မန္တလေးဈေးကွက်

မန္တလေးဈေးကွက်

ဆန်

ရွှေဘိုပေါ်ဆန်း၊ ရန်ကုန်ပေါ်ဆန်းတို့မှာ အသစ်စိုက်ပျိုးချိန်ဖြစ်ခြင်းကြောင့် လှောင်သမား ထုတ်ရောင်းမှုရှိခြင်း ၊ မြို့တွင်းသုံးဝယ်ယူမှုသာရှိပြီး နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ်မှ ၁၂၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ရွှေဘိုပေါ်ဆန်းမှာ ရွှေဘိုဒေသတစ်ခုထံ၌သာ စိုက်ပျိုးခြင်း၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် ၁၄၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

မနောသုခဆန်မှာ အသစ်များ အဝင်များလာခြင်း၊ အသစ်အား စားသုံးမှုနည်းသေးခြင်းကြောင့် အသစ်တစ်အိတ် ၇၂၀၀၀ ကျပ် မှ ၆၇၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး အဟောင်းလက်ကျန်နည်းသော်လည်း မြို့တွင်းစားသုံးရန် ဝယ်ယူမှုနည်းခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ ကျပ် မှ ၈၈၀၀၀ ကျပ်သို့ 
ဈေးနိမ့်သွားသည်။

ငစိန်ဆန်မှာလည်း အသစ်များ ဝင်ရောက်မှုရှိခြင်း၊ လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် ယခင်အပတ် တစ်အိတ် ၇၂၀၀၀ ကျပ် မှ ၆၇၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ဇီယာဆန်မှာ အဝင်ပုံမှန်ရှိခြင်း၊ လှောင်သမား ထုတ်ရောင်းရှိခြင်းကြောင့် ဇီယာနွယ်ဝင်ဧည့်မထအား ပြည်ပတင်ပို့မှုရှိခြင်း
ကြောင့် တစ်အိတ်း ၉၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

ဧရာမင်းဆန်မှာ အသစ်ဝင်ရောက်မှုများခြင်း၊ မြို့တွင်းစားသုံးမှုအတွက် ဝယ်ယူမှုသာရှိခြင်း၊ နယ်ဝေးတင်ပို့ရမှုမရှိခြင်းကြောင့် တစ်အိတ် 
၁၃၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

ဆီထွက်သီးနှံ

မြေပဲ(လုံးဆန်/ဆီဆန်) ဈေးနှုန်းမှာ မိုးမြေပဲစိုက်ပျိုးစဖြစ်ခြင်း၊ ဆောင်းလက်ကျန်နည်းခြင်း၊ စပ်ကူးမတ်ကူးကာလဖြစ်ခြင်းတို့ကြောင့် လုပ် ငန်းသမား ဆီစက်သမား ဝယ်ယူမှုရှိခြင်းတို့ကြောင့် မြေပဲ(လုံးဆန်) ၁၀၀ ပိဿာ ၇၈၀၀၀၀ ကျပ်  မှ ၈၀၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး မြေပဲ(ဆီ
ဆန်) ၁၀၀ ပိဿာ ၇၄၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

နှမ်းမျိုးစုံတို့အနက် နှမ်းဖြူမှာ တရုတ်သို့ ပင်လယ်ရေကြောင်းမှ တင်ပို့ရန် ရန်ကုန်ဝယ်လက်ရှိခြင်း၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်း ၊ မိုးနှမ်းမဝင်သေးခြင်းတို့ကြောင့် နှမ်းဖြူ(၄၅‌) ပိဿာ ၃၄၀၀၀၀ ကျပ် မှ ၃၈၀၀၀၀ ကျပ်သို့လည်းကောင်း၊ နှမ်းနက် ၄၅၀၀၀၀ ကျပ် မှ ၄၆၀၀၀၀ ကျပ် သို့လည်းကောင်း ဈေးမြင့်သွားပြီး နှမ်းညိုမှာ ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ဆောင်းလက်ကျန်နည်းသော်လည်း ၄၅ ပိဿာ ၃၂၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

ပန်းနှမ်းမှာ  ရောဆီအထွက်  အဝယ်နည်းခြင်းကြောင့် အရောင်း အဝယ်အေးသော်လည်း လက်ကျန်နည်းသွားခြင်းကြောင့် ၄၅ ပိဿာ ၂၀၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နေကြာဈေးနှုန်းအနေဖြင့် ‌ဆောင်းလက်ကျန်နည်းခြင်း၊  မိုးနေကြာ စိုက်ပျိုးစ ဖြစ်ခြင်းကြောင့် ဆီစက်သမား အဝယ်ပုံမှန်ရှိသော်လည်း ၂၇ ပိဿာ ၁၅၀၀၀၀ ကျပ်ဖြင့် ဈေးမသိမသာမြင့်သွားသည်။

စားဖိုဆောင်သီးနှံ

မန္တလေး ကိုင်းတန်းဈေးတွင် မုံရွာ၊ မြင်းခြံ ၊ မုံရွာ နယ်စုံမှ ကြက်သွန်နီများ ဝင်ရောက်မှုရှိခြင်း ၊ လမ်းပန်းဆက်သွယ်ရေးကြောင့် နယ်ဝေးတင်ပို့ရမှုမရှိခြင်းကြောင့် (ကြီး) တစ်ပိဿာ ၂၄၀၀ ကျပ်ဖြင့် ‌ဈေးတည်ငြိမ်နေပြီး (လတ်) တစ်ပိဿာ ၂၃၀၀ ကျပ် မှ ၂၂၀၀ ကျပ်သို့ ဈေးနိမ့်နေ
ပြီး (သေး) တစ်ပိဿာ ၁၇၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်နည်းသွားခြင်းကြောင့် နယ်ဝေး တင်ပို့ရမှုမရှိဘဲ မြို့တွင်းသုံးသာရှိသော်လည်း တစ်ပိဿာ ၉၅၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ကြက်သွန်ဖြူ(ရှမ်း)မှာ အရည်အသွေးပေါ်မူတည်၍ အရည်အသွေးအနိမ့်ဆုံး ၈၀၀၀ ကျပ်မှ အကောင်းဆုံးတစ်ပိဿာ ၁၁၀၀၀ ကျပ် ဖြင့် မြို့တွင်းလက်လီဆိုင်များ ဝယ်ယူမှုသာရှိသည်။

အောင်ပန်းအာလူးများသာ ဝင်ရောက်ခြင်း၊ အဝင်နည်းခြင်း၊ တရုတ်အာလူးများ ဝင်ရောက်မှုမရှိခြင်းကြောင့် အာလူး တစ်ပိဿာ ၂၃၀၀ ကျပ် မှ ၃၅၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ချင်းဈေးနှုန်းအနေဖြင့် ဥမများ လှိုင်လှိုင်ဝင်ရောက်ခြင်း ၊ လမ်းပမ်း ဆက်သွယ်ရေးကြောင့် နယ်ဝေးတင်ပို့ရမှုမရှိခြင်း ၊ မြို့တွင်းစားသုံးမှုသာရှိခြင်းကြောင့် ဥမတစ်ပိဿာ ၅၅၀၀ ကျပ် မှ ၄၀၀၀ ကျပ် ၊ အခက်ကြီး တစ်ပိဿာ ၆၅၀၀ ကျပ် မှ ၆၀၀၀  ကျပ်သို့ ‌ဈေးနိမ့်သွားသည်။

ပဲမျိုးစုံ

မတ်ပဲဈေးနှုန်းမှာ ရေသွင်းပဲများ ဝင်‌ရောက်မှုရှိပြီး ၃ တင်းတစ်အိတ် ၂၅၅၀၀၀ ကျပ်ဖြင့် ခွဲစက်သမား  ဝယ်ယူမှုရှိပြီး ဆောင်းပဲမှာ လက်ကျန်နည်းခြင်းကြောင့် ပြည်ပပို့ရန် အဝယ်နည်းသော်လည်း ၃ တင်းတစ်အိတ် ၃၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ပဲတီစိမ်း(အညာ) မိုးပဲစတင်ဝင်ရောက်စဖြစ်ခြင်း၊ ပဲအရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားခြင်းကြောင့် အရည်အသွေးအနိမ့်ဆုံး ၃ တင်းတစ်အိတ်  ၁၆၅၀၀၀ ကျပ် ၊ အကောင်းဆုံး တစ်အိတ် ၂၀၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။

ပဲစဉ်းငုံ(ဖြူ)မှာ ပစ္စည်းရှားခြင်း ၊ အရောင်းအဝယ်ဖြစ်မှုမရှိခြင်းကြောင့် ယခင်အပတ် ဈေးနှုန်း ၃ တင်းတစ်အိတ် ၄၀၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ပဲစဉ်းငုံ(နီ)မှာ လက်ကျန်နည်းခြင်း ၊ ရန်ကုန်ဝယ်လက်နည်းခြင်းကြောင့် တစ်အိတ် ၄၂၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲပုတ်  (ရှမ်း/မြန်မာ)တို့မှာ ‌ဆောင်းလက်ကျန်နည်းသွားခြင်း ၊ မိုးပဲစိုက်ပျိုးထားဆဲကာလဖြစ်ခြင်း ၊ လုပ်ငန်းသမား  ၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ပဲပုတ်(မြန်မာ) တစ်အိတ် ၂၀၀၀၀၀ ကျပ် မှ ၂၀၅၀၀၀ ကျပ်သို့လည်းကောင်း ၊ ပဲပုတ်(ရှမ်း) ၂၂၀၀၀၀ ကျပ် မှ ၂၂၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

ကုလားပဲဈေးနှုန်းအနေဖြင့် စိုက်ပျိုးချိန်နီးသဖြင့် လှောင်သမား ထုတ်ရောင်းမှုရှိခြင်း ၊ ပဲခွဲစက်များ ဝယ်ယူမှုနည်းသဖြင့် အရောင်းအဝယ်အေးခြင်း ၊ လုပ်ငန်းသမား ပဲကြော်/လှော်သမား အဝယ်နည်းခြင်းကြောင့် ကုလားပဲ(လုံးဖြူကြီး) ၃တင်းတစ်အိတ် ယခင်အပတ် ၂၄၈၀၀၀ ကျပ်မှ ၂၄၃၀၀၀ ကျပ်သို့လည်းကောင်း ၊ လုံးဝါကြီး ၂၃၃၀၀၀ ကျပ် မှ ၂၃၁၀၀၀ ကျပ်သို့လည်းကောင်း  ဈေးမသိမသာနိမ့်သွားပြီး ခွဲခြမ်းမှာ တစ်ပိဿာ ၅၈၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲယင်း၊ မြေတောက်ပဲ၊ စားတော်ပဲ(ကျွန်း)တို့မှာ ပစ္စည်းနည်းပြီး အရောင်းအဝယ်အေးခြင်းကြောင့် ပဲယင်း ၃ တင်းတစ်အိတ် အရည်အသွေးအကောင်းဆုံး တစ်အိတ် ၁၅၈၀၀၀ ကျပ်၊ မြေတောက်ပဲ ၃၂၀၀၀၀ ကျပ် ၊ စားတော်ပဲ(ကျွန်း) ၂၈၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲလွန်းဖြူ/ပြာတို့မှာ ‌ဆောင်းပဲလက်ကျန်နည်းပြီး မိုးပဲမဝင်သေးခြင်း ၊ ယခင်အပတ်က တရုတ်ဝယ်လက် အနည်းငယ်ရှိခြင်းကြောင့် ပဲလွန်းဖြူတစ်အိတ် ၂၈၅၀၀၀ ကျပ်  ၊ ပဲလွန်းပြာတစ်အိတ် ၂၅၀၀၀၀ ကျပ် အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။

ပဲကြီး(ကြီး/သေး) မိုးနှင့် ‌ဆောင်းကြား စပ်ကူးမတ်ကူးကာလဖြစ်ခြင်း ၊ လက်ကျန်နည်းခြင်း ၊ လုပ်ငန်းသမား အဝယ်ရှိခြင်းကြောင့် ယခင်အပတ် ပဲကြီး(ကြီး) ၃တင်းတစ်အိတ် အရည်အသွေးအကောင်းဆုံး ၂၈၀၀၀၀ ကျပ်  မှ ၂၈၅၀၀၀ ကျပ် ၊ ပဲကြီး(သေး) ၂၃၅၀၀၀ ကျပ် ၂၄၀၀၀၀ ကျပ်သို့ ဈေး
မသိမသာမြင့်သွားသည်။

ဂျုံနှင့်အစေ့ထုတ်ပြောင်း

မန္တလေးပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဂျုံဈေးနှုန်းမှာ လှောင်သမား ထုတ်ရောင်းမှုရှိခြင်း ၊ ဂျုံစက်များ အဝယ်နည်းခြင်းကြောင့် ငါန်းဇွန် ၊ မြို့သာ ၊ မုံရွာ ၊ ဘုတလင် ၊ စစ်ကိုင်း ၊ ဆားတောင် ၊ ရွှေဘို၊ မြင်းမူ၊ မြောင်ဂျုုံများ ၃တင်းတစ်အိတ် အရည်အသွေးအကောင်းဆုံး ၁၈၅၀၀၀ ကျပ် ၊ ကလေးဂျုံ ၁၅၀၀၀၀  ကျပ် ၊ ရှမ်းဂျုံ ၁၇၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားပြီး ဩစတြေးလျ ဂျုံမှုန့် တစ်ပိဿာ ၃၃၀၀ ကျပ် ၊ ဂျုံဖွဲတစ်
ပိဿာ ၁၃၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

အစေ့ထုတ်ပြောင်းမှာ မိုးပြောင်းစိုက်ထားဆဲဖြစ်ခြင်း၊ အစာစပ်သမားများ ဝယ်ယူမှုပုံမှန်ရှိခြင်း၊ ဆောင်းလက်ကျန်နည်းခြင်းတို့ကြောင့် အရည်အသွေးအကောင်းဆုံး ၃ တင်းတစ်အိတ် ၇၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ဟင်းသီး/ရွက်နှင့် သစ်သီးဝလံ

မန္တလေး သီရိမာလာနှင့် ကိုင်းတန်းဈေးတို့တွင် ခရမ်းချဉ် ၊ ထိုင်ဝမ် နှင့် ဗမာသီးများ မဝင်သေးခြင်း၊ ရှမ်းတောင်တစ်မျိုးထဲသာရှိခြင်းကြောင့် ၂၀ ပိဿာ တစ်သေတ္တာ ၈၀၀၀၀ကျပ် မှ ၉၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ငရုတ်စို(ရှည်)မှာ မုံရွာ၊ ချောင်းဦး စိုက်ခင်းများ ရေဝင်၍ ထွက်ရှိမှုမရှိတော့ခြင်း ၊ မိတ္ထီလာ ၊ ရမည်းသင်း ၊ တပ်ကုန်းတို့မှဝင်ရောက်ခြင်းကြောင့် လုပ်ငန်း သမား အဝယ်နည်းသော်လည်း တစ်ပိဿာ ၂၇၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပြီး ငရုတ်စို(လတ်)မှာ ပြင်ဦးလွင်အတက် ပေပင်ရွာမှ ထွက်ရှိခြင်း၊ ငပိထောင်း လက်ဖက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၃၅၀၀ ကျပ်မှ ၄၅၀၀ 
ကျပ်သို့ ဈေးမြင့်သွားသည်။

ယခုအပတ် ဖရဲသီးများ ချောင်းဦးဘက်မှ ဝင်ရောက်ပြီး အရွယ်အ စားပေါ်မူတည်၍ ၆၀၀ ကျပ်မှ ၂၅၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းချသည်။ ပြင်ဦးလွင်မှ နာနတ်သီးများလှိုင်လှိုင်ဝင်ရောက်ပြီး တစ်လုံးလျှင် အရည်အသွေးပေါ်မူတည်၍ ၈၀၀ ကျပ် မှ ၁၀၀၀ ကျပ်ထိဖြင့် လက်လီသမား နှင့် နာနတ်ယိုသမားများ အဝယ်ရှိသည်။ သခွားမွှေး၊ ရွှေသခွားများလည်း အဝင်နည်းခြင်း၊ အမှာရှိသောမြို့များသို့  တင်ပို့ရခြင်းကြောင့် ၄ လုံးတစ်ဖာလျှင် ၁၆၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။                

ခင်မေကြည်