အီကွေဒေါတွင် ငှက်ပျောဈေးနှုန်း မြင့်တက်မှုကြောင့် အိန္ဒိယငှက်ပျော ဝယ်လိုအား တိုးမြင့်လာ

အီကွေဒေါတွင် ငှက်ပျောဈေးနှုန်း မြင့်တက်မှုကြောင့် အိန္ဒိယငှက်ပျော ဝယ်လိုအား တိုးမြင့်လာ

အိန္ဒိယမှ ငှက်ပျောသီးတင်ပို့မှု သည် ပြန်လည်ကောင်းမွန်လာမည့် လက္ခဏာများ ပြသနေကြောင်း ကုန်စိမ်း ထုတ်ကုန်တင်ပို့သူ Faina Universal Co မှ Amir Karimi က ပြောကြားသည်။အများဆုံးပမာဏထိ မရောက်သေးသော်လည်း ဂျော်ဒန်နိုင်ငံအပါအဝင် အရှေ့အလယ် ပိုင်းဒေသသို့ ဆက်လက်တင်ပို့နေသော ပို့ကုန်ပမာဏမှာ တည်ငြိမ်နေဆဲပါပဲဟု Karimi ကဆိုသည်။ Karimi သည် လက်ရှိတွင် အီကွေဒေါနှင့် ဖိလစ်ပိုင်ငှက်ပျောသီးများ ကြီးစိုးထားသည့် အိမ်နီးချင်း ဈေး ကွက်အသစ်များသို့ တိုးချဲ့ရန် ဆောင်ရွက်နေပါသည်။

Karimi က ထုတ်လုပ်မှုပမာဏတည်ငြိမ်သော်လည်း ပို့ကုန်အရည် အသွေးမြှင့်တင်ရေးတွင် ငှက်ပျော သီးများကို ဦးစားပေးလုပ်ဆောင်ရန် ကျန်ရှိနေသေးကြောင်း ၊ ထုတ်လုပ်မှု က ပြဿနာမဟုတ်ဘဲ ပို့ကုန်ဈေး ကွက်၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီရေးသာ အဓိကပြဿနာ ဖြစ် သည်ဟု ၎င်းက ရှင်းပြသည်။ Faina Universal သည် စိုက်ပျိုးရေးဆိုင်ရာဆွေးနွေးပွဲများ၊ ပိုးသတ်ဆေး ထောက်ပံ့မှုနှင့် EU ဈေးကွက်သို့ ဓာတ်ကြွင်းများကင်းစင်သော ငှက်ပျောသီးများ ပို့ဆောင်ရန် ကြိုးပမ်းမှုများဖြင့်  တောင်သူများကို ပံ့ပိုးပေးနေကြောင်း၊ လယ်သမားများသည် အစိုးရအစုအဖွဲ့ အစီအစဉ်များနှင့် tissue-culture နည်းဖြင့် စိုက်ပျိုးခြင်းမှတစ်ဆင့် ရာသီဥတုဒဏ်ခံနိုင်သော မျိုးကွဲများနှင့် ပိုမိုကောင်းမွန်သော နည်းပညာများကို စမ်းသပ်နေကြကြောင်း ပြောကြားခဲ့ပါသည်။

သို့သော်လည်း ရာသီဥတုနှင့်ဆိုင်သောစိန်ခေါ်မှုများ ဆက်လက်ရှိနေပါသည်။ ဩဂုတ်နှင့် စက်တင်ဘာ လများတွင် Maharashtra တစ်ခွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သီးနှံများပျက်စီး ခြင်းနှင့် သယ်ယူပို့ဆောင်ရေး နှောင့်နှေးစေကြောင်း Karimi ကပြောကြားခဲ့ပါသည်။ မိုးသည်းထန် စွာရွာသွန်းမှုကြောင့် စိုက်ပျိုးမြေများ ပျက်စီးခဲ့ရပြီး စိုက်ကွင်းမှ ပြုပြင်ထုတ်ပိုးရေး ဂိုဒေါင်သို့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရသည်။ ထို့ကြောင့် ထုတ်လုပ်မှု လျော့နည်းခဲ့ရပြီး ပယ်သီးများ များစွာဖြစ်ပေါ်ခဲ့ကာ ဈေးနှုန်း ရုတ်တရက် ခုန်တက်ခဲ့သည်။

လက်တင်အမေရိက ငှက်ပျောသီးများ စျေးနှုန်းကြီးမြင့်မှုကြောင့် အိန္ဒိယငှက်ပျောသီးများကို စိတ် ဝင်စားမှုမြင့်တက်နေပြီး အီရတ်နှင့် ဂျော်ဒန်တို့မှ ဝယ်လိုအား အားကောင်း နေဆဲဖြစ်ကြောင်း၊ အီရန်မှ အမှာစာများရရှိထားပြီး လွန်ခဲ့သည့်လက အိုမန်နိုင်ငံသို့ အိန္ဒိယငှက်ပျောတင်ပို့မှု လွန်ကဲ ခဲ့ပြီးယခုတွင် တည်ငြိမ်သွားပြီဖြစ်သည်။ ယခုအချိန်တွင် အိန္ဒိယငှက်ပျောသီးများ၏ အရသာကို နှစ် သက်ကြသော်လည်း အိန္ဒိယရောင်း ချသူများအနေဖြင့်  ပိုမိုကောင်းမွန် သော  ထုတ်ပိုးမှုနှင့် သိုလှောင်မှုများ မြှင့်တင်ရန် လိုအပ်နေကြောင်း Karimi မှ ပြောကြားခဲ့သည်။ 

အနာဂတ်တွင် ပို့ကုန်ပမာဏ ပြန်ကောင်းလာမည်ဟု မျှော်လင့်ကြောင်း၊ ပို့ကုန်ပမာဏ တိုးတက်လာရေးသည် ရာသီအလိုက်သီးနှံများထွက်ရှိနိုင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ သယ်ယူ ပို့ဆောင်မှုနှင့် ဝယ်သူများ၏ ဈေး နှုန်းအပေါ် တုံ့ပြန်မှုတို့အပေါ် မူတည်ကြောင်း Karimi က သုံးသပ်ခဲ့သည်ဟု သိရှိရသည်။

ဟေမာန်အောင်မင်း

https://www.freshplaza.com/asia/article/9766342/high-ecuadorian-spot-prices-have-increased-demand-for-indian-bananas/