မလေးရှားကြက်မွေးမြူရေးကဏ္ဍ အမြန်ပြုပြင်ပြောင်းလဲရန်လိုကြောင်း ဥက္ကဋ္ဌဖြစ်သူပြောကြား

မလေးရှားကြက်မွေးမြူရေးကဏ္ဍ အမြန်ပြုပြင်ပြောင်းလဲရန်လိုကြောင်း ဥက္ကဋ္ဌဖြစ်သူပြောကြား

မလေးရှား၊ ကွာလာလမ်ပူတွင် Jefo မှ ဦးစီးကျင်းပသော Malaysia Poultry Workshop 2025 တွင် မလေး ရှားမွေးမြူရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ Datuk Jeffrey Ng Choon Ngee က မလေးရှားကြက် မွေးမြူရေးလုပ်ငန်း၏ အနာဂတ် သေချာစေရန်အတွက်ပြုပြင်ပြောင်း လဲမှုများ ချက်ခြင်းဆောင်ရွက်ရန်လိုအပ်ကြောင်း တောင်းဆိုခဲ့သည်။

၎င်းက ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်နေမှု၊ မွေးမြူရေးလုပ်သားများအသက်အရွယ်ကြီးမြင့်လာမှု၊ လူငယ်များ၏ပါဝင်မှုနည်းပါးမှုနှင့် သဘာဝပတ်ဝန်းကျင်အပေါ် တာဝန်ခံမှုရှိသည့် လုပ်ထုံးလုပ်နည်းများအပေါ် စားသုံးသူလိုအပ်ချက်များ တိုးလာမှုတို့ကို အဓိကစိုးရိမ်ချက်များအဖြစ် ဖော်ပြခဲ့သည်။ “ကျွန်ုပ်တို့သည် ထိခိုက်မှုများမှတဆင့် စွမ်းဆောင်ရည် ပိုမိုထိရောက်မှုမြှင့်တင်ရန် လိုအပ်ကြောင်း သင်ယူခဲ့ရသည်” ဟု သူက Asian Agribiz သို့ ပြောသည်။ ထုတ်လုပ်မှုမြှင့်တင်ရန်အတွက် နည်းပညာ ပြုပြင်ပြောင်းလဲမှုနှင့် ကြက်မွေးမြူရေးလုပ်ငန်းနှင့် သုတေသနအဖွဲ့အစည်းများအကြား ပိုမိုနီးကပ်သော ဆက်သွယ်မှုရှိရန် အရေးကြီးကြောင်း အထူးပြုပြောကြားသည်။

မကြာသေးမီက အစိုးရ၏ ကြက်ဥထောက်ပံ့ငွေဖယ်ရှားမှုနှင့် ငှက်အစာတင်သွင်းမှုအပေါ် SST (အရောင်းအခွန်) ထည့်သွင်းမှုအပေါ်တွင် စားသုံး သူများကို အခက်အခဲဖြစ်စေနိုင်ခြင်းမှ ကာကွယ်ရန် သေချာစွာ စီမံခန့်ခွဲသင့်ကြောင်း ၎င်းက ပြောသည်။  “အစိုးရက အာရုံစိုက်နေသည်။ ဒါပေမယ့် ယခုအချိန်မှာ ကျွန်ုပ်တို့ဘယ်လိုပူးပေါင်းပြီး ရှေ့ဆက်မလဲဆိုတာက အရေးကြီးသည်” ဟု သူကဆိုသည်။ အလုပ်ရုံဆွေးနွေးပွဲသည် အရေးပေါ်ပြဿနာများကို ဖြေရှင်းရန်နှင့် ရေရှည်ဖြေရှင်းနည်းများကို ရှာဖွေရန်ရည်ရွယ်ကြောင်း သိရသည်။                                                                                   

TTP

www.asian-agribiz.com(11 Aug)