စားသုံးဆီ ဖူလုံရေး အတွက် ဆီထွက်သီးနှံများအား လက်ရှိ စိုက်ဧကအတိုင်း စိုက်ပျိုးပြီး ပန်းတိုင် အထွက်နှုန်း ထွက်ရှိရေးကြိုးပမ်းသွားမည်

စားသုံးဆီ ဖူလုံရေး အတွက် ဆီထွက်သီးနှံများအား လက်ရှိ စိုက်ဧကအတိုင်း စိုက်ပျိုးပြီး ပန်းတိုင် အထွက်နှုန်း ထွက်ရှိရေးကြိုးပမ်းသွားမည်

မြန်မာနိုင်ငံတွင် နှစ်စဉ် မြေပဲ ဧက(၃)သန်းခန့် ၊ နှမ်းသီးနှံ ဧက (၄)သန်းခန့် ၊ နေကြာ ဧက(၁)သန်းကျော်၊ ဆီမုန်ညင်း ဧက (၁)သိန်းကျော်နှင့် ပန်းနှမ်း ဧက(၃)သိန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ တွက်ချက်မှုများအရ ပြည်သူတစ်ဦးချင်း၏ ဆီစားသုံးမှုမှာ တစ်နှစ်လျှင် ပျမ်းမျှ(၆)ပိဿာနှုန်း စားသုံးပါက ပြည်တွင်း ထုတ်လုပ်မှုဖြင့် လုံလောက် နိုင်သော်လည်း လက်ရှိတွင် စားသုံးမှုလိုအပ်ချက်များ အရ ပြည်ပမှ နှစ်စဉ် စားအုန်းဆီ တန်ချိန်များစွာ ဝယ်ယူတင်သွင်းအသုံးပြုနေရမှုအပေါ် နိုင်ငံတော်အစိုးရက စားသုံးဆီ ဖူလုံရေး အတွက် ဆီထွက်သီးနှံများအား လက်ရှိ စိုက်ဧကအတိုင်း စိုက်ပျိုးပြီး ပန်းတိုင် အထွက်နှုန်း ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်ချက်ကို  စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် အလေးထားအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယခုနှစ်ဆောင်းသီးနှံမှစတင်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မြေပဲ တစ်ဧက ကျပ်(၃)သိန်းနှုန်း၊ နေကြာ တစ်ဧက ကျပ်(၂)သိန်းနှုန်း ၊ နှမ်း တစ်ဧက ကျပ် (၁)သိန်းခွဲနှုန်း နှင့် ညီမျှသည့် သွင်းအားစုများ ထုတ်ပေးပြီး၊ ဆီစက် လုပ်ငန်းရှင်များက သီးနှံများ ပြန်လည် ဝယ်ယူသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည်။

abn

ရာသီ ဆီထွက်သီးနှံများ တွင် အများဆုံးစိုက်ပျိုးလျက်ရှိသော နှမ်းသီးနှံသည် တစ်ဧကစိုက်ပျိုးရန် မျိုးစေ့(၂)ပြည်သာအသုံးပြုရသဖြင့် မျိုးစေ့လိုအပ်ချက်အနည်းဆုံး ဖြစ်သည့်အပြင် ဆီပါဝင်မှု(၅၄ ရာခိုင်နှုန်း)နှင့် ဆီထွက်ရှိမှု အများဆုံးသီးနှံဖြစ်သည်။ ၎င်းအပြင် ပြည်ပဈေးကွက်လည်းရှိသဖြင့် ဆီထွက်သီးနှံများတွင် စိုက်ပျိုးရန် အသင့်တော် ဆုံး သီးနှံတစ်ခုဖြစ်သည့် နှမ်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်နိုင်ရန် စီမံဆောင်ရွက်ခဲ့ရာ ‌ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ချောင်းမကြီးမျိုးသန့်ခြံအား အဆင့်မြှင့်တင်ခြင်း နှင့် နှမ်းမျိုးစေ့ထုတ်လုပ်မှု တိုးတက် စေရေးစီမံကိန်း ကို မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ အစီအစဉ် (၂၀၂၂) အထောက်အပံ့ဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

abn

အဆိုပါစီမံကိန်းဖြင့်ဆောင်ရွက်သည့် “နှမ်းမျိုးစေ့ထုတ်လုပ်ခြင်း နှင့် မျိုးစေ့အရည် အသွေး ထိန်းသိမ်းခြင်း” သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ(၅)ရက်နေ့နံနက်ပိုင်း က ချောင်းမကြီးမျိုးသန့်ခြံ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများတက်ရောက်ခဲ့ကြသည်။ 

abn

ယခုဖွင့်လှစ်သည့် “နှမ်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့အရည် အသွေး ထိန်းသိမ်းခြင်း” သင်တန်းက ပို့ချဆွေးနွေးချက်များနှင့်ပတ်သက်၍ သိရှိလိုသည်များ၊ လက်တွေ့ လုပ်ငန်းနယ်ပယ်အတွေ့အကြုံများ နှင့် ပတ်သက်၍ သိရှိလိုသည်များ ၊ အကြံပြုဆွေးနွေး လိုသည်များ ကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်သူ ပညာရှင်များနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးလေ့လာသွားကြစေလိုကြောင်း၊ သင်တန်း အတွေ့အကြုံများနှင့် လေ့လာသိရှိချက်များကို မိမိတို့ဒေသရှိအခြားမိတ်ဆွေတောင်သူ များအား လက်ဆင့်ကမ်းမျှဝေပေးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်း ပါကြောင်း ပြည်ထောင်စုဝန်ကြီး က အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများ က သင်တန်းသား တောင်သူများ အား ဆင်းရတနာ-၁၄ နှမ်းမျိုး RS အဆင့် မျိုးစေ့နှင့် လေလုံပိတ် မျိုးစေ့သိုလှောင်အိတ် များကို ပေးအပ်ကြရာ သင်တန်းသား ကိုယ်စားလှယ် များက လက်ခံရယူခဲ့ကြသည်။

abn

“အထွက်အကောင်းဆုံးမျိုးများအသုံးပြုသော်လည်း စိုက်ပျိုးသည့်ဒေသအလိုက် ကွာခြားမှု ရှိနိုင်သလို၊ စိုက်ပျိုးသည့် ဒေသတူသော်လည်း စိုက်ပျိုးရာသီမတူရင် အထွက်နှုန်း ကွာခြားနိုင်ပါကြောင်း၊ ဆောင်ရွက်ခဲ့ပြီးတဲ့စမ်းသပ်တွေ့ရှိချက်များကိုလည်း ဒီသင်တန်းမှာ ဆွေးနွေးပေးမှာဖြစ်တဲ့အတွက် ယခုဒီသင်တန်းမှာ တက်ရောက်တဲ့တောင်သူများအနေနဲ့ မိမိတို့ဒေသအလိုက် အထွက်အကောင်းဆုံးဖြစ်မယ့် မျိုးများကို သေသေချာချာ မှတ်သားပြီး စိုက်ပျိုးကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် သင်တန်းတက်ရောက်လာတဲ့တောင်သူများကို စမ်းသပ် ဒေသအတော်များများမှာ အထွက်အကောင်းဆုံး ဖြစ်တဲ့ ဆင်းရတနာ-၁၄ မျိုးသန့် မျိုးစေ့များကို ပေးလိုက်မှာဖြစ်တဲ့ အပြင် နှမ်းသီးနှံမျိုးစေ့ထုတ် စိုက်ပျိုးခြင်းနည်းစနစ် နဲ့ မျိုးသန့်ထိန်းသိမ်းနည်းများကိုပါ သင်ကြားပေးလိုက်မှာဖြစ်တဲ့အတွက် လိုက်နာဆောင်ရွက် ခြင်း အားဖြင့် တောင်သူများနှမ်းမျိုးသန့် မျိုးစေ့များသုံးစွဲပြီးသီးနှံအထွက်တိုး ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်ဟု” စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။

a

နှမ်းမျိုးစေ့ထုတ်လုပ်မှု တိုးတက်ရေးစီမံကိန်း ၏ လုပ်ငန်းစဉ်များအဖြစ် မန္တလေး တိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၁၀)မြို့နယ် နှင့် မျိုးသန့်ခြံ (၂)ခြံတွင် နှမ်းသီးနှံဆိုင်ရာ သုတေသန စမ်းသပ်ကွက်များကို (၃)ရာသီဆောင်ရွက်ခဲ့ပြီး၊ တောင်သူ ကွင်းသရုပ်ပြပွဲများအဖြစ် ကျောက်ဆည်မြို့နယ်တွင်နှင့် ချောင်းမကြီးခြံတို့တွင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ ဒေသနှင့်ကိုက်ညီသည့် နှမ်းမျိုးသစ်များနှင့် စိုက်နည်းစနစ်များ သုတေသနပြု ရှာဖွေခြင်း စမ်းသပ်ကွက်များဆောင်ရွက်ခဲ့သော မန္တလေးတိုင်း ဒေသကြီးမှ ပျော်ဘွယ်၊ မလှိုင်၊ နွားထိုးကြီး၊ ကျောက်ဆည်၊ ညောင်ဦး၊ စဉ့်ကိုင်မြို့နယ်များ နှင့် မကွေးတိုင်း ဒေသကြီးမှ  ချောက်၊ ရေနံ ချောင်း၊ တောင်တွင်းကြီးမြို့နယ်များ ဝန်ထမ်း (၁၅)ဦး ၊ တောင်သူ(၅၀)ဦး တို့အား နှမ်းမျိုးစေ့ ထုတ်လုပ်ခြင်းနှင့် မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်း နည်းပညာများကို ဖေဖော်ဝါရီလ (၅)ရက်နေ့မှ(၇)ရက်နေ့အထိ(၃)ရက်ကြာ ပို့ချဆွေးနွေးပေးခဲ့ပြီး နေပြည်တော်၊ ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရှိ မျိုးစေ့ဘဏ် နှင့် မျိုးစေ့ထုတ် သုတေသနစိုက်ကွင်းများ ကို လက်တွေ့ကွင်းဆင်း လေ့လာရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

a