အင်ဒိုနီးရှား၏ နိုင်ငံစီးပွားရေးတွင် မွေးမြူရေးကဏ္ဍ ပိုမိုခိုင်မာလျက်ရှိ

အင်ဒိုနီးရှား၏ နိုင်ငံစီးပွားရေးတွင် မွေးမြူရေးကဏ္ဍ ပိုမိုခိုင်မာလျက်ရှိ

မွေးမြူရေးကဏ္ဍခွဲသည် အင်ဒိုနီးရှားနိုင်ငံ၏စီးပွားရေးတွင် အရေးပါသောအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့ပြီး၂၀၂၄ ခုနှစ် ပြည်တွင်းစုစုပေါင်းထုတ်လုပ်မှုတန်ဖိုး (GDP) အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃ ဘီလီယံတွင် စိုက်ပျိုးရေးကဏ္ဍမှ စုစု ပေါင်း GDP ၏ ၁၂ ဒသမ ၅၄ ရာခိုင်နှုန်း ပါဝင်သည်။ ဥထုတ်လုပ်မှုသည် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇ ဘီလီယံဖြင့် ထိပ်ဆုံးနေရာတွင်ရှိပြီး၊ ကြက်သားသည် ၈ ဒသမ ၈ ဘီလီယံ၊ အမဲသား ၄ ဒသမ ၇ ဘီလီယံ၊ နို့သစ် ၁ ဒသမ ၂ ဘီလီယံ အသီးသီး ဖြစ်ကြသည်။

အင်ဒိုနီးရှားသည် ကြက်သား ၃ ဒသမ ၈၄ သန်းနှင့် ဥ ၆ ဒသမ ၃ သန်းအပါအဝင် ကုန်စည်အမျိုးအစား အချို့ ထုတ်လုပ်မှုတွင် အပိုအလျှံ ရှိခဲ့ပြီး နိုင်ငံ၏ ပြည်တွင်းလိုအပ်ချက် ပမာဏထက်ကျော်လွန်ခဲ့သည်။ ၎င်းသည် စိုက်ပျိုးရေးကဏ္ဍ၏ နိုင်ငံတွင်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သည့်စွမ်းရည်နှင့် ကုန်သွယ်မှုအခွင့်အလမ်းများဖန်တီးနိုင်သည့်စွမ်းရည်ကို ဖော်ပြလျက်ရှိသည်။

ကုန်ပစ္စည်း ပြည်ပတင်ပို့မှုစွမ်းဆောင်ရည်သည်လည်း ထင်ရှားစွာတိုးတက်လာသည်။ အင်ဒိုနီးရှားအမျိုးသားစာရင်းအင်းဦးစီးဌာန၏ အချက်အလက်များအရ၊ ၂၀၂၅ ခုနှစ် ဇွန်လအထိ မွေးမြူရေး ထုတ်ကုန်ပစ္စည်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆၈၈ သန်းရှိခဲ့ပြီး၊ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ၆ ဒသမ ၀၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တင်ပို့မှုအရွယ် ပမာဏသည် ပိုမိုမြန်ဆန်စွာတိုးတက်ခဲ့ပြီး၊ ၂၇၈,၆၀၀ တန်အထိ ၂၅ ဒသမ ၈ ရာခိုင်နှုန်း  တိုးတက်ခဲ့သည်။ ၎င်းသည် ကမ္ဘာ့စျေးကွက်တွင်စိုက်ပျိုးမွေးမြူရေးကဏ္ဍ၏ အရေးပါမှုတိုးမြင့်လာခြင်းကို ဖော် ညွှန်းလျက်ရှိကြောင်း သိရသည်။

TTP

www.asianagribiz.com