အင်းလုပ်ငန်းရေရှည်တည်တံ့ရေးနှင့် အင်းငါးထုတ်လုပ်မှုတိုးတက်ရေး

အင်းလုပ်ငန်းရေရှည်တည်တံ့ရေးနှင့် အင်းငါးထုတ်လုပ်မှုတိုးတက်ရေး

dof

လယ်ယာကဏ္ဍ ရေရှည်ဖွံ့ ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး ကွင်းဆက်တစ်လျှောက်ရှိ သက်ဆိုင်သူများအားလုံး ကြုံတွေ့နေရသည့်  အခက်အခဲများကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာရန်  ရည်ရွယ်လျက် စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ  သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ ဦးစီးဌာနများ၊ တက္ကသိုလ်များနှင့်ပူးပေါင်း၍ လယ်ယာ ကဏ္ဍဆိုင်ရာဆွေးနွေးအဖြေရှာ ဗုဒ္ဓဟူးနေ့ စကားဝိုင်းအဖြစ် ၂၀၂၁ ခုနှစ် စက် တင်ဘာမှစတင်၍ လစဉ် ကျင်းပပြု လုပ်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်နေ့တွင် ၃၂ ကြိမ်မြောက်ဆွေးနွေးပွဲတွင် အင်းလုပ်ငန်းရေ ရှည်တည်တံ့ရေးနှင့် အင်းငါး ထုတ် လုပ်မှုတိုးတက်ရေးကို  ဆွေးနွေးခဲ့ကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး 
ဦးဆောင် တက်ရောက် ခဲ့သည်။

အခွန်တော်ဝင်ငွေတွင်အရေးပါသည့် အင်းခွန်

မြန်မာနိုင်ငံတွင် ပြည်ထောင်စုစာရင်းဝင် ဂရန်အင်းပေါင်း ၃၇၃၀ ရှိပြီး ယခင်နှစ် စာရင်းအရ အင်းခွန်ဝင်ငွေ ၁၁ ဒသမ ၂၇ ဘီလီယံကျော်ရှိကြောင်း၊   ငါးသယံဇာတများ မျိုးပြုန်းမှု မရှိစေရေး၊ ရေချိုငါး လုပ်ငန်းရေပြင်များမပျောက်ပျက်စေရေးတို့အတွက်စားသုံးသူများ၊ဖမ်းဆီးထုတ် လုပ်သူများအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကျင့်သုံး လိုက်နာသွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ရေချို ငါးလုပ်ငန်းရေပြင်များ ပျက်စီးခြင်းမှ ကာကွယ်စောင့် ရှောက်ရန်ဒုတိယဝန်ကြီးမှ ဆွေးနွေး မှာကြားခဲ့ သည်။  အဆိုပါ အင်းခွန်ငွေပမာဏကို ထောက်ရှု၍ ပြည် နယ်/တိုင်း ဒေသကြီးအသီးသီးတို့၏ အခွန်တော်ဝင်ငွေရရှိမှုတွင်အင်း အိုင်များ၏အရေးပါမှုကိုသိရှိပြီး အင်းအိုင်များ ရေချိုငါးလုပ်ငန်းရေ ပြင်များကို မြန်မာနိုင်ငံသားတိုင်းက  အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူ၍  ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ပေသည်။

မိတ်ဖက်ဦးစီးဌာနများပူးပေါင်း

စကားဝိုင်းဆွေးနွေးပွဲတွင် ငါးလုပ်ငန်းဦးစီးဌာန၊ ကြေးတိုင်နှင့်မြေ စာရင်းဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီး ဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာ နများမှ ပညာရှင်များက အင်းလုပ် ငန်း ရေရှည်တည်တံ့ရေး၊ အင်းငါးထုတ်လုပ်မှုတိုးတက်ရေးတို့အတွက် ဆွေးနွေးခဲ့ကြပြီး ဌာနအကြီးအကဲများ၊ တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှုးများ ပါဝင်ဆွေးနွေးခဲ့ကြသည်။ 

ဤသို့ ဆောင်ရွက်ချက်သည် ငါးသယံဇာတရေရှည်တည်တံ့စေရန်နှင့် တရားမဝင်ငါးဖမ်းဆီးခြင်းများ လျော့နည်းပပျောက်စေရန်အတွက် မိတ်ဖက်ဦးစီးဌာနများပူးပေါင်းဆောင်ရွက်ချက်တစ်ရပ်လည်း ဖြစ်ပေသည်။

အင်းနယ်နိမိတ်များတိုင်းတာဖော်ထုတ်ရေး

အင်းလုပ်ငန်းရေရှည်တည်တံ့ရေးအတွက် အင်းနယ်နိမိတ်တိုင်းတာ ဖော်ထုတ်ရေးသည် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။ အင်းမြေ ပုံများသည် ဗြိတိသျှခေတ်မှ ရေးဆွဲထားခဲ့သော မြေပုံများဖြစ်ရာ၊ နှစ်ကာလကြာမြင့်လာခဲ့ပြီဖြစ်သည့် အတွက် ရေစီးရေလာ ပြောင်းလဲမှုများ၊ မြစ်ချောင်း အင်းအိုင်များတိမ်ကောခြင်းများ၊ နုံးသဲအနည်အနှစ်များပို့ချခြင်းများ၊ ရာသီဥတုပြောင်းလဲမှုများ၊ ဖွံ့ဖြိုး ရေးလုပ်ငန်းများ၊ စိုက်ပျိုးမြေချဲ့ထွင်မှုများ၊ လူနေ အိမ်ခြေများချဲ့ထွင်ခြင်းများ၊ လမ်းတံတားနှင့် ဆည်မြောင်းများတည် ဆောက်ခြင်းများစသည်များကြောင့် လျော့နည်းခြင်း၊ပြောင်းလဲခြင်း၊ ပျောက်ကွယ်ခြင်းများ ဖြစ်ပေါ်နေ သည်ကို တွေ့ရှိရသဖြင့် အင်းနယ် နိမိတ်များပြောင်းလဲသွားမည်ဖြစ်သည့်အတွက်၊အသစ်ပြန်လည် တိုင်း တာသတ်မှတ်ရန် လိုအပ်လျက်ရှိသည်။ ၂၀၂၀-၂၀၂၁ခုနှစ်တွင် အသစ် ပြန်လည် ရေးဆွဲနိုင်ခဲ့သော အင်းအရေအတွက်မှာ ၂၆၇ အင်းဖြစ်ပြီး ဧကအားဖြင့် ၁၉၉၀၀ ဧကရှိကြောင်း တွေ့ရှိပြီး၊ အင်းလုံးရေ ၃၀၇၀ ပြည့်မီရေးအတွက် ဆက် လက်ဆောင်ရွက်ရန်လိုအပ်နေသေး ကြောင်း တွေ့ရသည်။ အင်းနယ် နိမိတ်များတိုင်းတာရေးအတွက် မြေစာရင်းလက်စွဲဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သည်။ အင်းနယ်နိမိတ် မြေပုံများရေးဆွဲနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ များထံမှ လိုအပ်သောခွင့်ပြုရန်ပုံငွေများ ရေးဆွဲတောင်းခံနိုင်ရန် ငါးလုပ်ငန်းဦးစီးဌာနများနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနများ ပေါင်းစပ်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

ငါးရစ်ပွဲ၊ဆင်နွဲပျော်သည့်ယာယီရေပြင်

အင်းနယ်နိမိတ်နှင့်ဆက်စပ်လျက်ရှိသော ယာယီရေလွှမ်းမိုးသော ငါးလုပ်ငန်းရေပြင်များသည် မြေဆီမြေဩဇာပြည့်ဝသော စိုက်ပျိုးမြေများဖြစ်ပြီး၊ သီးနှံပင်အကြွင်းအကျန်များသည် မြစ်ရေ အင်းရေ လွှမ်းမိုးသောကာလများတွင်ငါးများအတွက် သဘာဝအစာအစာအဖြစ်ငါးစား ကျက် ရေပြင်များဖြစ်ပြောင်းလဲကာ ငါးမျိုးစိတ်များစွာအတွက်အစာကွင်းဆက်နေရာများ၊ ငါးများမိတ် လိုက် ဥချသားပေါက်ရာနေရာများ အဖြစ်အရေးပါသည့် ဧရိယာများဖြစ်ကြသည်။ သို့ဖြစ်ရာ ယာယီ ရေလွှမ်းမိုးသော စိုက်ပျိုးမြေများ ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းကြရမည်ဖြစ်ပြီး၊  သီးနှံ ထုတ် လုပ်ရေးအတွက်လည်းကောင်း၊ အင်းလုပ် ငန်း ရေရှည်တည်တံ့ရေးကိုလည်း ကောင်း၊အင်းငါးတိုးတက် ထုတ်လုပ် ရေးကိုလည်းကောင်း၊ အပြန်အလှန်
အထောက်အကူပြုမည်ဖြစ်သည်။  ရေချိုငါးမျိုးစိတ်များ စွာသည် မိတ် လိုက်ဉချနိုင်ရေးအတွက် မိုးရာသီယာယီရေဝင်ရောက်လွှမ်းမိုးသည့် ရေဝပ်ဧရိယာများ လိုအပ်ပါသည်။ ရေချိုငါးမျိုးစိတ်များ မိတ်လိုက်ဥချ သားပေါက်နိုင်ရေးအတွက် မိုးတွင်းကာလ ယာယီရေလွှမ်းမိုးသောဧရိ ယာများ မရှိမဖြစ်လိုအပ်ကြောင်းကို  "စီးအောက်၊ ဝဲပြန်၊ သဲခံ၊ နေလောင်၊ ပြန်သောင်၊ ရေကျော်၊ စုံခဲ့သော်က တူပျော်ရွှင်နွဲ ငါးရစ်ပွဲ" ဟု ဆရာဦးဘသော်က သူ၏ အင်းအိုင် ရေချို ငါးဖမ်းလုပ်ငန်းစာအုပ်တွင်အတိအ လင်းဖွင့် ဆိုထားကြောင်းတွေ့ရသည်။ သို့ဖြစ်ရာ မြစ်ရေများ အင်းရေများ ယာယီရေ ဝင်ရောက်ရာ စိုက်ပျိုးမြေများ ရေရှည်တည်တံ့ရေးသည်လည်း ငါးများမိတ်လိုက် သား ပေါက်ရေးအတွက် မရှိမဖြစ်လိုအပ်ပြီး အင်းလုပ်ငန်းရေရှည်တည်တံ့ရေး နှင့် အင်းငါးတိုးတက် ထုတ်လုပ်ရေးတို့အတွက် အရေးပါကြောင်းတွေ့ရသည်။  စိုက်ပျိုး မြေများသည် မြန်မာ့ရေချိုငါးများ မိတ်လိုက်၊ ဉချ၊ သားပေါက်ရာနေရာများဖြစ်သဖြင့်  စိုက်ပျိုးရေးလုပ်ငန်း အတွက်သာမက ငါးသယံ ဇာတ ထိန်းသိမ်းရေးအတွက်ပါ အရေးပါသဖြင့် စိုက်ပျိုးမြေများတည်မြဲရေးကို မိတ်ဖက်ဦးစီးဌာနများနှင့် ပူးပေါင်း ကာကွယ်ကြရမည်ဖြစ်သည်။

ပိုးသတ်ဆေးများစနစ်တကျသုံးစွဲကြရန်

သီးနှံအထွက်တိုးရေးအတွက်  ဓာတုပိုးသတ်ဆေးများ မဖြစ်မနေသုံးစွဲကြရာတွင် သုံးစွဲရန်စည်းကမ်း၊ နည်းလမ်းများ၊ သုံးစွဲရမည့် ပမာဏများ မှန်ကန်စေရေးအတွက်စိုက်ပျိုးတောင်သူများသို့ ပညာပေးလုပ်ငန်းများ  ဆောင်ရွက်ရေးသည်လည်း အင်းလုပ်ငန်းရေရှည်တည်တံ့ရေးနှင့် အင်းငါးအတွက်နှုန်းတိုးတက်ရေးအတွက် ဆက်စပ် အရေးပါနေ ကြောင်းကိုတွေ့ရှိရသည်။ ပိုးသတ် ဆေး ထုပ်ပိုးထည့်သွင်းသည့် ပုလင်းခွံ ဘူးခွံများကို စနစ်တကျ စွန့်ပစ်ရန်နှင့် ဆေးကြော သန့်စင်ခြင်း၊ ထိန်း သိမ်းခြင်းလုပ်ငန်းများကိုလည်းစနစ်တကျဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းအတွက်အသုံးပြုသော ပိုးသတ်ဆေးဓာတ်ကြွင်းများသည် အင်းရေပြင်များအတွင်း စီးဝင်ခြင်းများစိမ့်ဝင်ခြင်းများမဖြစ်စေရန်လိုပြီး၊ ရေရှည်တွင် ပိုးသတ် ဆေး ဓာတ်ကြွင်းများ စုပုံလာခြင်းအားဖြင့် ရေသတ္တဝါများနှင့်ရေသတ္တဝါများမှတဆင့် စားသုံး သူ ပြည်သူများသို့ထိခိုက်စေမည်ဖြစ်ပါသည်။ ဓာတ်မြေဩဇာနှင့်ပိုး သတ် ဆေး အလွန်အကျွံသုံးစွဲခြင်းများ သည် ရေသတ္တဝါများနှင့် ယင်းတို့၏ ဥနှင့်သားလောင်းများကို ပျက်စီးစေမည်ဖြစ်ပြီး၊  မျိုးပွား ရေး၊ ရှင်သန်ကြီးထွားရေးနှင့် အင်းငါးထုတ်လုပ်မှု တိုးတက်ရေးတို့ကို ဆက်လက်ထိ ခိုက်ပျက်စီးစေမည် ဖြစ် သည်။

သုတေသနလုပ်ငန်းအရေးပါ

အင်းအိုင်များအတွင်း တိုင်းရင်းငါးမျိုးများရေရှည်တည်တံ့ရေးအတွက် သုတေသနလုပ်ငန်းများ သည်အရေးကြီးသောလုပ်ငန်းဖြစ်ပြီး ရိုးရှင်းသောလုပ်ငန်းစဉ်ဖြစ်၍ ရေလုပ်သားကြီးများကိုယ်တိုင် ဆောင်ရွက်နိုင်သည်ဖြစ်ရာ အောက်ပါ လုပ်ငန်းများကို စနစ်တကျမှတ် တမ်းတင်၍ ကာကွယ်ထိမ်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ လိုအပ်ချက်များကို နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာများမှ အကြံဉာဏ်ရယူနိုင် ကြပါသည်။

(က) အင်းများအတွင်းရှိ ဂေဟစနစ်နှင့် ငါးနေငါးထိုင်တောများကို လေ့ လာ မှတ်တမ်းတင်၍ ကာကွယ်ရန်၊ 

(ခ) ငါးများရွှေ့ပြောင်းသွားလာရာ လမ်းကြောင်း (Migratory Route)နှင့် အချိန်တို့ကို လေ့လာ၍  ကာကွယ်ရန် ၊ 

(ဂ) ငါးများပေါက်ပွားသည့်နေရာ  (Spawning Ground)နှင့် အချိန်တို့ကိုလေ့လာ၍ ငါးရစ်ငါးသန်ကာလကို ကာကွယ်ထိမ်းသိမ်းရန်၊ 

(ဃ) အင်းများ၏ ရေအရည်အသွေးနှင့် ရေထုထည်သည် အင်းငါးများ ရှင်သန်ကြီးထွားရေးအတွက်   အရေးပါသဖြင့်(အပူချိန်၊ရေအနက်၊ရေထုထည်၊ ရေကြည်နှုန်း၊ pH ရေချဉ်ဖန်နှုန်း၊ DO အောက်စီဂျင် ပျော်ဝင်မှု) မှတ်တမ်းတင်ထိမ်းသိမ်းရန်

(င) အင်းငါးများအား မျိုးစိတ်ခွဲခြားခြင်း၊ အရွယ်အစား၊ အလေး ချိန်နှင့် မျိုးပွားအင်္ဂါရင့်မှည့်မှုကို မှတ်တမ်းတင်၍ ရရှိသောအချက် အလက်များဖြင့် အင်းငါးတိုးတက် ထုတ်လုပ်ရေးကိုဆောင်ရွက်ရန်

(စ) မျိုးထိန်းသိမ်းဆောင်ရွက်မည့် တိုင်းရင်းငါးများ၏အရွယ်အစား၊ အလေးချိန်၊ မျိုးပွားအင်္ဂါ ရင့်ကျက်မှုနှင့်ရင့်မှည့်မှုကို မှတ်တမ်းတင်၍ ဆေးထိုးသားဖောက်လုပ်ငန်းများဆောင်ရွက်ရန်

(ဆ) အင်းအတွင်း မွေးမြူထားသည့်မွေးမြူရေးငါးများ၏ အရွယ်အစား၊ အလေးချိန်၊ မျိုးပွားအင်္ဂါရင့်ကျက်မှုရင့်မှည့်မှုကို မှတ်တမ်းတင်၍ အင်းငါးတိုးတက်ထုတ်ရေးကိုဆောင် ရွက်ကြရန်

ငါးဆင်းငါးတက်လမ်း

အင်းများရေရှည်တည်တံ့ရေးအတွက် အင်းများ၏အရည်အသွေး ကောင်းမွန်ရန် လိုအပ်ပြီး၊ အင်းရေဝင်ရောက်မှုလွယ်ကူခြင်းသည် အရေးကြီးသောအချက်ဖြစ်သည်။ မြစ်ချောင်းများမှ အင်း အတွင်းသို့ ရေဝင်ရောက်မှုလွယ်ကူစေရေးအတွက် လမ်း၊ တံတားများတည် ဆောက်ရာတွင် ငါးများ ရွေ့လျားရာ ရေလမ်းကြောင်းများ ကောင်းမွန်ရန်၊ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ဆည် တာတမံများ တည်ဆောက်ရာတွင်လည်း ငါးဆင်းငါးတက်လမ်းများ ထည့်သွင်းတည်ဆောက်ရန်၊ စက်ရုံအလုပ်ရုံများတည်ဆောက်ရာ တွင် စွန့်ပစ်ရေများကို သန့်စင်၍ စနစ်တကျ စွန့်ပစ်ရန်လိုအပ်မည်ဖြစ်ပါသည်။ စိုက်ပျိုးမြေများသည် ရေချိုငါးများမိတ်လိုက်၊ ဥချသား ပေါက်ရာနေရာများဖြစ်သဖြင့်  စိုက် ပျိုးရေးလုပ်ငန်းအတွက်သာမက        ငါးသယံဇာတထိန်းသိမ်းရေးအတွက်အရေးပါသဖြင့် စိုက်ပျိုးမြေများရေရှည်တည်မြဲရေးကို မိတ်ဖက်ဦးစီးဌာနများနှင့် ပူးပေါင်း ကာကွယ်ကြရမည်ဖြစ်သည်။

အင်းငါးထုတ်လုပ်မှုတိုးတက်ရေး 

အင်းငါးတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် (Capture Base Culture Fishery) အင်းငါး များကို အကုန်အစင်ဖမ်းဆီးခြင်းမပြုဘဲနောင်နှစ်များအတွက်မျိုးချန်လှပ်၍ ဖမ်းဆီးထုတ်လုပ်မွေးမြူသည့်စနစ် နှင့်(Culture Base Capture Fishery) အင်း၏ သဘာဝနှင့်ကိုက်ညီသည့်မွေးမြူရေးငါးများ ထည့် သွင်း မွေးမြူထုတ်လုပ်သည့်စနစ်တို့ကို ဆောင်ရွက်ရန်လိုအပ်မည်ဖြစ် သည်။ အဆိုပါစနစ်ကို ၁၉၈၀-၁၉၈၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၊ ၁၉၈၈-ခုနှစ်နောက်ပိုင်းတွင် သိသိသာသာ ဖွံ့ဖြိုးလာသော စနစ်ဖြစ်ပါသည်။ နိုင်ငံတကာတွင် (Capture Base Culture Fishery) နှင့် (Culture Base Capture Fishery)စသည်တို့ကို ဆောင်ရွက်ခြင်းမရှိစဉ်ကပင် မြန်မာနိုင်ငံအနေ ဖြင့်ရေချိုငါးလုပ်ငန်းဖွံ့ဖြိုးရေး အတွက် ငါးလုပ်ငန်းဦးစီးဌာနမှဦး ဆောင်၍ အကောင်အထည်ဖော်နိုင်ခဲ့သောလုပ်ငန်းဖြစ်ပါသည်။  ဂရန် အင်းများ ရောင်းချရငွေ၏ ငါးရာခိုင်နှုန်းနှင့်ညီမျှသော ငါးသားပေါက်များကို အင်းရေပြင်အတွင်း မျိုးစိုက် ထည့်သွင်းမွေးမြူလျက်ရှိပါသည်။

အင်းရေပြင်များတွင် ထည့်သွင်းမွေးမြူသည့် ငါးအမျိုးအစားများမှာ ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်း၊ ငွေရောင်ငါးကြင်း၊ ငါးအုံတုံ၊ မြက်စားငါးကြင်း၊ တီလားပီးယား ငါးမျိုးများဖြစ်ပြီး  အင်း၏ သဘာဝပထဝီ အနေအထား၊ ငါးနေငါးထိုင်တောဖြစ်တည်မှု၊ သဘာဝဩဇာဓာတ်ကြွယ်ဝမှု၊ ရေ ပြင်ဧရိယာအကျယ်အဝန်း၊ ရေအ တိမ်အနက်စသည့်အင်းများ၏ သဘာဝအခြေအနေများနှင့်ကိုက်ညီသည့်ငါးအမျိုးအစားများကို ရွေး ချယ် ထည့်သွင်းမွေးမြူမှသာလျှင် အင်းငါး အထွက်တိုးမည်ဖြစ်သည်။ လိုအပ်သော ငါး အမျိုးအစားများကို ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးရှိ ငါးလုပ်ငန်းစခန်းများမှ ဝယ်ယူနိုင်မည်ဖြစ်ပြီး လိုအပ်သောအကြံဉာဏ် များကိုလည်း တောင်းခံရယူနိုင်ပါ သည်။

စိုက်ပျိုးရေးလုပ်ငန်းတွင် စီမံကိန်းဝင်သီးနှံများပန်းတိုင်အထွက်နှုန်းရရှိ စေရေးအတွက်  မျိုး၊မြေ၊ ရေ၊ နည်းစသည့် အထွက်တိုးရေးအတွက် စံနှုန်းများရှိသကဲ့ အင်းလုပ်ငန်းတွင်လည်း စံနှုန်းများ ရှိနေပါသည်။ အင်းလုပ် ငန်းရှင်(အင်းသူကြီး၊အင်းဂရန်ကိုင်)သည် အင်းများ၏ မြစ်ရေ ဝင်ရောက်မှုအနေအထားနှင့် အင်း၏ သဘော သဘာဝများကို တတ်ကျွမ်းနားလည် မှုရှိရန်၊ ထည့်သွင်းမွေးမြူသင့်သည့် ငါးအမျိုးအစားကို သိရှိရန်၊ အင်းရေပြင်တွင် ငါးသားပေါက်များကို ပြု စုတတ်ကျွမ်းရန်၊ငါးသားပေါက်ထည့်သွင်း မွေးမြူရမည့်အချိန်နှင့် နည်းစနစ်များကိုသိရှိရန် စသည့်အချက်အလက်များကို နားလည်တတ်ကျွမ်းမှသာ အင်းငါးအထွက်နှုန်း တိုးတက်မည်ဖြစ်သည်။ ငါးသားပေါက်ထည့်သွင်းချိန် နောက် ကျမည် ဆိုပါက သဘာဝငါးများက ထည့်သွင်းသည့် ငါးသားပေါက်များကို စားသုံးမည်ဖြစ်၍ အကျိုးရှိမည် မဟုတ်ပေ၊သဘာဝအစားအစာအပြင်ဖြည့်စွက်အစားအစာကို ကျွေး မွေးရန်လိုအပ်မည်ဖြစ်ပြီး၊ အစာ ကျွေးမွေးမြူခြင်းအားဖြင့် ငါးများရှင်သန်ကြီးထွားရေး အတွက်သာမက မိမိထည့်သွင်း မွေးမြူထား သည့် ငါးများ ရွေ့ပြောင်းသွားခြင်းမရှိစေရန် ဆွဲဆောင်လေ့ကျင့်နိုင်ရမည် ဖြစ်သည်။ ထို့အပြင် တရား မဝင်ငါးဖမ်းဆီးမှုများဖြစ်သည့် အဆိပ် ချဖမ်းဆီးခြင်း၊ လျှပ်စစ်ရှော့တိုက်ငါးဖမ်းနည်းများကို ကာကွယ် ကြရပါမည်။

ဆွေးနွေးပွဲတွင် "အင်းလုပ်ငန်းရေရှည် တည်တံ့ရေးနှင့် အင်းငါးထုတ်လုပ်မှု တိုးတက်ရေး"  သာမက စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍနှစ်ရပ်လုံး  ဖွံဖြိုးတိုးတက်ရေးနှင့်ရေ ရှည်တည်တံ့ရေးအတွက် မျှော်မှန်းထားကြောင်းတွေ့ရှိရပါသည်။ မျှော်မှန်းချက် နှင့် အညီ "လက်ရှိနေ ပြည်သူများအတွက် စားရေရိက္ခာဖူလုံစေရေးအတွက်သာမက စိုက် ပျိုးမြေများ၊ ငါးလုပ်ငန်းရေပြင်များရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်းဖြင့် နောင်အနာဂတ် မျိုးဆက်များအတွက် စားရေရိက္ခာဖူလုံစွာရရှိစေရေး၊ ပြည်ပသွင်းကုန်လျော့ချ၍ ပြည်ပပို့ကုန်တိုးမြင့် တင်ပို့နိုင်ရေး" တို့ကို ဆောင်ရွက်နိုင်ပါစေကြောင်းဆန္ဒပြုလျက် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပလျက်ရှိသည့် လယ်ယာကဏ္ဍဆိုင်ရာဆွေးနွေးအဖြေရှာဗုဒ္ဓဟူးနေ့စကားဝိုင်းအား ဂုဏ်ပြုရေးသားလိုက်ရပါသည်။            

ကိုရွှေမန်း(မန္တလေး)