မော်လမြိုင်ကျွဲကောသီး စားသုံးမှုများပြားလာ ဈေးကွက်တွင် ရောင်းအားကောင်း

ရာသီပေါ် မော်လမြိုင်ကျွဲကောသီးများ စားသုံးမှု များပြားလာသည့် အတွက် ကျွဲကောသီး ရောင်းအားများ ကောင်းမွန်လျက်ရှိကြောင်း သစ်သီးဝလံဈေးကွက်မှ စုဆောင်းရရှိသည့် သတင်း အချက်အလက်များအရ သိရှိရပါသည်။ ကျွဲကောသီးရာသီအစပိုင်းတွင် ရောင်းအားကောင်းမွန်လျက် ရှိပြီး လာမည့်လများတွင် ကျွဲကောသီးဝင်ရောက်မှု ဆက်လက်မြင့်တက်ဖွယ်ရှိပါသည်။
ဇွန်လတွင် ကျွဲကောသီးများ စတင်ထွက်ရှိပြီး ယခုလ ဇူလိုင်လမှစ၍ လာမည့်လများအထိ ကျွဲကောခြံများအားလုံး ခူးဆွတ်နိုင်မည်ဖြစ်သည်။ လာမည့်လများတွင် ကျွဲကောသီး အများ အပြား ထွက်ရှိမည်ဖြစ်ပြီး တန်ခူးလတွင် ကျွဲကောသီး ထွက်ရှိသည့်ရာသီကုန်ဆုံးမည် ဖြစ်ပါသည်။ လူအများ ကြိုက်နှစ်သက်သည့်အတွက် ကျွဲကောသီး စားသုံးမှုများ မြင့်တက်လျက်ရှိကြောင်း ကျိုက်ထိုမြို့နယ်ရှိ လင်းပွင့်စံကျွဲကောရောင်းဝယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မွန်ပြည်နယ်သည် ကျွဲကောသီးထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပြီး ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင်၊ မုဒုံ၊ ရေးနှင့် ခေါဇာမြို့နယ်တို့သည် မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်မှ ထိပ်တန်းမြို့နယ်များ ဖြစ်ကြသည်။ မွန်ပြည်နယ်တွင် အဖြူနှင့် ပန်းရောင်ဟူ၍ ကျွဲကော နှစ်မျိုးရှိပြီး အဆိုပါ မျိုးနှစ်မျိုးလုံးသည် အထွက်နှုန်းကောင်းပြီး ရောင်းအားလည်း ကောင်းသည်။
မော်လမြိုင်ကျွဲကောမျိုးများအပြင် ထိုင်းကျွဲကောသီးမျိုးများလည်းရှိပြီး ၎င်းမျိုးများသည် အခွံထူပြီး အရသာ သိပ်မကောင်းပါ။ အရောင်လည်း မလှသဖြင့် လူအများသည် ထိုင်းကျွဲကောသီးထက် မော်လမြိုင်ကျွဲကော်သီးကို ပိုမိုကြိုက်နှစ်သက်ကြပါသည်။ ထိုင်းကျွဲကောသီးများသည် ဈေးကြီးပြီး ပုံမှန်အားဖြင့် ကျွဲကောသီးများကို ကီလိုဖြင့် ရောင်းချကြသည်။ မော်လမြိုင်ကျွဲကော်သီးများသည် အရောင်းမျိုးစုံရှိကြောင်း ကျိုက်ထိုမြို့နယ်ရှိ လင်းပွင့်စံကျွဲကောသီးရောင်းဝယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
နွေးနွေးအောင်
https://www.gnlm.com.mm/consumption-of-seasonal-mawlamyine-pomelo-increasing-and-its-sales-strong-in-market/