ကမ္ဘောဒီးယား ကာဗင်းဒစ်ငှက်ပျော တင်ပို့မှု တရုတ်နိုင်ငံသို့တိုးချဲ့

ကမ္ဘောဒီးယား ကာဗင်းဒစ်ငှက်ပျော တင်ပို့မှု တရုတ်နိုင်ငံသို့တိုးချဲ့

Kampot ပြည်နယ်ရှိ အကြီးဆုံး ကာဗင်းဒစ်ငှက်ပျောစိုက်ပျိုးရေးခြံဖြစ်သော World Tristar Cambodia သည် ပြည်တွင်းနှင့် ပြည်ပပို့ကုန်ဈေးကွက်နှစ်ခုလုံးတွင် ဝယ်လိုအားကို ဖြည့်ဆည်းပေး ရန် ထုတ်လုပ်မှုကို တိုးချဲ့လျက်ရှိသည်။ 

ကုမ္ပဏီကိုယ်စားလှယ် Heang Menghoung က Chhouk ခရိုင် Trapeang Phleang ဒေသတွင် ဟက်တာ ၁,၀၀၀ ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးကြောင်း၊ ၎င်းတို့အနက် ဟက်တာ ၇၀၀ သည် လက်ရှိခုတ်သိမ်းဆဲဖြစ်သည်ကို အစီရင်ခံခဲ့ပါသည်။ ငှက်ပျောစိုက်ခင်းသည် တစ်လလျှင် ငှက်ပျောသီး ပျမ်းမျှ တန်ချိန် ၇၀၀ ခန့် တင်ပို့နေပြီး  ၎င်းတင်ပို့မှုမှာ ကွန်တိန်နာ ၃၅ လုံးနှင့် ညီမျှကြောင်း အဓိကအားဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။ ပမာဏ အနည်းငယ် ကို တောင်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့သို့ တင်ပို့လျက်ရှိပြီး၊ တင်ပို့မှုနှင့်အတူ ပြည်တွင်း စားသုံးမှုအတွက်လည်း ဆက်လက်ရောင်းချလျက်ရှိ သည်။ ၂၀၂၁ ခုနှစ်တွင် ကုမ္ပဏီကို စတင်တည် ထောင်ခဲ့ပြီး ၎င်း၏ စုစုပေါင်းမြေ ဟက်တာ ၄,၀၀၀ ကျော်ကို ထုတ်လုပ်မှု အပြည့်အဝ မလုပ်ဆောင် မီအထိ နှစ်စဉ်နှစ်တိုင်း ဟက်တာ ၁၅၀ နှုန်းဖြင့် ထပ်မံတိုးချဲ့ သွားရန် စီစဉ်ထားသည်။ Kampot ဒေသမှ ငှက်ပျောသီးများသည် ၎င်းတို့၏ ချိုမွှေးသည့် အရသာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန် နေကြောင်း၊ အနာဂတ်တွင် အာရှမှ ဥရောပအထိ ဈေးကွက်တိုးချဲ့လာမည်ဟု ထင်မြင်မိကြောင်း Menghoung ကပြောသည်။

လက်ရှိ ကမ္ဘောဒီးယား-ထိုင်း နယ်နိမိတ် အငြင်းပွားမှုကြောင့် ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှု သို့မဟုတ် တိုးချဲ့မှုကို ထိခိုက်ခြင်းမရှိဟု ၎င်းက ဆက်လက်ပြောသည်။ တရုတ်နိုင်ငံသည် ထိပ်တန်း ပို့ကုန်နေရာအဖြစ် ဆက်လက်တည်ရှိနေပြီး ထုပ်ပိုးမှုဆိုင်ရာ ပစ္စည်းအများစုမှာ ၎င်းထံမှ ဝယ်ယူနေရသည်ဟု ဆိုသည်။

ဒေသဆိုင်ရာ အာဏာပိုင်များ၏ အဆိုအရ Trapeang Phleang ဒေသတွင်  Long Met Plantation ကုမ္ပဏီမှ ဟက်တာ ၄၀၀ စိုက်ပျိုးထားပြီး World Tristar Cambodia ကုမ္ပဏီမှ ဟက်တာ ၄,၀၀၀ ကျော်စိုက်ပျိုးထားသည့် ကြီးမားသော ငှက်ပျောစိုက်ခင်းနှစ်ခုရှိသည်။ ၎င်းတို့ ကုမ္ပဏီနှစ်ခုပေါင်းထုတ်လုပ်မူသည် တရုတ်နိုင်ငံသို့ နှစ်စဉ် ငှက်ပျောသီး တန်ချိန် ၃ သောင်း ကျော် တင်ပို့နိုင်သည့်စွမ်းရည်ရှိပြီး လာမည့်နှစ်များတွင် ပမာဏတိုးလာမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။

အေးအေးခိုင်

https://www.freshplaza.com/asia/article/9761823/cambodia-cavendish-banana-exports-expand-to-china/