တရုတ်ပျားရည်ကျွဲကော ခူးဆွတ်ချိန်တွင် အထွက်နှုန်းမြင့်မားနေ

၂၀၂၅ ခုနှစ်၏ ပျားရည်ကျွဲကော ခူးဆွတ်ချိန်ကာလဖြစ်ပြီး အထွက်နှုန်းနှင့် အသီး အရည် အသွေးနှစ်မျိုးစလုံး တိုးတက်မှုရှိကြောင်း အစီရင်ခံ တင်ပြထားသည်။ စျေးနှုန်းများသည် တည်ငြိမ် လျက်ရှိပြီး ယခု ရာသီတွင် ဝယ်သူများနှင့် တင်ပို့သူများအတွက် အဆင်ပြေသော အခြေအနေ များကို ဖန်တီးပေးလျက်ရှိပါသည်။
အဓိက စိုက်ပျိုးထုတ်လုပ်သော ဒေသများရှိ ရာသီဥတုအခြေအနေများသည် အသီးအနှံ များကောင်းစွာဖြစ်ထွန်းမှုကို ပံ့ပိုးပေးလျက်ရှိပါသည်။ဥရောပဈေးကွက်ကြိုက် နှစ်သက်မှုရှိသည့် အရွယ်အစား သေးငယ်သော ပျားရည်ကျွဲကောများရရှိနိုင်မှုမှာ ယခုနှစ်တွင် ပိုမိုထွက်ရှိလာကြောင်း စက်မှုလုပ်ငန်း သတင်းရင်းမြစ်များက မှတ်ချက်ပြုခဲ့သည်။
တည်ငြိမ်သောစျေးနှုန်းများနှင့် ကောင်းမွန်သောရာသီဥတုကြောင့် ကုန်သွယ်မှုအတွက် များစွာထိရောက် မှုရှိသည်ဟု ယူဆရပါသည်။ ဥရောပနိုင်ငံများသည် တရုတ်ကျွဲကောသီးကို အဓိကတင်ပို့သည့် ဈေးကွက်ဖြစ်သည်။ အကောက်ခွန် အချက် အလက်များအရ ၂၀၂၅ ခုနှစ် ဇူလိုင်တွင် ပို့ကုန်များ မြင့်တက်လာကြောင်း ပြသနေသည်။
နယ်သာလန်တွင် ဂရိတ်ဖရုသီးနှင့် ကျွဲကောသီး တင်ပို့မှု ပမာဏ မှာ ၂၀၂၄ ခုနှစ် ဇူလိုင်နှင့် နှိုင်းယှဉ်ပါက ၃၀၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ပို့ကုန်တန်ဖိုးမှာ တစ်နှစ်ထက်တစ်နှစ် ၉၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
Zhangzhou တွင် လည်ပတ်လှုပ်ရှားနေသော Onedayone ကုမ္ပဏီ သည် အရည်အသွေးမြင့် ပျားရည်ကျွဲကော ဝယ်လိုအားများ များစွာရရှိထားပါသည်။ အထွေထွေမန်နေ ဂျာ Lan Bilong မှ ကုမ္ပဏီသည် အသီးအရွယ်အစား၊ အသွင် အပြင်၊ ချိုမြိန်မှုနှင့် အခွံအထူအပါးပေါ် အခြေခံ သည့် တင်းကြပ်သော ရွေးချယ်မှု စံနှုန်းများကို ကျင့်သုံးကြောင်း ရှင်းပြခဲ့သည်။
ဤသတ်မှတ်ချက်များနှင့် ကိုက်ညီသော သစ်သီးများကိုသာ ကုမ္ပဏီ အမှတ်တံဆိပ်ဖြင့် ထုတ်ပိုးထားပါသည်။ ကုမ္ပဏီသည် ထုပ်ပိုးရာ တွင် အဆင်ဆန်းများဖြင့် အလှဆင်ထားသည့် ထုပ်ပိုးမှုပုံစံမှဖောက်ထွင်း မြင်ရသော ထုပ်ပိုးမှုပုံစံအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ဤပြောင်းလဲမှုသည် သစ်သီး၏အသွင်အပြင်ကို တိုက်ရိုက် စစ်ဆေးနိုင်စေပြီး စားသုံး သူများ မဝယ်ယူမီ သစ်သီးအခွံကို ကြည့်ရှုနိုင်စေပါသည်။
ကုမ္ပဏီ၏ အဆိုအရ ဤဆောင်ရွက်မှုသည် အရည်အသွေးထိန်းချုပ်မှုကို ပိုမိုတည်ငြိမ်စေပြီး အရည်အသွေး ကွဲပြားမှုနှင့်ပတ်သက် သော တိုင်ကြားချက်များကို လျှော့ချ ပေးနိုင်ပါသည်။ ပို့ကုန် ဝယ်လိုအား မြင့်တက်လာခြင်းနှင့် ပြည်တွင်းရောင်းချမှု အားကောင်းလာခြင်းတို့ကြောင့် ၂၀၂၅ ခုနှစ် ပျားရည် ကျွဲကောရာသီသည် စိုက်ပျိုးသူများနှင့် တင်ပို့သူများအတွက် အပြုသဘော ဆောင်သည့် တိုးတက် ဖွံ့ဖြိုးမှုဖြစ်စေလာကြောင်း သိရှိရသည်။
ဖုန်းမြတ်ဝင်းမောင်မောင်
https://www.freshplaza.com/asia/article/9766411/chinese-honey-pomelo-harvest-shows-higher-yields/