ရေဘေးကာကွယ်ရေး တာတမံများကြံ့ခိုင်မှုနှင့် ရေဘေးကြိုတင်ကာကွယ်ရေး အထူးကြပ်မတ်ဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော် သည် ဇူလိုင်လ တတိယပတ်အတွင်း ရန်ကုန်၊ ပဲခူး နှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ ရေဘေးကာကွယ်ရေး တာတမံများကြံ့ခိုင်မှုနှင့် ရေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ရေလှောင်တမံများ၏ ရေဘေးကာကွယ်ရေးဆိုင်ရာ အစီအမံများ အထူးစစ်ဆေး ကြပ်မတ်ခြင်း ကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှု နှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ အား ကွင်းဆင်းကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီး က ရေကင်းလှည့် ဇယားများဖြင့် နေ့ညမပျက် သက်မှတ်ထားသည့်လုပ်ငန်းစဥ်များအတိုင်း ဝာာတမံကြံ့ခိုင်မှုအခြေအနေကို လှည့်လည် ကြည့်ရှု စောင်ကြည့် စစ်ဆေးရန်လိုအပ်ချက်များ၊ ရေခွေပြုလုပ်ရာတွင် လိုအပ်သည့် အမြင့်ရရှိအောင် စနစ်တကျဆောင်ရွက်ရန် ၊ ရေဘေးကာကွယ်ရေးတာများတွင် တာတမံ ထိခိုက်စေနိုင်သည့် အချက်များ စစ်ဆေးတွေ့ရှိပါက အချိန်နှင့်တပြေးညီ သက်ဆိုင်ရာ တာဝန် ရှိသူများအား သတင်းပို့၍ ကြိုတင်ကာကွယ်မှုများ ပေါင်းစပ်ညှိနှိုင်းဝိုင်းဝန်း ဆောင်ရွက် ထားရှိကြရန်၊ သဲအိတ်၊မိုးကာ၊ဝါးမျောနှင့်ကျောက် စသည့် အရေးပေါ်ပစ္စည်းများ စုဆောင်း ထားရှိ၍ ရေလမ်း၊ကုန်းလမ်းမှ လိုအပ်သည့်နေရာများသို့ အလျှင်အမြန်သယ်ယူ ပို့ဆောင်နိုင်ရေး နှင့် တာတမံဝန်ထမ်းများ၊ တာလုပ်သားများ ၊ ရပ်ကွက်ကျေးရွာများမှ တာဝန်ကျ တာလုပ်သားများ၏ လုပ်ငန်းခွင်ဘေးအန္တာရယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး အထူးဂရုပြုကြရန် မြစ်ကမ်းပါးပြိုကျမှု ကာကွယ်ရေးနှင့်ပတ်သက်ပြီး ဝါးရေလွှဲကထစ် တန်းရိုက်ခြင်း ၊ Geo bag ချခြင်း ၊ တာထောက်ခြင်းလုပ်ငန်းများအား သက်ဆိုင်ရာဦးစီးဌာန အချင်းချင်းညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
အလားတူ တိုင်းဒေသကြီး ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လက်ရှိ စိုက်ပျိုးထားရှိသော သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်၍ သီးနှံထိခိုက် ပျက်စီးမှုများဖြစ်ပေါ်လာပါက အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေး အတွက် သက်တမ်းတို အရန်မျိုးစပါးများ အသင့်စုဆောင်းခြင်း၊ ဖြန့်ဖြူးခြင်း ၊ ပိုးမွှားရောဂါကျ ကြိုတင်ကာကွယ်ရေး နည်းလမ်းများဖြန့်ဝေပေးခြင်း၊ အပင်ရောဂါကာကွယ် ကုသဆေးများ ၊ တိရိစ္ဆာန်များ အသက်ဘေးအန္တရာယ် ကာကွယ်နိုင်ရေး တိရစ္ဆာန်အသက်ကယ်ကုန်းများ ပြင်ဆင်ထားရှိခြင်း၊ ရေလွတ်ရာ နေရာများသို့ အချိန်မီ ပြောင်းရွှေ့ခြင်း ၊ တိရစ္ဆာန်များနာမကျန်းဖြစ်ပွားပါက ကုသရန်လိုအပ်မည့် ဆေးဝါးများ၊ ကာကွယ်ဆေးများ၊ တိရစ္ဆာန်ဖြည့်စွက်အစာများ ကြိုတင်စုဆောင်းထားရန် လိုအပ်ချက်များ၊ မြို့နယ်နှင့်ခရိုင်အလိုက် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှူစစ်ဆေးပြီး လိုအပ်သလို ပညာပေးလုပ်ငန်းများ အချိန်နှင့် တပြေးညီ ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။