မြစ်သားတွင် ကောက်စိုက်စက်နှင့် ၁၀ တန်းသွား မျိုးစေ့ချစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

မြစ်သား ၊ ဇူလိုင် ၁၇
ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြု လာစေရေး ၊ လက်မှုလယ်ယာစနစ်မှစက်မှုလယ် ယာစနစ်သို့ အသွင်ကူးပြောင်း ဆောင် ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါး မှုပြဿနာ ဖြေရှင်းပေးနိုင်ရေး၊ အချိန် တိုအတွင်း စိုက်ဧကများစွာကို စိုက် ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးတို့ကိုရည်ရွယ်၍ စိုက်ပျိုး ရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကောက် စိုက်စက်နှင့် ၁၀ တန်းသွားမျိုးစေ့ချစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉:၃၀ နာရီက မြစ်သားမြို့နယ် ၊ ပခမ်းကျေးရွာအုပ်စု ၊ ကွင်းအမှတ်(၅၃၃)၊ ဦးပိုင်(၆၇)ရှိ ဒေသခံ တောင်သူ ဦးစိုးညွန့်၏ လယ်မြေ ၂ ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကောက်စိုက်စက်နှင့် ၁၀ တန်းသွားမျိုးစေ့ချစက် အသုံးပြု စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စက်မှုပိုင်းဆိုင်ရာ အချက်အလက် များနှင့် စိုက်ပျိုးရာတွင် သတိ ပြု လိုက်နာရမည့် အချက်များကို စက် မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီး ဌာနမှူး ဦးရားကိုင်ထန်းက အသေးစိတ် ရှင်းလင်းပြောကြားသည်။
အဆိုပါ ကောက်စိုက်စက်နှင့် ၁၀ တန်းသွားမျိုးစေ့ချစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲတွင် မန္တလေး တိုင်းဒေသကြီး၊ တိုင်းဒေသကြီးစိုက် ပျိုးညှိနှိုင်းရေးအဖွဲ့ဝင်များ ၊ ကျောက်ဆည် ခရိုင်စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ဝင်များ၊ မြစ်သားမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ် စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ဝင်များ၊ စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများ ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးရွာအုပ်စု ၁၀ ခုမှ ဒေသခံတောင်သူ ၇၅ ဦးခန့် စိတ်ပါဝင်စားစွာ လာရောက် ကြည့် ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
AMD