တောင်ကြီးထွက် ဆေးဖက်ဝင် ဥတစ်လုံးကြက်သွန်ဖြူများကို နိုင်ငံတစ်ဝန်း ဈေးကောင်းပေး ဝယ်ယူစားသုံး

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ ထွက်ရှိသော ဆေးဖက်ဝင်ဥတစ်လုံး ကြက်သွန်ဖြူများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ရှမ်းပြည်နယ်ကြက်သွန် ဖြူဈေးကွက်၏ သတင်းအရင်းအမြစ်များအရ သိရှိရသည်။
လူကြိုက်များပြီး စားသုံးမှုများသည့်အတွက်ဆေးဖက်ဝင်ဥတစ်လုံး ကြက်သွန်ဖြူဈေးနှုန်းမှာ ဩဂုတ်လမှစတင်၍ ဈေးကောင်းရရှိလျက်ရှိသည်။
အဆိုပါ ဥတစ်လုံးကြက်သွန်ဖြူများမှာ ဆေးဖက်ဝင်ပြီး လူကြိုက်များသည့်အတွက် ဈေးနှုန်း အနည်း ငယ် မြင့်မားပါသည်။ ၎င်းဥတစ်လုံး ကြက်သွန်ဖြူတွင် ကြက်သွန်ဖြူ အမွှာ တစ်မွှာသာ ပါရှိသည်။ အချို့မှာ တစ်ကူးတစ်ကရှာဖွေ၍ ဝယ်ယူစားသုံးလျက် ရှိကြသည်။ အဆိုပါ ကြက်သွန်ဖြူများကို ပြည်၊ ရန်ကုန်နှင့် နေပြည်တော်အပါအဝင် မြို့အများအပြားသို့ ပို့ဆောင်လျက်ရှိပါသည်။ တာချီလိတ်မှ လူအများ သည်လည်း အဆိုပါ ဥတစ်လုံးကြက်သွန်ဖြူများကို ဝယ်ယူလျက်ရှိကြောင်းတောင်ကြီးမြို့နယ်မှ လက်လီလက်ကား ရောင်းချသူတစ်ဦးက ပြောကြားသည်။
စတင်တူးဖော်ချိန်တွင် အဆိုပါ ဥတစ်လုံးကြက်သွန်ဖြူဈေးနှုန်းများမှာ ဈေးကောင်း မရရှိသော်လည်း နောက်ပိုင်းတွင် ကြက်သွန်ဖြူဥ ပိုမိုခြောက်သွေ့ လာသည်နှင့်အမျှ ဈေးကောင်း ပိုမို ရရှိကြောင်းပြောကြားသည်။
ပြီးခဲ့သည့်လမှစ၍ ကြက်သွန်ဖြူ ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်လာခဲ့ကြောင်း၊ ဥတစ်လုံး ကြက်သွန် ဖြူဈေးနှုန်းသည် အမွှာကြီးကြက် သွန်ဖြူဈေးနှုန်းနှင့် တူညီကြောင်း ပြောကြားသည်။
ကြက်သွန်ဖြူတွင် ပါဝင်သော Allicin သည် သွေးတွင်းရှိ မကောင်းသောကိုလက်စထရောများကို လျှော့ချပေးပြီးနှလုံးအတွက် ကောင်းမွန်ပါသည်။ ကြက်သွန်ဖြူကို ပုံမှန် စားသုံးပေးခြင်းဖြင့် သွေးခဲနိုင်ခြေကို လျှော့ချစေနိုင်ပါသည်။ ထို့ပြင်ကြက်သွန်ဖြူသည်သွေး ပေါင်ချိန်ကို လျှော့ချပေးနိုင်သည့်အတွက် သွေးတိုးရောဂါဝေဒနာရှင်များအတွက်ကောင်းမွန်ကြောင်း သိရှိရပါသည်။
နွေးနွေးအောင်
https://www.gnlm.com.mm/234616-2/