ပန်းနှမ်းစေ့များ မန္တလေးဈေးကွက်တွင် အရောင်းအဝယ်ကောင်းမွန်နေ

ပန်းနှမ်းစေ့များ မန္တလေးဈေးကွက်တွင် အရောင်းအဝယ်ကောင်းမွန်နေ

မန္တလေးဈေးကွက်တွင် ပန်းနှမ်းစေ့များ ဈေးကောင်းရရှိပြီး အရောင်း အဝယ် အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရှိရသည်။ အိန္ဒိယနိုင်ငံသည် ပန်းနှမ်းစေ့ အများဆုံး ဝယ်ယူသူဖြစ်ပြီး တရုတ်နိုင်ငံသည် ဒုတိယအများဆုံး ဝယ်ယူသူဖြစ်သည်။ လက်ရှိတွင် ၄၅ ပိဿာ (သုံးတင်းဝင်အိတ်တစ်အိတ်) စျေးနှုန်းမှာ ၂၂၀,၀၀၀ ကျပ်ဖြစ်ပြီး ရာသီဥတု ကောင်းမွန် နေချိန်ဖြစ်၍ထုတ်လုပ်မှုနှုန်း ကောင်း မွန်လျက်ရှိသည်။

ပြည်တွင်းပြည်ပ ဝယ်လိုအားအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း၊ အချို့အစေ့များကို ဆီကြိတ်၍ မုန့်ပဲသွားရည်စာထုတ်လုပ်ရေးလုပ်ငန်းများတွင် ဟင်းချက်ဆီအဖြစ် အသုံးပြုကြ ကြောင်း၊ ပြည်ပနိုင်ငံများတွင် ပန်းနှမ်းကို စားသုံးရန်အတွက် ဟင်းချက်ဆီအဖြစ်လည်း ကောင်း၊ အလှကုန်ပစ္စည်းထုတ်လုပ်ရာတွင်လည်းကောင်း၊ ဆေးဝါးထုတ်လုပ်ရာတွင်လည်းကောင်း အသုံးပြုကြကြောင်း၊ ထိုသို့အသုံးများလာသည့်အတွက် ရှမ်းတောင်သူများသည် ဝင်ငွေပိုမိုရရှိစေရန် ၎င်း တို့၏ အဓိကသီးနှံအဖြစ် စိုက်ဧရိ ယာများတိုးချဲ့လာကြကြောင်း၊ ယခင်နှစ်ဈေးနှုန်းထက် ပိုမိုရရှိ ကြောင်း မန္တလေးမြို့ရှိ“စိုးဝင်းမြင့်” သီးနှံလက္ကားအရောင်းအဝယ်ဒိုင်၏ ပိုင်ရှင်ဖြစ်သူ ဦးစိုးဝင်းမြင့်က ပြောကြားသည်။

ပန်းနှမ်းသည် ဆောင်းသီးနှံအဖြစ် တစ်နှစ်လျှင် တစ်ရာသီသာ စိုက်ပျိုးနိုင်ကြောင်း၊ ၎င်းသည် နိုင်ငံ ခြားဝင်ငွေ ရရှိသည့် သီးနှံဖြစ်ပြီး တောင်ကုန်းဒေသများတွင် ကောင်း မွန်စွာ စိုက်ပျိုးဖြစ်ထွန်းကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ တောင်တန်းဒေသ၊ ကယားပြည် နယ်၊ ကချင် ပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်းတို့တွင် အဓိကစိုက်ပျိုးကြကြောင်း၊ ဒီဇင်ဘာလတွင် အဝါရောင် ပန်းနှမ်းစိုက်ခင်းများကိုရှမ်းပြည်နယ် မြောက်ပိုင်း နှင့် တောင်ပိုင်းဒေသများတွင် ရှမ်းတောင်တန်းများနှင့်အတူ လှပသော ပန်းချီကားတစ်ချပ်သဖွယ်တွေ့မြင်နိုင်ကြောင်းကို ၁.၅.၂၀၂၄ ရက်နေ့ထုတ် Global New Light of Myanmar သတင်းအရ သိရှိရပါသည်။     

နှင်းရီဝင်း