ရုရှား၏ ကောက်ပဲသီးနှံရိတ်သိမ်းနိုင်မှု ယခုနှစ် တန်ချိန် ၁၃၅ သန်း ရရှိရန် ခန့်မှန်း

ရုရှား၏ ကောက်ပဲသီးနှံရိတ်သိမ်းနိုင်မှု ယခုနှစ် တန်ချိန် ၁၃၅ သန်း ရရှိရန် ခန့်မှန်း

ရုရှားနိုင်ငံသည် ယခုနှစ်အစပိုင်းမှစတင်၍ ကောက်ပဲသီးနှံ ရိတ်သိမ်းမှုသည် ဂျုံတန်ချိန် ၆၄ သန်းကျော် အပါအဝင် တန်ချိန် ၈၅ သန်းကျော်ရရှိထားပြီး ယခုနှစ်ကုန်တွင် ရိတ် သိမ်းနိုင်မှု ခန့်မှန်းချက်မှာ တန်ချိန် ၁၃၅ သန်းရှိမည်ဟု ဒုတိယဝန်ကြီးချုပ် Mr. Dmitry Patrushev က  ပြောကြားခဲ့ သည်။

ရုရှားလယ်သမားများသည် ယနေ့အထိ ကောက်ပဲသီးနှံ တန်ချိန် ၈၅ သန်းကျော် ရိတ်သိမ်းထားပြီး ယင်းတို့အနက် ဂျုံသည် ၆၄ သန်းကျော် ပါဝင်ကြောင်း၊ ယင်းပမာဏသည် ပြည်တွင်းလို အပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ကြောင်း ဒုတိယဝန်ကြီးချုပ်က စိုက်ပျိုးရေးဆိုင်ရာ အစည်းအဝေးတွင်ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ ကောက်ပဲသီးနှံရိတ်သိမ်းနိုင်မှုသည် ဂျုံတန်ချိန် ၈၈-၉၀ သန်း အပါ အဝင် စုစုပေါင်း တန်ချိန် ၁၃၅ သန်းခန့် ရောက်ရှိရန် မျှော်လင့်ထားကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီး Ms. Oksana Lut က အစောပိုင်းတွင် ပြောကြားခဲ့ဖူးသည်။

၂၀၂၄-၂၀၂၅ စိုက်ပျိုးရေးနှစ်တွင် ရုရှားနိုင်ငံသည် ကောက်ပဲသီးနှံ တန်ချိန် ၅၃ သန်း တင်ပို့ခဲ့ပြီး ယင်းတို့အနက် ဂျုံတန်ချိန် ၄၄ သန်း ပါဝင်ကြောင်း၊ ရုရှားသည် ကမ္ဘာ့ဂျုံစျေးကွက်တွင် ဦးဆောင်နေရာ၌ ဆက်လက်ရှိနေကြောင်း ရုရှားစိုက် ပျိုးရေးဝန်ကြီးက ပြောကြားခဲ့သည်။

လက်ရှိတွင် ရုရှားသည် နိုင်ငံပေါင်း ၁၀၈ နိုင်ငံသို့ ကောက်ပဲသီးနှံများ တင်ပို့လျက်ရှိပြီး ယင်းတို့အနက် နိုင်ငံ ၇၀ သည် ရုရှားဂျုံကို တင်သွင်းကြောင်း သိရသည်။

၂၀၂၄ ခုနှစ်တွင် ရုရှား၏ ကောက်ပဲသီးနှံ စုစုပေါင်းရိတ်သိမ်းမှုမှာ တန်ချိန် ၁၃၀ သန်း နီးပါးရှိ ခဲ့ပြီး ယင်းတို့အနက် ဂျုံတန်ချိန် ၈၂ သန်းကျော် ပါဝင်ကြောင်း ရုရှားဖက်ဒရယ် စာရင်းအင်းဝန် ဆောင်မှုဌာန၏ အချက်အလက်များအရ သိရသည်။

ခွန်မျိုးသူ

https://www.interfax.ru/russia/1043536