တရုတ်၏တားမြစ်ချက်ပြီးဆုံးချိန် အမဲသားပို့ကုန်မြှင့်တင်ရေးဂျပန်ပြင်ဆင်

နွားရူးရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၀၁ ခုနှစ်မှစ၍ ဂျပန်နိုင်ငံမှ အမဲသားတင်သွင်းမှုကို ဆယ်စုနှစ်မျှ ရှည်ကြာသည့် တားမြစ်ခဲ့မှုအားတရုတ်နိုင်ငံက ဖယ်ရှားတော့မည် ဖြစ်သဖြင့် ဂျပန်နိုင်ငံအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။ နှစ်နိုင်ငံကြား အမဲသားတိုက်ရိုက် တင်ပို့မှု ပြန်လည်စတင်နိုင်မည့် ခြေလှမ်းတစ်ရပ်အဖြစ် ဂျပန်-တရုတ် တိရိစ္ဆာန် ကျန်းမာရေးနှင့် ရောဂါပိုးမွှားထိန်းချုပ် ရေး သဘောတူညီမှုသည် ဇူလိုင်တတိယပတ်အတွင်း စတင်အသက်ဝင်ပြီဖြစ်သည်။
အစားအစာ ဘေးကင်းလုံခြုံမှု၊ ပြုပြင်ထုတ်လုပ်မှုနည်းလမ်းများနှင့် တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးတို့အပေါ် ဆွေးနွေးမှုများကို တင်ပို့မှုမတိုင်မီ ပြုလုပ်ရန် လိုအပ်နေဆဲဖြစ်ကြောင်း ဂျပန် စိုက်ပျိုး ရေးဝန်ကြီးဌာနကဆိုသည်။ “တင်ပို့မှု ပြန်လည်စတင်နိုင်ဖို့ လိုအပ်တဲ့ အခြေအနေအရပ်ရပ်ဟာ တရုတ်နိုင်ငံဖက်က တောင်းဆိုတဲ့အပေါ် မူတည်ပါတယ်”ဟု ဝန်ကြီးဌာနအရာရှိတစ်ဦးက ပြောကြားသည်။
၂၀၂၄ ခုနှစ်က ဂျပန်မှ အမဲသားတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၃၅ ဒသမ ၆ သန်းဖြစ်ပြီး ၂၀၃၀ ခုနှစ်တွင် နှစ်ဆနီးပါး (အမေရိကန်ဒေါ်လာ ၇၆၀ ဒသမ ၈) မြှင့်တင်နိုင်ရန် မျှော်မှန်းထားသည်။ လယ်ယာသားငါးထွက်ကုန် တင်ပို့မှု ၃၃ ဒသမ ၆ ဘီလီယံထိ မြှင့်တင်နိုင်ရေး အစီအမံ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂျပန်နိုင်ငံအစိုးရ၏ တွန်းအားပေးမှုဖြစ်ကြောင်း သိရှိရသည်။
“တရုတ်နိုင်ငံရဲ့ ကြီးမားများပြားတဲ့ လူဦးရေပမာဏနဲ့ဆိုရင် ဂျပန်အမဲသား ဝယ်လိုအားမြင့်မားလာလိမ့်မယ် ထင်ပါတယ်”ဟု ဂျပန်နိုင်ငံ မွေးမြူရေးထုတ်ကုန် တင်ပို့မှုမြှင့်တင်ရေးကေင်စီမှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားကြောင်းလည်း သိရှိရသည်။
TTP
www.asian-agribiz.com