။ ဘီတာကယ်ရိုတင်းက ကိုယ်ခံအားစနစ်အတွက် အားဖြည့်ပေးပါလိမ့်မည်။

၆။ ကယ်လိုရီ ရနိုင်ခြင်း
  ခန္ဓာကိုယ်လှုပ်ရှားနိုင်ရန်အတွက် ခွန်အားပုံမှန်ဖြည့်ပေးရန် သံပခြုပ်က ကူညီပေးနိုင်ပါသည်။ အလွန်ပင်ပန်းပြီး အားကုန်နေသည်ဆိုလျှင် ကယ်လိုရီကြွယ်ဝသော သံပခြုပ်ကိုစားလိုက်ခြင်းအားဖြင့် အမြန်အားပြန်ပြည့်စေနိုင်ပါသည်။ထို့ပြင် ကိုယ်တွင်းကလီစာများ လုပ်ဆောင် ချက်ကို မှန်ကန်သွားစေပြီး နှလုံးကိုလည်း ကျန်းမာစေပါသည်။

ထိုကဲ့သို့ ကျန်းမာရေးအကျိုး ကျေးဇူးများလှသောသံပခြုပ်ကို နေရာတိုင်းတွင် အလွယ်တကူဝယ် ယူ၍ မရနိုင်သော်လည်း ကမ်းခြေသို့ရောက်လျှင် စားဖြစ်အောင်စားစေချင်ပါသည်။

သတိပြုရမည့်အချက်များ

သံပခြုပ်တစ်ကောင်လုံးတွင် Uni (အူနီ)ဟုခေါ်သည့် သံပခြုပ်၏ မျိုးပွားအင်္ဂါအစိတ်အပိုင်းတစ်ခုသည်သာ စားရန်အတွက်သင့်တော်ပြီး ဆူးများဖြစ်သော Spine များမှာ အဆိပ်အရှိဆုံးနေရာ ဖြစ်ပါသည်။ သံပခြုပ်ကို စားသုံးသောအခါ Uni (အူနီ)ကိုသာစားသင့်ပြီး သံပခြုပ်အရှင်ကိုစားပါက ဆူးများသာမက သံပခြုပ်၏ပါးစပ်နေရာကိုပါသေချာ သတိထားရှောင်ပြီး စားသုံးသင့်ပါ သည်။ထို့ပြင် သံပခြုပ်မျိုးကွဲ တချို့သည် အဆိပ်ပြင်းသောကြောင့် စားရန်အတွက် လုံးဝမသင့်တော်သည့်ထဲတွင် ပါဝင်ပါသည်။

စားလို့ရသော သံပခြုပ်၏ အဆိပ်မိသွားလျှင် အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေအထိ မရောက်ရှိနိုင်သော်လည်းနာကျင်ခြင်း၊မူးနောက်ခြင်း၊အော့အန်ခြင်း၊ဗိုက်နာခြင်းနှင့် အင်အားလျော့နည်းခြင်း အစရှိသော ပြင်းထန်သည့်ရောဂါလက္ခများကို ခံစားရနိုင်သဖြင့် မပေါ့မ
လျော့ပဲ သေချာကုသသင့်ပါသည်။

သံပခြုပ်၏ ပါးစပ်သည် ၄င်း၏ ခန္ဓာကိုယ်အောက်တည့်တည့်တွင် ရှိပါသည်။ ပါးစပ်ကို ရှောင်ရမည့်အ ကြောင်းအရင်းမှာ ကိုက်တတ်၍ ဖြစ် သည်။ ကိုက်လိုက်လျှင် အဆိပ်ရှိတတ်သည်မို့ ရှောင်သင့်ပါသည်။သံပခြုပ်သည် စားသုံးရန်အတွက် အန္တရာယ်ရှိနိုင်သော ပင်လယ်စာတစ်ခုဖြစ်သော်လည်းအရသာရှိသည့်အပြင် လူသားများအတွက် အာ ဟာရဖြစ်စေသော Vitamin နှင့် Protein များ ပါဝင်သောကြောင့် စားသုံးဖို့သင့်တော်သော ပင်လယ်စာ တစ်ခုလည်း ဖြစ်ပါသည်သို့သော်သံပခြုပ်ကိုစားသုံးပါက အထက်ပါအတိုင်း သတိနှင့်စားသုံးကြပါရန် ရေးသားဖော်ပြလိုက်ရပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

https://www.wikipedia. org