ရုရှား၏ နိုင်ငံခြားကုန်သွယ်မှုပိုငွေ ၉ လအတွင်း ကန်ဒေါ်လာ ၁၀၁ ဒသမ ၇ ဘီလီယံရှိ
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ စက်တင် ဘာအတွင်း ရုရှား၏ နိုင်ငံခြားကုန်သွယ်မှု ပိုငွေသည် အမေရိကန်ဒေါ်လာ ၁၀၁ ဒသမ ၇ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၁၁ ဒသမ ၀၂ ရာခိုင် နှုန်း ကျဆင်းခဲ့ကြောင်း ရုရှားဖက်ဒရယ် အကောက်ခွန်ဝန်ဆောင်မှုဌာန (Federal Customs Service - FCS)၏ အချက်အလက်များအရ သိရှိရသည်။
အစီရင်ခံကာလအတွင်း ပို့ကုန်ပမာဏသည် တန်ဖိုးအမေရိကန်ဒေါ်လာ ၃၀၂ ဒသမ ၈ ဘီလီ ယံရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၄ ဒသမ ၇ ဘီလီယံသို့ ကျဆင်းခဲ့သည်။ သွင်းကုန်ပမာဏသည် တန်ဖိုးဒေါ်လာ ၂၀၁ ဒသမ ၁ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၃ ဘီလီယံ ကျဆင်းခဲ့သည်။ ယင်းကြောင့် ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၅၀၃ ဒသမ ၉ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃ ဒသမ ၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့ သည်။
ရုရှားမှ ဥရောပနိုင်ငံများသို့ တင်ပို့မှုသည် တန်ဖိုးဒေါ်လာ ၄၂ ဒသမ ၂ ဘီလီယံရှိကာ ၁၅ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဥရောပနိုင်ငံများမှ တင်သွင်းမှုသည် ဒေါ်လာ ၅၁ ဒသမ ၅ ဘီလီ ယံရှိကာ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အာရှနိုင်ငံများသို့ တင်ပို့မှုသည် ဒေါ်လာ ၂၃၅ ဒသမ ၁ ဘီလီ ယံရှိကာ ၁ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းလာခဲ့ပြီး တင်သွင်းမှုသည် ဒေါ်လာ ၁၃၄ ဒသမ ၃ ဘီလီယံ ရှိကာ သုညဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
တစ်ချိန်တည်းတွင် အာဖရိကနိုင်ငံများသို့ တင်ပို့မှုမှာ ဒေါ်လာ ၁၅ ဒသမ ၉ ဘီလီယံ ရှိကာ ၁၃ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းလာခဲ့ပြီး ယင်းနိုင်ငံများမှ တင်သွင်းမှုမှာ ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံရှိကာ ၃၂ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ မြောက်နှင့် တောင်အမေရိကနိုင်ငံများသို့ ရုရှားတင်ပို့မှုသည် ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံရှိကာ ၁ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယင်းနိုင်ငံများမှ တင်သွင်းမှုသည် ဒေါ်လာ ၁၁ ဒသမ ၈ ဘီလီယံရှိကာ ၁၂ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ရုရှား၏ အဓိကပို့ကုန်မှာ တွင်းထွက်ပစ္စည်း၊ သတ္တုနှင့် သတ္တုထုတ်ကုန်၊ စိုက်ပျိုးရေးထုတ် ကုန်များဖြစ်ပြီး အဓိကသွင်းကုန်မှာ စက် ယန္တရား၊ စက်ကိရိယာ၊ မော်တော် ယာဉ်များ၊ ဓာတုဗေဒ စက်မှုလုပ်ငန်းသုံးထုတ်ကုန်များ၊ စိုက်ပျိုးရေးထုတ်ကုန်များ ဖြစ်သည်။
၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုတွင် ပို့ကုန်ပမာဏသည် တန်ဖိုး အမေရိ ကန် ဒေါ်လာ ၄၃၃ ဒသမ ၉ ဘီလီယံ ရှိခဲ့ပြီး သွင်းကုန်သည် ဒေါ်လာ ၂၈၃ ဘီလီယံ ရှိခဲ့သဖြင့် ကုန်သွယ်မှုပိုငွေသည် ၁၅၀ ဒသမ ၉ ဘီလီယံအထိ ရရှိခဲ့ကြောင်း သိရသည်။
FCS ၏ အချက်အလက်များအရ ရုရှားနိုင်ငံ၏ ဥရောပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် သိသာစွာကျဆင်းလျက်ရှိပြီး အာရှနိုင်ငံများနှင့် ကုန်သွယ်မှုသည် တိုးတက်လျက်ရှိကြောင်း သိရ သည်။
ခွန်မျိုးသူ
https://www.kommersant.ru/doc/8193436