သဘာဝကပေး အစာနှင့်ဆေး "ပတဲကော"

ပတဲကောပင်သည် ချင်းနှင့် နနွင်းတက် တို့ကဲ့သို့ အာယုဗေဒဆေးပညာရပ် အရရော တရုတ်တိုင်းရင်းဆေး ပညာရပ်အရ ပါ ဆေးဖက်ဝင် ပရဆေးပင်အဖြစ် အဓိ ကအသုံးပြုကြသည့် ဟင်းခတ်အမွှေး အကြိုင်တစ်မျိုးဖြစ်၏။ ပတဲကောတွင် ပတဲကောကြီးနှင့် ပတဲကောလေး ဟူပြီး နှစ်မျိုးရှိရာ ယခုအမျိုးအစားမှာ မြန်မာ နိုင်ငံတွင် ပတဲကောကြီးဟုလည်း လူသိ များကြပြီး ဟင်းခတ်အမွှေးအကြိုင် အဖြစ် အဓိက အသုံးပြုလေ့ရှိကြ၏။ ယင်း၏ အင်္ဂလိပ်အမည်မှာ Galangal : blue ginger, lengkuas greater galanga
ဟုလည်းခေါ်ဆိုကြ၏။ သိပ္ပံအမည်မှာ Alpinia galanga ဖြစ်ကာ မျိုးရင်း Zingiberaceae တွင် ပါဝင်၏။ ပတဲကောပင်သည် တောင်နှင့် အရှေ့တောင်အာရှနိုင်ငံများတွင် စတင်ဖြစ် ထွန်း ပေါက်ရောက်ပြီး ထိုမှတစ်ဆင့် ထိုမှတစ်ဖန် အရှေ့တောင်အာရှရှိ ဗီယက်နမ်၊ မြန်မာ၊ လာအိုတို့အပါအဝင် အထူးသဖြင့် ထိုင်းနိုင်ငံသို့ ပျံ့နှံ့ပေါက် ရောက်၏။ ယင်းနောက် အရှေ့တောင် အာရှကျွန်းနိုင်ငံများ အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ တွင် ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးလာခဲ့ကြရာ ယနေ့ထိတိုင်ဖြစ်၏။
ပတဲကောသည် မြန်မာနိုင်ငံအနှံ့ အပြားတွင် သဘာဝအလျောက်ဖြစ် ထွန်းသည့် သဘာဝပေါက်ပင်မျိုးဖြစ်၏။ အမြဲစိမ်းအပင်ငယ်မျိုး ဖြစ်ပြီး အမြင့်ပေ ၈ ပေခန့်အထိ ရှင်သန်ကြီးထွားနိုင်၏။ ရွက်ယောင်ပင်စည်မျိုးဖြစ်ပြီး အပင် ထောင်မတ်၏။ ပင်စည်လုံးမာပြီး ချော
မွတ်ဖြောင့်တန်း၏။ အရွက်များမှာ တစ်ပေကျော်ခန့်ရှိပြီး ပင်စည်လုံးအား ပတ်ပြီး ရွက်လွှဲထွက်၏။ ရွက်ပြားကျဉ်း ပြီး ရွက်ရင်းသွယ်ကာ ရွက်ထိပ်သို့ ချွန်သွယ်၏။ ရွက်ညှာတို၏။ ရွက်လယ် ကြောထင်ရှားပြီး မြောင်းပါ၏။ အရွက် မျက်နှာပြင်နှစ်ဖက်လုံး ချောမွေ့ပြီး ရွက် နားညီ၏။ အပွင့်သေးငယ်ပြီး အဖြူရောင် တွင် နီညိုစင်းကလေးများရှိ၏။ အမြစ်မှာ ဥပုံသဏ္ဍာန်ဖြစ်ပြီး နနွင်းတက်နှင့် ဆင်တူ၏။ အမြှေးဖတ်များဖြင့် ဖုံးအုပ် ထား၏။ မြစ်မွှာနည်း၏။ ပတဲကောပင်၏ ရနံ့မွှေးကြိုင်ပြီး ပူစပ်ခါးအရသာရှိသော ဥမြစ်ကို အစိမ်း
အတိုင်းသော်လည်းကောင်း၊ ဥမြစ်ကို အကွင်းလိုက် ပါးပါးလှီး၊ အခြောက်လှန်းပြီး အမှုန်ပြုလုပ်ကာ မွှေးအကြိုင်အဖြစ် သော်လည်းကောင်း၊ ပရဆေး အဖြစ် လည်းကောင်း အသုံးပြုကြ၏။
ပတဲကော မြစ်သည် အစာစွမ်းအင်ပမာဏ နည်းပါး ပြီး ယင်းကို အစာကြေဆေး၊ အအေးမိ ဖျားနာပျောက်ဆေး၊ ပွေးယားနာ သက် သာစေရန်တို့အတွက် ဆေးဖက်ဝင် တိုင်းရင်းဆေးအဖြစ် လွန်ခဲ့သည့် ရှေးနှစ် ပေါင်း များစွာကတည်းကပင် အသုံးပြု လာခဲ့ကြ၏။ ပတဲကောဥမြစ်တွင်ပါဝင်သည့်ါငူညေါငည ဟုခေါ်သည့် မွှေးရနံ့သည် အဏုဇီဝပိုးမွှားများကို တိုက်ဖျက်နိုင်စွမ်း၊ ကိုယ်လက်ရောင်ရမ်း နာကျင်ခြင်းကို ဆန့်ကျင်နိုင်စွမ်း၊ မှိုရောဂါများကို တိုက်ဖျက်နိုင်စွမ်း၊ အဖုအကျိတ်များကို ချေ ဖျက်နိုင်စွမ်းနှင့် အစာအိမ်ကို ကာကွယ် အားဖြည့်ပေးနိုင်စွမ်း အစရှိသည့် အစွမ်း သတ္တိကောင်းများရှိ၏။
တရုတ်ရိုးရာတိုင်းရင်းဆေးပညာ ရပ်အရ ပတဲကောသည် ခန္ဓာကိုယ် တွင်း ရှိ မကောင်းသော စိတ်အညစ်အကြေး များကို ဖယ်ရှားနိုင်ရန် အထောက်အကူ ပြုပေးနိုင်ခြင်း၊ အအေးမိဝေဒနာကို သက်သာစေခြင်းနှင့် အစာအိမ်နာကျင် ခြင်းကို သက်သာစေခြင်းတို့ အတွက် အကောင်းဆုံးသော သဘာဝဆေးဝါး အဖြစ် အသုံးပြုကြ၏။ ပတဲကောဥမြစ်တွင် ခန္ဓာကိုယ်ကျန်းမာ ရေးအတွက် အဓိက လိုအပ်သည့် ဗီတာမင် ဘီတူး၊ ဘီပိုက်၊ ဘီစစ်၊ ဗီတာမင်စီတို့ပါဝင်ပြီး သတ္တုဓာတ်များ အနေဖြင့် သံဓာတ်၊ ပိုတက်စီယမ်၊ မဂ်ဂနိစ်၊
ကြေးနီဓာတ်၊ ဆီလီနီယမ်နှင့် မဂ်ဂနီစီယမ်တို့ ပါဝင်သည့်အတွက် အသားအရေနှင့် ဆံကေသာ လှပကျန်း မာရေးကို အထောက်အကူပြုစေ၏။
ပတဲကောပန်းပွင့် ၁ဝဝ ဂရမ်တွင် အစာစွမ်းအင် ၂၇ ကီလိုကယ်လိုရီ ပါဝင် ပြီး ပရိုတင်း၊ ကာဘိုဟိုက်ဒရိတ်၊ အမျှင် ဓာတ်၊ အဆီဓာတ်၊ ပိုတက်စီယမ် နှင့် ကယ်လ်စီယမ်တို့ ကြွယ်ဝစွာပါဝင်၏။ ပတဲကောတွင် ဓာတ်တိုးဆန့်ကျင်စေ သည့်ပစည်းများစွာ ပါဝင်ပြီး အဏုဇီဝပိုး များကို တိုက်ဖျက်နိုင်စွမ်း၊ ကိုယ်လက် ရောင်ရမ်းနာကို သက်သာစေနိုင်စွမ်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်နိုင်စွမ်း၊ ဆီးချိုရောဂါဖြစ်ပွားနိုင်ချေကို ကာကွယ် ပေးနိုင်စွမ်း၊ အသည်းကျန်းမာရေးကို ကောင်းမွန်နိုင်စွမ်း၊ ယားနာ ဖြစ်ခြင်းမှ သက်သာစေနိုင်စွမ်း၊ ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှုကို ဟန့်တားနိုင်စွမ်း၊ သွေး ပျစ်ခဲခြင်းမှ ကာကွယ်နိုင်စွမ်းနှင့် အစာ ကြေစေနိုင်စွမ်းတို့ကို ပေးနိုင်သည့် ဂုဏ် သတ္တိတို့ရှိ၏။
ပတဲကောကို ပုံမှန်စားသုံးပေးခြင်းဖြင့် ဆီးချိုအမျိုးအစား ၂ နှင့် နှလုံးရောဂါ ဖြစ်ပွားနိုင်ချေကို ဟန့်တားနိုင်၏။ ထိုမျှ သာမက မှတ်ဉာဏ်အားကို ကောင်းစေ ခြင်း၊ အသက်အရွယ်အရ ဦးနှောက်မှတ် ဉာဏ်အား လျော့နည်းစေခြင်းကို တား ဆီးစေနိုင်ခြင်း၊ အမျိုးသားများ မျိုးဆက်သစ် တိုးပွားခြင်းကို အားပေးစေသည့် သုက်ပိုးအရေအတွက်တိုးစေခြင်းနှင့် သန္ဓေအောင်နှုန်း မြင့်တက်စေရန် အား ပေးခြင်း၊ အဖျားရောဂါများကို သက်သာ စေနိုင်ခြင်း၊ ပျို့အန်လိုစိတ်ကို ထိန်းပေး နိုင်ခြင်း၊ အဆစ်အမြစ်ရောင်ရမ်းနာကို သက်သာစေခြင်း၊ အသက်ရှူ လမ်း ကြောင်း ဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင် ချေကို ဟန့်တားပေးခြင်း၊ မှိုကြောင့်ဖြစ် ပွားတတ်သည့် ကူးစက်ရောဂါများကို တားဆီးပေးနိုင်ခြင်း၊ အသားအရေနှင့် ဆံကေသာကို ကျန်းမာစေခြင်း အစရှိ သည့် ကျန်းမာရေး အကျိုးကျေးဇူး ကောင်းများကို ပေးစွမ်းနိုင်၏။
ပတဲကောမှ ထုတ်ယူရရှိသည့် ရနံ့မွှေး ဆီသည် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများဖြစ်သည့် အအေးမိ၊ လည်ချောင်းနာ၊ ချောင်းဆိုးခြင်း တို့အတွက် လည်းကောင်း၊ ပန်းနာရင်ကြပ် ရောဂါ အတွက်လည်းကောင်း သက် သာစေရန် သဘာဝရနံ့မွှေးကုထုံးအဖြစ် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြ၏။ ပတဲကောသည် အိမ်တိုင်း၏ စားဖို ဆောင်တွင် အဆင်သင့် ရှိတတ်သည့် ဟင်းခတ်အမွှေးအကြိုင်မျိုး မဟုတ် သော်လည်း ဈေးထဲ၊ စူပါမားကက် များထဲတွင် အလွယ်တကူ ဝယ်ယူရရှိနိုင် သည့် စားဖိုဆောင် ဟင်းခတ် အမွှေး အကြိုင် တစ်မျိုးဖြစ်၏။ လတ်လတ်ဆတ်ဆတ် တူးဖော်ထား သည့် ပတဲကော ဥမြစ်နုနုလေးများကို
သန့်စင်အောင်ရေဆေးပြီးလျှင် ငပိရည်ကျို၊ ငပိသုပ်၊ ခရမ်းချဉ်သီးထောင်း၊ အသီးအရွက်သုပ်များနှင့်အတူ တွဲဖက် ပြီး စားသုံးလေ့ရှိကြ၏။ မွှေးမွှေးလေးနှင့် ခံတွင်းမြိန်စေ၏။
ပတဲကောဥမြစ်နုနုလေးများကို ငပိ ထောင်းသည့်အခါတွင်လည်း ထည့် ထောင်းတတ်ကြ၏။ အရွယ်ရင့်နေပြီဖြစ်သည့် ပတဲကော ဥမြစ်များကို မညက်တညက် ထောင်းထု ပြီးလျှင် စွပ်ပြုတ်ရည်များ ချက်ပြုတ်ရာတွင် ထည့်သွင်းအသုံးပြု ကြ၏။ ရခိုင်ရိုးရာမုန့်တီ(အာပူ လျှာပူ) ဆိုလျှင် လူတိုင်းကြိုက်နှစ်သက်ကြသည့် ထိုဟင်းရည်ချက်သည့်အခါတွင် ပတဲ ကောသည် မပါမဖြစ်သည့် ဟင်းခတ်အ မွှေးအကြိုင်အဖြစ် ထည့်သွင်း အသုံးပြု ကြ၏။
ပတဲဧကာဥမြစ်နုနုလေးများကို ကြက် သွန်ဖြူ၊ ချင်း၊ နနွင်းတက်တို့နှင့် အတူ ရောထောင်းပြီး ရရှိလာသော အနှစ်ကို အရည်ညှစ်ယူပြီး အသား၊ ငါး၊ ပုစွန် တို့နှင့်အတူ ရောနယ်နှပ်ထားပြီးမှ ကြော် လှော်ချက်ပြုတ်လေ့ရှိကြ၏။ ထိုင်းလူမျိုးများ၏ တုန်ယမ်း ဟင်းချိုချက်ပြုတ်သည့်အခါ ပတဲကောဥ မြစ်သည် မပါမဖြစ် ထည့်သွင်းရသည့် ဟင်းခတ်အမွှေးအကြိုင် တစ်မျိုး ဖြစ်၏။ ပတဲကောပန်းပွင့်များကိုလည်း အသုပ် များပြင်ဆင်ပြုလုပ်ရာတွင် ထည့်သွင်း စားသုံးလေ့ရှိကြ၏။
ပတဲကောသီးလေးများ ရင့်မှည့်လာ သည့်အခါ အနီရောင်သို့ ပြောင်းလဲ သွားပြီး ထိုအသီးလေးများကို ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုကြသည်။ ယင်းသည်ဖာလာစေ့ကဲ့သို့ပင် မွှေးရနံ့ ရှိ၏။ ထိုင်ဝမ်နိုင်ငံတွင် ပတဲကောပင်၏ အရွက်ကို ကလေးသူငယ်များ ရိုးးရာ ကစားစရာအရုပ်လေးများပြုလုပ်ရန် အတွက် အဓိကအသုံးပြုကြ၏။ ပတဲကောဥမြစ်ကို မိမိတို့ အိမ်ခြံ ဝင်းအတွင်း မြေပိုလေးတွင် စိုက်ပျိုး ထားလျှင်ဖြစ်စေ၊ တိုက်ခန်း (သို့မဟုတ်) အဆောင်နေသူများအနေဖြင့် ပန်းအိုး ထဲတွင် စိုက်ပျိုးထားခြင်းဖြင့်
မိမိချက် ပြုတ်လိုသည့် ဟင်းလျာအလိုက်၊ ဆေး ဝါးအဖြစ် အသုံးပြုလိုသည့်အချိန်တွင် အဆင်သင့် တူးဖော်ပြီး လတ်လတ်ဆတ် ဆတ် စားသုံးနိုင်သလို တစ်ပိုင်တစ်နိုင် ပရဆေးဥယျာဉ်ခြံလေးအဖြစ်လည်း ဖန်တီးနိုင်၏။
သဘာဝတရား၏ လက်ဆောင်မွန် ပတဲကောပင်မှ ရရှိသည့် အစိတ်အပိုင်း များကိုအမြတ်တနိုးတန်ဖိုးထားပြီး ဒေသ အလိုက် မတူညီကွဲပြားသည့် ချက်ပြုတ် နည်းမျိုးစုံဖြင့် ပြင်ဆင် စားသုံး ခြင်းဖြင့် ကုန်ကျစရိတ်သက်သာစေပြီး ကျန်းမာရေး အကျိုးကျေးဇူးကောင်းများကို ရရှိ နိုင်မည်ဖြစ်၏။
ကြေးမုံငယ်