ဩစတြေးလျ စိုက်ပျိုးရေးကဏ္ဍအတွက် ကုန်သွယ်မှု အခွင့်အလမ်းသစ်များရရှိ

ဩစတြေးလျ စိုက်ပျိုးရေးကဏ္ဍအတွက် ကုန်သွယ်မှု အခွင့်အလမ်းသစ်များရရှိ

၂၀၂၄ ခုနှစ်သည် ဩစတြေးလျနိုင်ငံအတွက် ပိုမိုကောင်းမွန်သော စျေးကွက် ဝင်ရောက်ခွင့် နှင့် အကောက်ခွန်နှုန်းထားများ လျှော့ချခြင်းဖြင့် လယ်သမားများအတွက် ပို့ကုန်တင်ပို့မှုများ ပိုမိုအားကောင်းသည့် နှစ်တစ်နှစ်ဖြစ်လာသည်။

ဩစတြေးလျ၏ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ ကွန်ရက်သည် အသား၊ ကောက်ပဲသီးနှံ၊ သစ်သီးဝလံနှင့် အခြားစိုက်ပျိုးရေးဆိုင်ရာ စက်မှုလုပ်ငန်းများ အတွက် အဖိုးတန် အခွင့်အလမ်းသစ်များကို ပေးအပ်ထားပြီးဖြစ်သည်။

သို့သော် ဗြိတိန်နှင့် အိန္ဒိယတို့အပါအဝင် ကုန်သွယ်မှု သဘောတူညီချက်များ၏ ပြုပြင်ပြောင်းလဲမှုများသည် ဩစတြေးလျတောင်သူများအတွက် 2024ခုနှစ်တွင် ကွဲပြားသော ကုန်သွယ်မှုအခွင့်အလမ်းသစ်များ ပေးဆောင်မည်ဖြစ်သည်။

လယ်ယာပို့ကုန်တန်ဖိုးသည် ၂၀၂၃-၂၄ ခုနှစ်တွင် ဒေါ်လာ ၆၇ဘီလီယံအထိ ရောက် ရှိရန် ခန့်မှန်းထားပြီး မကြာသေးမီက မိုးရွာသွန်းမှုနှင့်အတူ စံချိန်တင် ဒုတိယ အမြင့်ဆုံး အဖြစ် ယင်းခန့်မှန်းချက်သည် ပိုမိုမြင့်မားလာမည်ဖြစ်သည်။

စျေးကွက်သစ်များ ကြိုးစားရှာဖွေနေသည့် ဩစတြေးလျ စီးပွားရေးလုပ်ငန်းများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ လယ်သမားများနှင့် ထုတ်လုပ်သူများအတွက် ကုန်သွယ်မှုအခွင့်အလမ်း များ ပိုမိုဖန်တီးနိုင်စေရန်အတွက် Albaneseအစိုးရသည် 2024 ခုနှစ်တွင် ဆက်လက် တွန်းအား ပေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီး Mr.Don Farrell က ပြောကြားခဲ့သည်။

လက်ရှိကမ္ဘာ့ရေးရာအခြေအနေများ မသေချာမရေရာမှု မြင့်မားနေသည့်အချိန်တွင် လွတ်လပ် ပွင့်လင်းပြီး စည်းမျဉ်းစည်းကမ်းအခြေခံသော ကုန်သွယ်မှုစနစ်က အရင်ကထက် ပိုအရေးကြီးကြောင်း၊ အပြန်အလှန်အားဖြင့် ကုန်သွယ်မှုကဏ္ဍသည် အားကောင်းသည့် တွန်းအားတစ်ခုဖြစ်ကြောင်း၊ ကုန်သွယ်မှုကဏ္ဍအားကောင်းလာခြင်းသည် လစာကောင်းသည့် အလုပ်အကိုင်များခြင်း၊ နိုင်ငံ့ဝင်ငွေပိုမိုရရှိခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း များခြင်း နှင့် လူနေမှုစရိတ်များ သက်သာခြင်းတို့ကို ဖြစ်စေကြောင်း၊ ကုန်သွယ်မှု သဘောတူညီချက် များသည် ရင်းနှီးမြှုပ်နှံမှုများကိုလှုံ့ဆော်ရန်၊ အဆင့်မြင့်ထုတ်ကုန်များ၏ ကမ္ဘာလုံးဆိုင်ရာ ၀ယ်လိုအားကို တိုးမြှင့်ရန်နှင့် ပြည်ပဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် အခွင့်အလမ်းများဖန်တီးရန် ထိရောက်သောကိရိယာ တစ်ခုဖြစ်ကြောင်း၊ Albanese အစိုးရ သည်  ၂၀၃၀ ခုနှစ်တွင် စိုက်ပျိုးရေးကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ထုတ်လုပ်မှု ပန်းတိုင်သို့ ရောက်ရှိစေရန် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးကဏ္ဍကို ကူညီ ဆောင်ရွက်ပေးရန်အတွက် ၂၀၂၄ ခုနှစ်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ကုန် သွယ်ရေးညှိနှိုင်းမှုများ စတင်မည်ဖြစ်ပြီး၊ အိန္ဒိယနှင့်ဩစတြေးလျ နိုင်ငံတို့အကြား ကုန်သွယ် မှုသဘောတူညီချက်ကိုတည်ဆောက်ကာ ပို့ကုန်လုပ်ငန်းရှင်များသည် ဗြိတိန်အပါအဝင် လက်ရှိ ကုန်သွယ်မှု သဘောတူညီချက်များရရှိနိုင်ရန် ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း ဝန်ကြီး Farrell က ပြောကြားခဲ့သည်။

စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် သစ်တောရေးရာဝန်ကြီး Mr.Murray Watt က 2024 ခုနှစ်သည် နိုင်ငံတော်၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် အခွင့်အလမ်းသစ်များ ပေးဆောင်နိုင် လိမ့်မည် ဖြစ်ကြောင်း၊ ၎င်း စိတ်ထက်သန်တက်ကြွသော ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်း များသည် ဒေသတွင်း အသိုင်းအဝိုင်းများနှင့် ဒေသဆိုင်ရာ အလုပ်အကိုင်များအတွက် အထူးကောင်းမွန်သည့် သတင်း‌ကောင်းဖြစ်ပြီး သြစတြေးလျ လယ်သမားများနှင့် ထုတ်လုပ်သူ များအတွက် လမ်းသစ်များ ဖွင့်လှစ်ပေး‌ကြောင်း၊ အရသာ‌ကောင်းမွန်‌သော အရည်အသွေးမြင့် ထုတ်ကုန်များအတွက် နိုင်ငံတကာမှ နာမည် ကောင်းရထားပြီး 2024 ခုနှစ်တွင် ကမ္ဘာ တစ်ဝှမ်းမှ စားသုံးသူများထံ ၎င်းထုတ်ကုန်များကို ပိုပြီးပြသခွင့်ရတဲ့အတွက် ဝမ်းသာ ပါကြောင်း၊ Albanese  အစိုးရဟာ ခိုင်မာတဲ့ နိုင်ငံတကာဆက်ဆံရေးကို ဖော်ဆောင်ဖို့ ကတိပြုထား ပါကြောင်း၊ ဩစတြေးလျ၏ FTAs အောက်တွင် အဓိက လယ်ယာ ထွက်ကုန်များအပေါ် အကောက်ခွန်လျှော့ချခြင်းနှင့် ကြီးမားသော အကောက်ခွန်မဲ့ခွဲတမ်း များသည် ထုတ်လုပ်သူများအတွက် စီးပွားရေးအရ သိသာထင်ရှားသော ပို့ကုန်ကွဲပြားခြင်း ဆိုင်ရာ အခွင့်အလမ်းများကို ပေးဆောင်မည်ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့်၊ ဩစတြေးလျ-ဗြိတိန်၏  FTA အရ UK သို့ တင်ပို့နေသည့် အမဲသားနှင့် သိုးသား ပမာဏများပြားစွာ တိုးမြင့်လာသည်ကို တွေ့မြင်ရပြီး၊ တစ်ချိန်က ကန့်သတ်ထားသော တန်ဖိုးမြင့်ဈေးကွက်တွင် မိမိတို့၏ ဈေးကွက်ဝင်ရောက်မှုကို သိသိသာသာမြှင့်တင်နိုင်ခဲ့သည်ဟု ဝန်ကြီးWattက ပြောကြားခဲ့ပါကြောင်း ၅. ၂. ၂၀၂၄ ရက်နေ့တွင် ထုတ်ဝေခဲ့သော  MIRAGE ကွန်ရက် ဆောင်းပါးအရ သိရှိရသည်။

မြတ်ဖူးငုံဦး

https://www.miragenews.com/new-year-new-trade-opportunities-for-aussie-1167579/