တောင်ကိုရီးယားတွင် ရောင်းလိုအားတည်ငြိမ်စေရန် အရန်ဂေါ်ဖီထုပ်များ ထုတ်ရောင်း

တောင်ကိုရီးယားနိုင်ငံရှိ စိုက် ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနသည် သိုလှောင်ရုံ များမှ တစ်ရက်လျှင် ဂေါ်ဖီထုပ် တန်ချိန် ၁၀၀ မှ ၂၅၀ အထိ ထုတ်ရောင်းလျက်ရှိသည်။ ဤဆုံးဖြတ်ချက် သည် ဂေါ်ဖီထုပ်ထုတ်လုပ်မှုကို ထိခိုက်စေသည့် ပုံမှန်မဟုတ်သော ရာသီဥတု အခြေအနေကြောင့် ထိခိုက် ဖြစ်ပေါ်လာသည့် မတည်ငြိမ်သော ရောင်းလိုအားနှင့် ဝယ်လိုအားကို တည်ငြိမ်စေရန် ရည်ရွယ်သည်။
အပူလှိုင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းကဲ့သို့သော ပြင်းထန်သောရာသီဥတုကြောင့် ဖြစ် ပေါ်လာသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဝန်ကြီးဌာနသည် စိုက်ပျိုးရေး ဈေးကွက်များ တည်ငြိမ်စေရန်နှင့် စားသုံးသူအကျိုးစီးပွားကိုကာကွယ်ရန် မဟာဗျူဟာ များကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါသည်။ အထူးသဖြင့် အဓိကကျသော ဂေါ်ဖီထုပ် စိုက်ပျိုးသည့် ဧရိယာဖြစ်သည့် Gangwon ပြည်နယ်တွင် အပူနှင့်မိုးခေါင်မှု ၏ သက်ရောက် မှုများကို တိုက်ဖျက်ရန် အရေးပေါ်ရေပေး ဝေရေးယာဉ်များနှင့် ရွေ့လျားပစ္စည်းများကို အသုံးပြုပါ သည်။
Korea Federation of Agricultural Distribution Corporations ၏ အထွေထွေ အတွင်းရေးမှူး Lee Kwang-hyung က ခြောက်သွေ့နေသော်လည်း ယခု အပတ် ရွာသွန်း သော မိုး ကြောင့် ရာသီဥတုဆက်လက်အေးမြနေ၍ ဂေါ်ဖီထုပ်ထုတ်လုပ်မှု ကောင်းမွန်လာနိုင်ကြောင်း ပြော ကြားသည်။
ဝန်ကြီးဌာနသည် နွေရာသီအတွင်း ဖြစ်နိုင်ချေရှိသော ရာသီဥတုနှင့် ဆက်နွှယ်သော ပျက်စီးဆုံးရှုံးမှုများကို လျော့ပါးသက်သာစေရန် ရေနုတ် မြောင်းဆိုင်ရာ အခြေခံ အဆောက် အအုံများကို ထိန်းသိမ်းရန် စီစဉ်လျက်ရှိသည်။ ထို့အပြင် အစောပိုင်းအဆင့်တွင် ဂေါ်ဖီပင်ကြီးထွားမှုကို ထိခိုက်စေမည်ဆိုပါက ပြန်လည်စိုက်ပျိုးရန်အတွက် အပိုပျိုးပင် ၂ ဒသမ ၅ သန်း အဆင်သင့် ပျိုးထောင် ထားပြီဖြစ်သည်။
ထုတ်လုပ်မှုထိခိုက်သည့်အခြေအနေများတွင် အစိုးရ၏အရန်သိုလှောင်ရုံမှ တန်ချိန် ၃၅,၅၀၀ အထိသည် လက်ကားဈေးကွက်များသို့ ဝင်ရောက်လာနိုင်ပြီး နေ့စဉ်ဖြန့်ဖြူးမှုအနေဖြင့် Garak Market ၏ ပုံမှန် သွင်းကုန် ပမာဏ၏ ၂၅-၅၀ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း သိရှိရသည်။
ဟေမာန်အောင်မင်း