ငွေကြေးဖောင်းပွမှုကြောင့် ထိုင်းအစားအစာဈေးနှုန်းများ မြင့်တက်

ငွေကြေးဖောင်းပွမှုကြောင့် ထိုင်းအစားအစာဈေးနှုန်းများ မြင့်တက်

Agency for Real Estate Affairs-AREA ၏ သုတေသနပြုမှုအရ ထိုင်းနိုင်ငံရှိ အစားအစာဈေးနှုန်းများ သည် လွန်ခဲ့သည့် ၁၃ နှစ်ကထက် ၁၀၆ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်က ၃၁ ဘတ် ပေးရသည့် အစားအစာသည် ၂၀၂၅ ခုနှစ်တွင် ၆၄ ဘတ်ဖြစ်လာကြောင်း သိရှိရသည်။ ထိုလေ့လာမှုကို ဘန်ကောက်ရှိ စီးပွားရေးခရိုင်များဖြစ်သည့် စီလုံ၊ စူရာဝမ်နှင့် ဆတ်သရွန်ဧရိယာများတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာသော်လည်း ထိုကာလတွင် အနိမ့်ဆုံးလုပ်ခငွေကြေးမှာ ၃၃ ဒသမ ၃ ရာခိုင် နှုန်း(ဘတ် ၃၀၀ မှ ဘတ် ၄၀၀) သာ မြင့်တက်ခဲ့ကြောင်း၊ လုပ်ခနှင့် လူနေမှုစရိတ်အကြား ထင်ရှားသည့်ကွာဟမှုကို ဖြစ်စေခဲ့ကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ကောက်ယူခဲ့သော အချက်အလက်များအရ စားသောက်ကုန် ဈေးနှုန်းများသည် ယင်လပ်ရှင်နာဝါထရာအစိုးရလက်ထက် (၂၀၁၂ မှ ၂၀၁၄)တွင် တစ်နှစ်ပျမ်းမျှ ၅ ဒသမ ၂ ရာခိုင်နှုန်း၊ ပရာရွတ်ချန်အိုချာအစိုးရလက်ထက် (၂၀၁၄ မှ၂၀၂၃)တွင် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ဆာရက်သာ   သက်ဗ်ဆင်အစိုးရ (၂၀၂၃ မှ ၂၀၂၄)တွင် ၃ ဒသမ ၃ ရာခိုင်နှုန်း၊ ပေထုန်တန်ရှင်နာဝါထရာအစိုးရ (၂၀၂၄ မှ ၂၀၂၅) တွင် ၂ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့သည်ဟု ဆိုသည်။

ပြည်သူများအပေါ် စားသောက်ကုန် ဈေးနှုန်း၏ သက်ရောက်မှု (အထူး သဖြင့် ရုံးဝန်ထမ်းများ နေထိုင်သည့် ဧရိယာ)ကို လေ့လာနိုင်ရန် AREA သုတေသနစင်တာ၏ ဥက္ကဋ္ဌ ဒေါက်တာ ဆိုဖွန်ပေါင်ချွတ်ချိုင်က ဦးဆောင်စတင်ခဲ့ခြင်းဖြစ်သည်။ လေ့လာမှု၏ အကြံပြုချက်တွင် တိုးရစ်များနှင့် စက်မှုဧရိယာများတွင် စားသောက် ကုန် ဈေးနှုန်းများ ပိုမိုမြင့်မားနိုင်သော်လည်း အခြေခံစားကုန် ရွေး ချယ်မှုတွင် စားသုံးသူများ၏ အထိ အခိုက်မခံနိုင်မှုနှင့် အစိုးရ၏ oversight ဖြစ်မှုတို့အရ တည်ငြိမ်နေမည်ဖြစ်ကြောင်း ဖော်ပြထား သည်။

အဆောက်အအုံ ငှားရမ်းခများ မြင့်တက်မှုက စားသောက်ကုန်ဈေးနှုန်း မြင့်တက်မှုအပေါ် သိသိသာသာ လွှမ်းမိုးထားကြောင်း၊ စား သောက်ဆိုင်နေရာ ငှားရမ်းခများကို တစ်လလျှင် ဘတ် ခြောက်သောင်း (၁၈ စတုရန်းမီတာအတွက်) အထိ ပေးနေရကြောင်း၊ ယင်းဖြစ်စဉ်က စားသုံးသူများနှင့် ဈေးသည်များ နှစ်ဦးနှစ်ဖက် အဆင်ပြေသည့် “ဝယ်-ယူ-စား စားစရာ (Takeaway meals)” အခြေအနေကို ဖြစ်ပေါ်စေခဲ့ကြောင်း သုတေသနက ဆိုသည်။

စိန်ခေါ်မှုများရှိနေသော်လည်း နှေးကွေးနေသော စီးပွားရေးအခြေ အနေအရ ၂၀၂၅-၂၆ ခုနှစ်တွင် အစားအစာ ဈေးနှုန်းများ တည်ငြိမ်နေဖွယ်ရှိကြောင်း လေ့လာမှုက ဖော်ပြထားသည်။ အစားအစာဈေးနှုန်းများ အမြင့်ဆုံး ၂ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ကြောင်း ကျွမ်းကျင် သူများက ခန့်မှန်းထားပြီး မိသားစုပြည်သူများအနေဖြင့် အသုံးစရိတ်ချွေတာနိုင်ရန် အိမ်မှာပင် ချက်ပြုတ်စားကြရန် တိုက်တွန်းထားသည်။

TTP

www.asian-agribiz.com