မြန်မာနိုင်ငံမှ နာနတ်သီး တန်ချိန် ၆ ဒသမ ၄ သန်း ဝမ်တိန်သို့ တင်ပို့

မြန်မာနိုင်ငံမှ ဝမ်တိန်သို့ နာနတ် သီး တန်ချိန် ၆ ဒသမ ၄ သန်း တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးမှ သိရသည်။ မြန်မာ့နာနတ်သီးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် တရုတ်နိုင်ငံသို့ တင်ပို့ရန် ခွင့်ပြုခဲ့သည်။ ယူနန်ပြည်နယ် အနေဖြင့် မြန်မာနိုင်ငံမှ နာနတ်သီးကို ပထမဆုံးအကြိမ် လက်ခံခြင်းလည်း ဖြစ် သည်။
ဝမ်တိန်တွင် နာနတ်သီးများကို အရွယ်အစားအလိုက် အမျိုးအစားခွဲပြီးနောက် ကူမင်း၊ ချန်ဒူးနှင့် အခြားမြို့ကြီးများသို့ ပို့ဆောင်ပေးနေသည်။ နာနတ်သီးများသည် ဇူလိုင်လနှင့် သြဂုတ်လများတွင် ဝယ်လိုအားမြင့်မားပါသည်။ ထို့ကြောင့် အဆိုပါ ကာလအတွင်း တရုတ်နိုင်ငံသို့ တန်ချိန် ၅၀၀ ကျော်တင်ပို့နိုင်ရန် မျှော်လင့်ထားကြောင်း ရွှေလီ ကုန် သွယ်ရေး ကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား သန့်ရှင်းရေးနှင့် အပင်ပိုးမွှား ကင်းရှင်းရေးဆိုင်ရာ (SPS) လုပ်ငန်း စဉ်များအရ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးရန် နှစ်စဉ် စစ်ဆေးရေးလုပ်ထုံးလုပ်နည်းများကို ဆောင်ရွက် လျက်ရှိသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံမှ နာနတ်သီးများကို တရုတ် နိုင်ငံသို့ အပင်ပိုးမွှားကင်းရှင်းရေး စည်းမျဉ်းများနှင့်ကိုက်ညီသည့် အသီး များ ကို တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း တရုတ် ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်ရေး အာဏာ ပိုင်အဖွဲ့ (GACC) မှ ထုတ်ပြန် ကြေညာခဲ့သည်။
မြန်မာနိုင်ငံမှနာနတ်သီးများကို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် စိုက်ပျိုးပါသည်။ နာနတ် သီးခုတ်သိမ်းရာသီသည် ဇွန်မှ စက် တင်ဘာအတွင်း ဖြစ် ကြောင်း သိရှိရသည်။
ဖုန်းမြတ်ဝင်းမောင်မောင်
https://www.gnlm.com.mm/myanmar-ships-6-4-tonnes-of-pineapples-to-wang-ding/