ရောင်းအားကောင်းစေရန် ဗီယက်နမ်တောင်သူများ အွန်လိုင်းတွင် ဒူးရင်းသီးများ ရောင်းချ

Dak Lak ခရိုင် Ea Knuec ဒေသ မှ တောင်သူများသည် ၎င်းတို့၏ ဒူးရင်းသီးများကို စျေးကွက်တင်ရန်အတွက် online sales platforms အသုံးပြုနေကြသည်။ ဩဂုတ် ၂၄ ရက်က TikTok နှင့် Facebook တွင် "ရွာသားများနှင့်အတူ ဒူးရင်းရောင်းခြင်း" ခေါင်းစဉ်ဖြင့် တိုက်ရိုက် ထုတ်လွှင့်သည့် ပွဲတစ်ပွဲသည် ကြည့်ရှုသူထောင်ပေါင်းများစွာကို ဆွဲဆောင်ခဲ့ပြီး ၂ နာရီအတွင်း၊ ဒေသတွင်း Dona မျိုးဒူးရင်းသီး တန်ချိန် ၆၀ ကျော်
ရောင်းချခဲ့ရသည်။
အဆိုပါအခမ်းအနားကို Ea Knuec ကွန်မြူနတီပါတီကော်မတီအတွင်း ရေးမှူး Ngo Thi Minh Trinh တက်ရောက်ခဲ့ပါသည်။ သူမ၏အဆိုအရ၊ အဆိုပါအစပျိုးမှုသည် ရောင်းချခြင်းအတွက်သာမက ပြည်တွင်းစားသုံး သူများအား ယခင်က ပြည်ပဈေးကွက်သို့ တိုက်ရိုက်တင်ပို့သည့် ထုတ်ကုန်များကိုလက်လှမ်းမီနိုင်စေခြင်းလည်းဖြစ်သည်။ ဒစ်ဂျစ်တယ် ကိရိယာများနှင့် ရင်းနှီးကျွမ်းဝင် ဖြစ်အောင် လယ်သမားများအား တွန်း အားပေးရန်လည်း ရည်ရွယ်ပါသည်။ “ပွဲ၏ ရည်ရွယ်ချက် သည် အရောင်းပမာဏနဲ့ တိုင်းတာခြင်း မဟုတ်ပါ
ကြောင်း” ပြောကြားခဲ့ပါသည်။
ဝင်းဝါသောအသားနှင့် သေးငယ်သော အစေ့များကြောင့် လူသိများသော Dona ဒူးရင်းသည် ဗီယက်နမ်တွင် အကျယ်ပြန့်ဆုံး စိုက်ပျိုးသည့်မျိုးကွဲများထဲမှ တစ်ခုဖြစ်သည်။ တိုက်ရိုက် ထုတ်လွှင့်မှု သည် အသီးအနှံများကို ဒေသ၏ ယဉ်ကျေးမှုနှင့် သဘာဝအခြေအနေများကိုချိတ်ဆက်ရန်လည်း ကြိုးပမ်း ခဲ့သည်။ ရွေးချယ်ထားသော ဥယျာဉ်ခြံမြေသည် ၂၀၁၄ ခုနှစ်တွင် ဒူးရင်း စိုက်ဧက ၁ ဒသမ ၈ ဟက်တာကို စီမံခန့်ခွဲပြီး နှစ်စဉ် ၃၅ တန်ခန့် ထွက်ရှိသည်။ မကြာသေးမီက ဈေးနှုန်း အတက်အကျနှင့် စျေးကွက်မတည်ငြိမ်မှုများကြောင့် စိုက် ပျိုးသူများအား မသေချာ မရေရာမှုများ ဖြစ်စေခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ “ယခုအခြေအနေကို စောင့်ကြည့်ပြီးသောအခါ ဒူးရင်းသီး စိုက်ပျိုး ရောင်းချခြင်းနှင့် 'သစ်သီးဘုရင်' အကြောင်းကို ပြည်တွင်းသာမက ပြည်ပထိ စားသုံးသူများဆီဖြန့်ချိဖို့နဲ့ ဒူးရင်းသီး စိုက်ပျိုးရောင်း ချမှုဇာတ်လမ်းကို မျှဝေဖို့ ကိုယ်ပိုင် ချန်နယ်ကို တည်ဆောက်ချင်ပါသည်”
ဟု ဆိုသည်။
အခြားလယ်သမားများကလည်း အပြုသဘောဖြင့် တုံ့ပြန်ကြသည်။ Krong Pac မှ စိုက်ပျိုးသူ Le Thi Thoi က ဒူးရင်းသီးများကို အွန်လိုင်းတွင် အုပ်စုလိုက် အရောင်းမြှင့်တင်ရခြင်းကို ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။ ယခင်က လယ်သမားများသည်စိုက်ပျိုးခြင်းအပေါ် အဓိက အာရုံစိုက်ပြီး e-commerce နှင့် အတွေ့အကြုံအနည်းငယ်သာရှိသော်လည်း digital platforms သည် အရောင်းလမ်းကြောင်းများကို များပြားစေပြီး ထုတ်ကုန်တန်ဖိုးကို မြှင့်တင်နိုင်ကြောင်း ပြသခဲ့သည်ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။ ပြည်တွင်းနှင့် ပို့ကုန်လိုအပ် ချက်များ ပြည့်မီစေရန် စိုက်ပျိုးသူများသည် စံချိန်စံညွှန်းသတ်မှတ်ရေး လုပ်ငန်းစဉ်များဆီသို့ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မှတ်ချက်
ပြုသည်။
တိုက်ရိုက်ထုတ်လွှင့်မှုသည် ပိုမိုကျယ်ပြန့်သော အသိုင်းအဝန်းမှ ပံ့ပိုးမှုများကိုလည်း ဆွဲဆောင်ခဲ့သည်။ ထုတ်လွှင့်နေစဉ်အတွင်း Ea Knuec ရှိ ဒူးရင်းလုပ်ငန်းဂေဟစနစ် ဖွံ့ဖြိုး တိုးတက် စေရန် တစ်ဦးချင်းနှင့် စီးပွားရေးလုပ်ငန်းများသည် အမေရိကန်ဒေါ်လာ ၁၄၉,၀၀၀ ကတိပြုခဲ့ကြသည်။ အတွင်းရေးမှူး Ngo Thi Minh Trinh ၏ ပြောကြားချက်အရ အဆိုပါ ရန်ပုံငွေများကို စိုက်ပျိုးရေးတွင် ဒစ်ဂျစ်တယ် အလေ့အကျင့်များ ချမှတ်ခြင်း၊ စိုက်ပျိုးနည်းစနစ်များ အဆင့်မြှင့်တင်ခြင်းနှင့် လူမှု ဖူလုံရေး အစီအစဉ်များကို ပံ့ပိုးကူညီရန်အတွက် ရန်ပုံငွေများကို အသုံးပြု
သွားမည် ဖြစ်ကြောင်းသိရသည်။
Ea Knuếc သည် လက်ရှိတွင် ဒူးရင်းစိုက်ခင်း ဟက်တာ ၆၀၀၀ နီးပါးရှိပြီး ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၆၀၀၀၀ ထွက်ရှိမည်ဟု ခန့်မှန်းထား သည်။ online platforms များကို အသုံးပြုခြင်းဖြင့် အရောင်းရဆုံးလမ်းကြောင်းကို ပံ့ပိုးပေးကာ လယ် သမားများအား ဒစ်ဂျစ်တယ် စီးပွား ရေးစနစ်၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေဖြစ်အောင် ချဉ်း ကပ်ရန် တွန်းအားပေးခဲ့ကြောင်း
သိရှိရပါသည်။
လင်းလဲ့ရည်အောင်
https://www.freshplaza.com/asia/article/9759696/vietnamese-farmers-sell-durians-online-to-boost-sales/