ကူးစက်မြန်လျာနာခွာနာရောဂါအကြောင်း သိကောင်းစရာ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်နှင့်အညီ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် အမိနိုင်ငံ၏ အရေးကြီးဆုံးသော အခန်းကဏ္ဍ ဖြစ်ပါသည်။ ခေတ်မီနည်းပညာများ ထွန်းကားလာသည် နှင့်အမျှစက်မှုလယ်ယာသို့ တိုးတက် ဆောင်ရွက်လျှက်ရှိသော်လည်း တောင်သူဦးကြီးများအတွက် နွားမွေးမြူရေးသည် ယနေ့အထိ အရေးပါလျက်ရှိသည်။ မြန်မာနိုင်ငံရှိ နွားများတွင် ဖြစ်ပွားမှုများသော ကူး စက်ရောဂါများမှာ ခွာနာလျှာနာရော ဂါ၊လည်ချောင်းကွဲရောဂါ၊ အရေပြား အကျိတ်နာရောဂါ စသည်တို့ ဖြစ်ပါသည်။ နွားများတွင် ခွာနာလျှာနာရောဂါဖြစ်ပွားပါက လယ်ယာလုပ်ငန်းခွင်တွင် နွားများကို အသုံးမပြုနိုင်ခြင်း၊ နို့ထွက်နှုန်းကျဆင်းသဖြင့် ဝင်ငွေထိခိုက်ခြင်းတို့ကြောင့် တောင်သူဦးကြီးများအနေဖြင့် ထိုရောဂါကို အထူးသတိပြုရန် အရေးကြီးပါသည်။
စီးပွားရေးအရအရေးပါမှုများ
နွား၊ ကျွဲ အစရှိသည့် ခွာကွဲတိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိသောကူးစက်မှုနှုန်း မြင့်မားသည့် ခွာ နာလျှာနာရောဂါသည် ကမ္ဘာတစ် ဝန်း၌ စီးပွားရေးအရအရေးပါသော ရောဂါတစ်ခုဖြစ်သည်။ ထို့အပြင် အရှေ့တောင်အာရှ၌လည်း ခွာနာ လျှာနာရောဂါကြောင့် ခိုင်းနွားများ အလုပ်ကောင်းစွာ မလုပ်နိုင်ခြင်းနှင့် တိရစ္ဆာန်မှ အသား၊ နို့ထုတ်လုပ်မှု လျော့ကျခြင်းများကြောင့် စီးပွားရေးဆုံးရှုံးမှုများ များစွာရှိသည်ကို ၂၀၁၅ ခုနှစ်၊ သုတေသနပညာရှင်များ၏ စစ်တမ်းများအရ တွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင်လည်း ခွာနာလျှာနာရောဂါသည် ကျွဲ၊ နွားများကို တပိုင်တနိုင်မွေးသည့်မွေးမြူသူများသာမက ၎င်းတိရစ္ဆာန်များကို အခြေခံ၍ လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် တောင်သူ လယ်သမား များ၌လည်း စီးပွားရေးအရဆုံရှုံးမှုများစွာရှိပါသည်။ တစ်ပိုင်တစ်နိုင် မွေးမြူသူများတွင်နှစ်စဉ်ဖြစ်ပွားလေ့ရှိသည့် ခွာနာလျှာနာရောဂါကြောင့် ၎င်းတို့ခြံ၌ မျိုးအောင်နှုန်း ကျဆင်းခြင်း၊ ကြီးထွားမှုလျော့နည်းခြင်းနှင့် ထုတ်လုပ်မှုလျော့ကျခြင်း၊တောင်သူ လယ်သမားများတွင် စိုက်ပျိုးရိတ် သိမ်းချိန်များ၌ ကျွဲ၊ နွားများ၏ လုပ်အားကျဆင်းခြင်းနှင့်ဆေးကုသမှုများကြောင့် ကုန်ကျစရိတ်များခြင်း အစရှိသည့် ပြဿနာများ ကြုံတွေ့ရပါသည်။ ထို့အပြင် ၎င်းရောဂါသည် စားသုံးသူများအတွက် အစားအစာဖူလုံမှုနှင့် အစားအစာ ဘေးကင်းလုံခြုံမှုကဏ္ဍတို့တွင်လည်း အရေး ကြီးသည့် ရောဂါတခု ဖြစ်ပါသည်။ ကမ္ဘာ့တိရစ္ဆာန်ကျန်း မာရေးအဖွဲ့အစည်း (OIE) ၏ ၂၀၁၁ ခုနှစ် အချက်အလက်များအရ မြန် မာနိုင်ငံတွင် ခွာနာလျှာနာရောဂါ ဖြစ်ပွားမှုများသည် တိုင်းဒေသကြီးနှင့် ပြည် နယ်အားလုံးတွင်ဖြစ်ပွားနေသည်ကိုတွေ့ရှိရသည်။ထို့ ကြောင့် တိရစ္ဆာန်များတွင် ခွာနာ လျှာနာကာကွယ်ဆေးများဖြင့် နှစ်စဉ်စနစ်တကျထိန်းချုပ်ကာကွယ်ပါက နောင်အနာဂတ်တွင်မွေး မြူသူများနှင့် တောင်သူ လယ်သမားအတွက် စီးပွားရေး ဆုံး ရှုံးမှုများ လျော့ကျနိုင်မည်သာမက မြန်မာ နိုင်ငံ၏ ကျေးလက်နေပြည်သူများ ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးလည်း တိုးတက် ကောင်းမွန်လာမည် ဖြစ်ပါသည်။
ခွာနာလျှာနာရောဂါကူးစက်ပျံ့နှံ့ခြင်း
ခွာနာလျှာနာ ရောဂါပိုးသည် ပြင်းထန်ပြီး အလွန်ကူးစက်မြန် သော ရောဂါပိုး ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ၎င်းရောဂါသည် ခွာကွဲတိရစ္ဆာန်အား လေထုထဲမှ တစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်ပါသည်။ ရောဂါပိုးသည် ခန္ဓာကိုယ်ပြင်ပတွင် ပေါက်ပြဲသော အနာများမှ တစ်ဆင့်လည်း ဝင်ရောက်နိုင်ပါသည်။ သို့ပါသော် လည်း ထိုလမ်းကြောင်းမှ ကူးစက်ခြင်းသည် လေထုမှ ကူးစက်ခြင်းထက် ရောဂါပိုး အဆ ၁၀၀၀၀ လို အပ်ပြီး အတွေ့ရ သိပ်မများပေ။ နွားမများ၏ နို့တိုင်တွင် ရောဂါပိုးများ ရှိနေနိုင်သောကြောင့် နွားငယ်လေးများတွင်နို့မှတစ်ဆင့် ရောဂါ ကူးစက်နိုင်ပါသည်။ထို့အပြင် ရောဂါ ပိုးသည်နွားထီးများတွင်လည်း သုတ်ပိုးများမှတစ်ဆင့် ပါဝင်နိုင်ပါသည်။ ခန္ခာကိုယ်မှ ထွက်သော စွန့်ပစ်ပစ္စည်းများဖြစ်သည့် မစင်နှင့် ဆီးတို့တွင်လည်း ရောဂါပိုးများ ပါဝင်နိုင်ပါသည်။ ရောဂါပိုးရှိသော တိရစ္ဆာန်သည် လေထုထဲတွင် ရောဂါပိုးကို ဖြန့်နိုင်ပြီး ၎င်းမှတစ်ဆင့် အခြား တိရစ္ဆာန်သို့ရောဂါများပျံ့နှံ့နိုင်သည်။
သုတေသီတို့၏ ဆန်းစစ်ချက်များအရ ရောဂါပိုးသည် အဆုတ်နှင့် လည်ပင်း နေရာတွင် စတင်ပွားများပြီး ပါးစပ်နားတဝိုက်နှင့် ခြေထောက်ကြားတို့ကို သွေးဖြူဥ များမှတစ်ဆင့် ပျံ့နှံ့သွားသည်။ ဓာတ်ခွဲစမ်းသပ်ချက်အရ ရောဂါပိုးသည် ၂၄ နာရီအတွင်း အဆုတ်လမ်းကြောင်းအတွင်း ပျံ့နှံ့ပြီး ၇၂ နာရီ အကြာတွင် လျှာ၊ အာခေါင်၊ ခြေထောက်နှင့် အာသီးတို့တွင် တွေ့ရှိနိုင်ပါသည်။
တိရစ္ဆာန်၏ ခွာကြားနှင့် နှုတ်သီးနားတဝိုက်တွင် အရည်ကြည်ဖုများ ပေါ်လာခြင်းကို အဖျားနှင့်အတူ တွေ့ရှိရမည်ဖြစ်ပြီး ထိုရောဂါလက္ခ ဏာများကြောင့်တိရစ္ဆာန်သည် ခန္ဓာ ကိုယ်တွင် အနာတရဖြစ်စဉ်နှင့် စိတ် ကျဖြစ်စဉ်တို့ကို ခံစားရမည် ဖြစ် သည်။ ထိုအချိန်တွင် တိရစ္ဆာန်၏ ခန္ဓာကိုယ်အနှံ့တွင် ရောဂါပိုးများ ပျံ့ နှံ့နေမည်ဖြစ်သည်။ထိုကဲ့သို့ တိရစ္ဆာန်၏ခန္ဓာကိုယ်ပေါ်တွင် အနာ များ ပေါ်သည့်အချိန်နှင့် ရောဂါစဝင်သော အချိန်သည် ပုံမှန်အားဖြင့် ၂ ရက်မှ ၁၄ ရက်အထိ ကြာတတ်ပါ သည်။ ရောဂါပျိုးချိန် မြန်ခြင်း၊ ကြာ ရှည်ခြင်းသည် ရောဂါဝင်သော လမ်း ကြောင်းနှင့် ရောဂါပိုးအရေအ တွက် ပေါ်မူတည်ကွာခြားနိုင်သည်။
ခွာနာလျှာနာရောဂါလက္ခဏာများ
ခွာနာလျှာနာရောဂါသည် အသက် အရွယ်ကြီးသောနွားများတွင် အသက် သေဆုံးခြင်းမရှိပါ။ သို့သော် နွားငယ်များတွင် ရောဂါလက္ခဏာ မပြဘဲ နှလုံးကြွက်သား ယောင်ရမ်းခြင်းကြောင့် ရုတ်တရက် အသက်သေဆုံးနိုင်ပါသည်။
နွားများတွင် တွေ့ရများသော ခွာနာလျှာနာရောဂါလက္ခဏာများမှာ ပါးစပ်မှ သွားရေများကျခြင်း၊ ခွာနာခြင်း၊ ဖျားခြင်း၊ မှိုင်ခြင်း၊ အစာမစားခြင်း၊ နို့ထွက်နှုန်းကျခြင်း တို့ဖြစ်ပါသည်။ ပါးစပ်အတွင်းရှိ အာခေါင်၊ လျှာ၊ သွားဖုံး၊ နှာခေါင်း တဝိုက်၊ နို့အုံနေရာ နှင့် ခြေထောက်ရှိ ခွာနေရာများတွင် အရေကြည်ဖုများ ရှိခြင်းကြောင့်လည်းကောင်း၊ အရေကြည်ဖုများပေါက်ကာ နီရဲသောအနာများ ဖြစ်လာခြင်းကြောင့်လည်းကောင်း ပါးစပ်မှသရေများကျခြင်း၊ခွာနာခြင်း၊ ခြေထောက်နာခြင်း၊ နှာခေါင်းနေရာတွင် အနာများဖြစ်ခြင်း၊ နို့အုံရှိ နို့သီးခေါင်းနေရာတွင် အနာများဖြစ်ခြင်း တို့ကို တွေ့ရပါသည်။ အရည်ကြည်ဖုများသည် ၂၄နာရီ ကြာပြီးနောက် အရည်များပေါက်ထွက်ကာ အနာများ ဖြစ်လာပါသည်။

ခွာနာလျှာနာရောဂါဖြစ်ပွားနေသော နွားများသည် ၈ ရက်မှ ၁၅ ရက်အတွင်း ပြန်လည်သက်သာကောင်းမွန်လာသော်လည်းလျှာအနာများ၊ ခွာအနာများ၊ နို့အုံယောင် ရမ်းခြင်းများနှင့်ထိုအနာများအတွင်း သို့ ဘတ်တီးရီးယားပိုးများ ဝင်ရောက်ခြင်းတို့အပြင် သားလျှောခြင်းများ၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ နို့ထွက်နှုန်းကျခြင်းတို့ ဆက် လက် ဖြစ်ပွားနိုင်ပါသည်။ ထိုအနာများသည် ရောဂါပိုးဝင်ရောက်ပြီး ၁၀ ရက်ခန့် အကြာတွင် ပြန်ကောင်း မွန်လာတတ်သော်လည်းတစ်ခါတစ်ရံတွင် ဘက်တီးရီးယားပိုးများ ထပ်မံ ဝင်ရောက်လာပါက၂ ပတ် သို့မဟုတ် ၃ ပတ်အထိ ကြာမြင့်နိုင်ပါသည်။ ခွာနာလျှာနာ ရောဂါနှင့် လက္ခဏာဆင်တူသော ရောဂါများမှာ Blue tongue၊ Vesicular stomatitis၊ mucosal disease နှင့် Malignant catarrhal fever တို့ဖြစ်ကြပါသည်။
ခွာနာလျှာနာရောဂါကုသရေးနှင့် ထိန်းချုပ်ရေး
ခွာနာလျှာနာရောဂါကုသရန်အတွက်တိကျသေချာသော ဆေးဝါး များမရှိပါ။ သို့သော်လည်း ရောဂါလက္ခဏာ သက်သာစေသည့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများနှင့် သက်သာအောင် ကုသနိုင်ပါသည်။ ခွာနာလျှာနာရောဂါသည် ကောင်းစွာ ကြိုတင်ကာကွယ်ထိန်း ချုပ်နိုင်သော ရောဂါတစ်ခု ဖြစ်ပါသည်။ ရောဂါဖြစ်ပွားသော နေရာဒေသအလိုက် တိကျသော ဗိုင်းရပ်မျိုးစိတ် ခွာနာလျှာနာ ရောဂါကာ ကွယ်ဆေးထိုး၍ ရောဂါမဖြစ်အောင် တားဆီးနိုင်ပါသည်။ ခွာနာလျှာနာ ရောဂါသည် လေထဲမှတစ်ဆင့်ကူးစက် ပျံ့ပွားနိုင်သော်လည်း တိရစ္ဆာန်ထွက်ကုန် ပစ္စည်းမျာ၊ ကျွဲနွားပိုင်ရှင်၊ အလုပ်သမားများ၊ အသုံးပြုပစ္စည်း ကိရိယာများအတွက်တင်းကျပ်သော ဇီဝလုံခြုံရေးစနစ်ကို အသုံး ပြု၍ခွာနာလျှာနာရောဂါကို ကောင်း စွာ ထိန်းချုပ်ရပါမည်။ ရောဂါထိန်း ချုပ်ရန်အတွက် မှတ်တမ်းထားရှိခြင်းသည်လည်း အရေးကြီးပါသည်၊၊ သို့မှသာ တိရစ္ဆာန်များ၏ နေရာဒေသ တစ်ခုမှတစ်ခုသို့ ရွေ့လျားမှု၊ လှုပ်ရှားမှုများကို ကန့်သတ်ရပ်တန့်နိုင်ပြီး ရောဂါဝင်ရောက်ခြင်းနှင့် ပျံ့နှံ့ခြင်းကို ကာကွယ်နိုင်ပါမည်။ ထို့အပြင် သံသယဖြစ်စေသော ရောဂါလက္ခဏာများတွေ့ရှိပါက တိရစ္ဆာန်ဆေးကု ဆရာဝန်များ၊ သက်ဆိုင်ရာမြို့နယ်များရှိ မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနသို့ အမြန်ဆုံး ဆက်သွယ်ပြီး ဆေးကုသရေးနှင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို စနစ် တကျ ပူးပေါင်းဆောင်ရွက်ရပါမည်။
သို့ဖြစ်ပါ၍ တောင်သူဦးကြီးများအနေဖြင့် ခွာနာလျှာနာရောဂါ၏ စီးပွားရေးအရ အရေးပါပုံ၊ ရောဂါကူးစက်ပုံ၊ ရောဂါလက္ခဏာအကြောင်းကို သိရှိပြီး ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်နိုင်မည် ဖြစ်ပါသည်။ ထိုရောဂါကို ကောင်းစွာ ထိန်းချုပ်နိုင်ပါက ကျွဲ၊နွားအရှင် နိုင်ငံခြားသို့ တင်ပို့ရောင်းချမှုမှာလည်း ဈေးကွက်ပိုမို ရရှိလာပြီး နိုင်ငံတော်အတွက် နိုင်ငံ ခြားဝင်ငွေရရှိအောင် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် တောင်သူဦးကြီးများ၏ လူနေမှုဘဝလည်း ပိုမိုမြင့်မားလာမည် ဖြစ်ပါသည်။
ဆေးပညာဌာန(မွေး/ဆေး)